ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှု ဌာနစု(လှည်းကူး)ရှိ ဓာတ်ခွဲခန်း အလိုက် ဧပြီလအတွင်း ဓာတ်ခွဲစမ်းသပ်ဆောင်ရွက်ခဲ့မှု အခြေအနေ

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲ၊ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစု (လှည်းကူး) ၏ ဓာတ်ခွဲခန်းများမှ ၂၀၂၃ ခုနှစ်၊ ဧပြီလအတွင်း လုပ်ငန်းရှင်ပေါင်း(၃၁)ဦးက အပ်နှံလာသော သီးနှံအမျိုးအစား(၁၀)မျိုး၊ စုစုပေါင်းနမူနာအရေအတွက် (၁၁၃) ခု၊ ဓာတ်ခွဲစမ်းသပ်မှုပေါင်း (၂၇၉) ခုကို ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းများ ဆောင်ရွက်နိုင်ခဲ့ပါသည်။

      ၂၀၂၃ ခုနှစ်၊ ဧပြီလအတွင်း လယ်ယာထွက်ကုန်ပို့ကုန်များအား ဂျပန်၊ အင်ဒိုနီးရှား နှင့် နယ်သာလန်နိုင်ငံများသို့ တင်ပို့နိုင်ရေးအတွက် နှမ်းနက်(သိပ္ပံ)၊ မတ်ပဲ၊ ပဲတီစိမ်း၊ ထောပတ်ပဲ၊ ပဲလွန်း၊ ပဲယင်း၊ ဆန်ဖြူ၊ ဆန်ကွဲနှင့် တိရစ္ဆာန်အစာတို့၏ ရူပနှင့် ဓာတု အရည်အသွေး၊ ပိုးသတ် ဆေးကြွင်းပါရှိမှု၊ မှိုဆိပ်ပါရှိမှုစသည့် ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းကိုလည်းကောင်း၊ ပြည်ပနိုင်ငံများမှ တင်သွင်းလာသည့် စားအုန်းဆီများ၏ အရည်အသွေးများကိုလည်းကောင်း ဓာတ်ခွဲစမ်းသပ်ခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။

 ဓာတ်ခွဲခန်းအလိုက် ဓာတ်ခွဲစမ်းသပ်မှုအနေဖြင့် ပိုးသတ်ဆေးကြွင်းဆိုင်ရာ ဓာတ်ခွဲခန်းမှ ဓာတ်ခွဲစမ်းသပ်မှု (၇၀)ခု၊  မှိုဆိပ်ဓာတ်ခွဲခန်းမှ ဓာတ်ခွဲစမ်းသပ်မှု (၆) ခု၊ ဆီနှင့်ဆီထွက် သီးနှံဓာတ်ခွဲခန်းမှ ဓာတ်ခွဲစမ်းသပ်မှု (၁၈၆)ခုနှင့် သီးနှံ(ဓာတု) ဓာတ်ခွဲခန်းမှဓာတ်ခွဲစမ်းသပ်မှု(၁၅)ခု၊ သီးနှံ(ရူပ) ဓာတ်ခွဲခန်းမှ (၂)ခု၊ စုစုပေါင်း ဓာတ်ခွဲစမ်းသပ်မှု (၂၇၉) ခု ဆောင်ရွက်နိုင်ခဲ့ပါသည်။

DOCA(ITQM)