ရှမ်းပြည်နယ်(တောင်ပိုင်း) ရွှေညောင်မြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များနှင့် တောင်နီကျေးရွာရှိ သီးနှံမျိုးစေ့၊ စိုက်ပျိုးရေးသုံးပစ္စည်းနှင့် ဓာတ်မြေဩဇာဆိုင်များ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

          ၂၀၂၃ ခုနှစ်၊ မေလ ၈ ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) စားသုံးသူရေးရာဦးစီးဌာန၊ တောင်ကြီးခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့် ဝန်ထမ်းများသည် ရွှေညောင်မြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များနှင့် တောင်နီကျေးရွာရှိ သီးနှံမျိုးစေ့၊ စိုက်ပျိုးရေး သုံးပစ္စည်းနှင့် ဓာတ်မြေဩဇာဆိုင်များသို့  စက်သုံးဆီရောင်းချမှုအခြေအနေ၊ စက်သုံးဆီအချိန် အတွယ်မှန်ကန်မှု ရှိ/ မရှိ၊ စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီ က အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်လျက်ရှိသော သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချခြင်း ရှိ/ မရှိနှင့် သီးနှံမျိုးစေ့၊ စိုက်ပျိုးရေးသုံးပစ္စည်းနှင့် ဓာတ်မြေဩဇာကို မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်မှု ရှိ/ မရှိတို့ကို   ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီက (၈.၅.၂၀၂၃) ရက်နေ့အတွက် သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြစ်သည့် (92-1965, 95-2055, HSD-1920, PD-2000) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်းနှင့် စက်သုံးဆီများရောင်းချရာတွင် အချိန် အတွယ်မှန်ကန်မှု ရှိ/ မရှိ စစ်ဆေးရာတွင် မှန်ကန်ကြောင်း စစ်ဆေးတွေ့ရှိပါသည်။ ထိုနေ့တွင် တောင်နီကျေးရွာဒေသ၌ သီးနှံမျိုးစေ့၊ စိုက်ပျိုးရေးသုံးပစ္စည်းနှင့် ဓာတ်မြေဩဇာဆိုင်များကို ကွင်းဆင်းစစ်ဆေးရာတွင် မြန်မာဘာသာဖြင့် ရေးသားဖော်ပြခြင်းမရှိသော သီးနှံမျိုးစေ့၊ စိုက်ပျိုးရေးသုံးပစ္စည်းနှင့် ဓာတ်မြေဩဇာများကို ရောင်းချခြင်းမရှိကြောင်းနှင့် မြန်မာဘာသာဖြင့် ဖော်ပြထားသည့် သီးနှံမျိုးစေ့၊ စိုက်ပျိုးရေးသုံးပစ္စည်းနှင့် ဓာတ်မြေဩဇာများကိုသာ ရောင်းချကြောင်း စစ်ဆေးတွေ့ရှိ ရပါသည်။

          ဆက်လက်၍ စစ်ဆေးရေးမှူးနှင့်တာဝန်ရှိသူများသည် မြန်မာဘာသာဖြင့် ဖော်ပြထားခြင်းမရှိသောသီးနှံမျိုးစေ့၊ စိုက်ပျိုးရေးသုံးပစ္စည်းနှင့် ဓာတ်မြေဩဇာများကို ဈေးကွက်အတွင်း ရောင်းချခြင်းမပြုရန်ဖြစ်ကြောင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈) ပါအရ ကုန်အညွှန်းအမှတ်အသားနှင့် ပတ်သက်၍ စီးပွားရေး လုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရန်ဖြစ်ကြောင်းနှင့် ရောင်းချမှုစစ်ဆေးတွေ့ရှိပါက စားသုံးသူကာကွယ်ရေး ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ကြောင်း ဆိုင်ရှင်အား အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရှမ်း)