စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်း တရားမဝင်တင်သွင်းလာသည့် ကုန်စည်များအား လက်လီ၊ လက်ကားအရောင်းဆိုင်၊ Shopping Mall များမှတဆင့် ဈေးကွက်အတွင်း ဖြန့်ချိခြင်း၊ လက်လီရောင်းချခြင်းများမပြုလုပ်စေရေး အသိပညာပေးခြင်း၊ စစ်ဆေးခြင်းလုပ်ငန်းများကို (၅.၅.၂၀၂၃)ရက်နေ့၊ နံနက်(၉:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြား ရေးမှူးနှင့် ဝန်ထမ်းများသည် မိတ်ဖက်ဌာနများဖြစ်သည့် တိုင်းဒေသကြီး အကောက်ခွန် ဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့နှင့် FDA တို့မှ တာဝန်ရှိသူများပါဝင်သောအဖွဲ့နှင့် မုံရွာမြို့၊ မုံရွာ တောင်ရပ်ကွက်ရှိ Ocean Center သို့သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် Ocean Center တာဝန်ခံအနေဖြင့် ပြည်ပမှတင်သွင်းလာသော ကုန်ပစ္စည်းများမှာယူရာတွင် ကုန်သွယ်ရေးဦးစီးဌာနမှ ကုန်ပစ္စည်းအမျိုးအမည်အလိုက် ခွင့်ပြုထားသော သွင်းကုန်လိုင်စင် ခွင့်ပြုမိန့်ရရှိမှသာ ဝယ်ယူသင့်ကြောင်း၊ အကောက်ခွန်ဦးစီးဌာနတွင် အခွန်ဆောင်ထားသောအထောက်အထားများ လိုအပ်ကြောင်း၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုမရှိသော ကုန်ပစ္စည်းများနှင့် တရားမဝင်ကုန်ပစ္စည်းများ တင်သွင်းရောင်းချမှု မရှိစေရေး တို့ကို စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးက အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်ပစ္စည်းသိုလှောင်ရုံများအတွင်း စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
DOCA(စစ်ကိုင်း)