စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့်ခရိုင်ဦးစီးမှူး တို့၏လမ်းညွှန်မှုဖြင့် သရက်ခရိုင်၊ သရက်မြို့ မြို့မစည်ပင်ဈေးအတွင်း ရောင်းချဖြန့်ဖြူးလျက် ရှိသောကုန်စည်များအား ဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေးအတွက် (၅-၅-၂၀၂၃) ရက်နေ့၊ နံနက် (၀၉:၃၀)နာရီအချိန်တွင် ဒုခရိုင်ဦးစီးမှူး ဦးအုန်းမြင့်(သရက်မြို့နယ်တာဝန်ခံ) နှင့်ဝန်ထမ်းများသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့နှင့်ပူးပေါင်း၍ စားသုံးရန်/ သုံးစွဲရန်မသင့်သော အစားအသောက်၊ လူသုံးကုန်ပစ္စည်းများ ဈေးကွက်အတွင်းရောင်းချမှု ရှိ/မရှိနှင့် ဌာန၏ ကုန်အညွှန်းအမှတ်အသားဖော်ပြချက် ပြည့်စုံမှု ရှိ/မရှိတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့စစ်ဆေးရာတွင် ဒုခရိုင်ဦးစီးမှူး ဦးအုန်းမြင့်က စားသုံးရန်/ သုံးစွဲရန်မသင့်သော အစားအသောက်၊ လူသုံးကုန်ပစ္စည်းများအား ဈေးကွက်အတွင်းရောင်းချမှုမရှိစေရေး ကုန်စုံဆိုင်ပိုင်ရှင်များအားပြောကြားပြီး စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) အခန်း(၁၈) ပုဒ်မ(၄၁) အရ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားသည့်ကုန်စည်များသာရောင်းချကြရန်၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက် အမှတ်(၂/၂၀၁၉)နှင့် အညီ ပြည့်စုံစွာရေးသားဖော်ပြကြရန်နှင့် မြန်မာဘာသာဖြင့်ဖော်ပြရမည့်အချက်များအား မဖြစ်မနေထည့်သွင်း ဖော်ပြ ရမည်ဖြစ်ပြီး ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့် ရက်စွဲများကို ထည့်သွင်းဖော်ပြရန် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းမရှိသော ကုန်ပစ္စည်းများကို ရောင်းချနေကြောင်း စစ်ဆေးတွေ့ရှိပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူဆောင်ရွက် သွားမည်ဖြစ်ပါကြောင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်းကို အသေးစိတ်ရှင်းလင်း အသိပညာပေး ပြောကြားခဲ့ပြီး စားသုံးသူအသိပညာပေး ဥပဒေလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါကြောင်းသတင်းရရှိပါသည်။
DOCA(မကွေး)