ရော်ဘာ သီးနှံဆိုင်ရာ အပတ်စဉ် ဈေးကွက်၊ ဈေးနှုန်း သုံးသပ်တင်ပြချက်

Powered by Drupal

စိုက်ပျိုးထွက်ရှိမှုအခြေအနေ

        စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနစာရင်းများအရ ရာဘာစိုက်ပျိုးအနေဖြင့် မွန်ပြည်နယ်၊ ကရင်ပြည်နယ် နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် ရော်ဘာစိုက်ဧက အများဆုံးဖြစ်ပြီး မွန်ပြည်နယ်မှာ ပထမအများဆုံး၊ ကရင်ပြည်နယ်မှာ ဒုတိယနှင့် တနင်္သာရီတိုင်းဒေသကြီးသည် တတိယအများဆုံး စိုက်ပျိုးထုတ်လုပ်လျှက်ရှိပါသည်။

ဈေးနှုန်း ဈေးကွက်အခြေအနေ

လက်ရှိအချိန်၌ ပြည်တွင်းတွင် ရော်ဘာကို RSS-3 နှင့် RSS-5 ဟူ၍ အမျိုးအစား(၂) မျိုးကိုအရောင်းအဝယ်ပြုလုပ်နေပြီး အမျိုး အစားအလိုက်၊ လအလိုက်ဖြစ်ပေါ်ခဲ့သည့် ဈေးနှုန်းများကို အောက်ပါအတိုင်း ဖြစ်ပါသည် -        

ပြည်ပတင်ပို့နိုင်မှုအခြေအနေ

ရာဘာတင်ပို့မှု အနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ဒီဇင်ဘာလ (၂၅)ရက်နေ့ထိ တင်ပို့မှုနှင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ဒီဇင်ဘာလ(၂၅)ရက်နေ့ထိ တင်ပို့မှု တို့ကို နှိုင်းယှဉ်ကြည့်ပါက ယခုဘဏ္ဍာနှစ်တွင် ပိုမို တင်ပို့နိုင် ခဲ့ကြောင်း သိရှိရပါသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ရာဘာတန်ချိန် (၂၁၃၄၁၃)တန် တင်ပိုနိုင်ခဲ့ပြီး နိုင်ငံအလိုက် ရာဘာ ပြည်ပတင်ပို့နိုင်မှု အခြေအနေမှာ အောက်ပါဇယား အတိုင်းဖြစ်ပါသည် -

သုံးသပ်ချက်

            မြန်မာနိုင်ငံ၌ မိရိုးဖလာသမရိုးကျ ရာဘာအစေးခြစ်ခြင်း၊ ထုတ်လုပ်ခြင်းများကြောင့် တစ်နိုင်တစ်ပိုင် ထုတ်လုပ်သူများ၏ ရာဘာထုတ်ကုန်များ အရည်အသွေးမမီ၍ ဈေးကောင်းမရခြင်း၊ အရည်းအသွေးပိုင်းတွင် တသမတ်တည်း တည်ငြိမ်မှုရှိအောင် ထုတ်လုပ်နိုင်ပါက နိုင်ငံတကာဈေးကွက်တွင် ဈေးကောင်း(Premium  Price) ရရှိမည်ဖြစ်ပြီး မည်သည့်ဈေးကွက်ကိုမဆို ချိတ်ဆက်တင်ပို့နိုင်မည်ဖြစ်ပါသည်။

ပြည်တွင်းရှိ ရာဘာစိုက်ပျိုးထုတ်လုပ်သူများ( Small Holders)စုပေါင်း၍ Group Processing စနစ်ဖြင့် အရည်းအသွေးပိုင်းကို ထိန်းညှိနိုင်ပါက ဈေးနှုန်း၊ ဈေးကွက်ပိုမိုခိုင်မာ လာမည်ဖြစ်ပါကြောင်း သုံးသပ်တင်ပြအပ်ပါသည်။