တာပါတ်အနောက် ကျေးရွာ ပြည်သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေး

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် (၅.၅.၂၀၂၃) ရက်နေ့၊ (၁၀:၀၀) နာရီအချိန်တွင် မအူပင်မြို့ တာပါတ် အနောက်ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းရှိ ပြည်သူ (၈၁) ဦးအား ဌာနဆိုင်ရာများနှင့်အတူ ပြည်သူအသိပညာပေး ကွင်းဆင်း၍ ဟောပြောခဲ့ကြပါသည်။

   အဆိုပါ အသိပညာပေးဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) ပါအခန်း(၁၈) ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်အလက်များ ပြည့်စုံစွာပါရှိစေရေးအကြောင်းနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းအကြောင်း၊ စားသုံးသူ၏အဓိပ္ပာယ်နှင့် စားသုံးသူအခွင့်အရေး ဦးစားပေးသိရှိဖို့နှင့် အခွင့်အရေးကို သိရှိပါကလည်း တာဝန်များကို လိုက်နာရမည့် အကြောင်းအရင်းများ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၁၊ ၁၂၊ ၁၃၊ ၁၄) ပါ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့်ပတ်သက်သည့် အချက်အလက်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံပေးမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေးများ၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက်ပေး ခြင်းနှင့် ပတ်သက်သည့် အချက်အလက်များ၊ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံပေးမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးများအကြောင်းကို ရှင်းလင်းဆွေးနွေးဟောပြောခဲ့ကြကြောင်း တာပါတ်အနောက်ကျေးရွာမှ ပြည်သူများကလည်း သိရှိလိုသည်များကို မေးမြန်းခဲ့သည်ကို အပြန်အလှန် ရှင်းလင်းဟောပြောခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)