ကျွန်းလှမြို့” Mo “သောက်ရေသန့်စက်ရုံ လုပ်ငန်းရှင်နှင့်စက်ရုံရှိအလုပ်သမားများအား တွေ့ဆုံ၍ စားသုံးသူအကာအကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပ

Powered by Drupal

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင်အနေဖြင့် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှု ရှိစေရေးတို့အတွက် ထုတ်ကုန်များ ထုတ်လုပ်သည့် လုပ်ငန်းရှင်များနှင့် စက်ရုံးအတွင်းရှိ အလုပ်သမားများအား (၄.၅.၂၀၂၃)ရက်နေ့ နံနက် (၁၀:၃၀)နာရီ အချိန်တွင်  ကျွန်းလှမြို့ပေါ်ရှိ ”MO “သောက်ရေသန့်စက်ရုံသို့ စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်လှမြို့နယ်တာဝန်ခံ (အကြီးတန်းစာရေး) ဒေါ်ဝေဝေအောင်သည် လုပ်ငန်းရှင်နှင့် စက်ရုံရှိ အလုပ်သမားများအား တွေ့ဆုံ၍ စားသုံးသူအကာအကွယ်ရေး အသိပညာ ပေးဟောပြောပွဲ ကျင်းပခဲ့ပါသည်။

          အဆိုပါ “MO” သောက်ရေသန့် လုပ်ငန်းရှင်အား စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များနှင့် လိုက်နာရမည့်အချက်များကို အသိပညာပေးဆွေးနွေးကာ ဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖေါ်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီ ပြည့်စုံစွာ ထည့်သွင်းဖော်ပြ၍  ထုတ်လုပ်ဖြန့်ဖြူးသည့် ကုန်ပစ္စည်းများကိုသာ ရောင်းချရန် ၊ ကုန်စည် ထုတ်လုပ်သည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသားနှင့် ပတ်သက်၍ ဌာန၏ အတည်ပြု ချက် ရယူနိုင်ရေးဆောင်ရွက်ကြရန် နှင့်  အလုပ်သမားများအား စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏ အဓိပ္ပါယ် ဖွင့်ဆိုချက် စားသုံးသူအခွင့်အရေး(၈)ချက် ၊ စားသုံးသူများ လိုက်နာဆောင်ရွက်ရမည့် အချက်များ နှင့် စားသုံးသူနစ်နာဆုံးရှုံးမှုရှိလျင် တိုင်ကြားနိုင်ပါကြောင်း ၊ တိုင်ကြားနိုင်သည့် နေရာများဖြစ်သည့် Facebook Page၊ DOCA Myanmar Page တွင်လည်းကောင်း ၊ မိမိတို့ဌာနခရိုင်ဦးစီးမှူးရုံး စားသုံးသူ သတင်းပြန်ကြားရေးနှင့် စားသုံးသူ တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ(CICC) တွင်လည်းကောင်း ၊ မိမိတို့ဌာန Website  ဖြစ်တဲ့ www.doca.gov.mm တွင်လည်းကောင်း ၊ MPT ; mytel ;  Telenor ;  Oredoo  ; SIM Card User များအားလုံး Call Center (1535) တို့တွင်လည်းကောင်း တိုင်ကြားနိုင်ပါကြောင်း နှင့် သိလိုသည်များကို စုံစမ်းမေးမြန်းနိုင်သည့် အကြောင်းများကို စက်ရုံပိုင်ရှင်နှင့် စက်ရုံအလုပ်သမား (၈)ဦးတို့အား အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

DOCA(စစ်ကိုင်း)