ထုံးအိုင်စံပြကျေးရွာ၊ အမှတ်(၆) ရပ်ကွက် ကမ်းနားလမ်းတွင် ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးမျိုးဝင်းနိုင်နှင့်ဝန်ထမ်းများသည် (၁၂-၅-၂၀၂၃) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် ထုံးအိုင်စံပြကျေးရွာ၊ အမှတ်(၆)ရပ်ကွက် ကမ်းနားလမ်းတွင် လက်လီ၊ လက်ကားဖြန့်ဖြူး ရောင်းချနေသော ရပ်ကွက်လက်လီဆိုင်သို့ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် ပတ်သက်၍ စားသုံးသူကာကွယ် ရေးဥပဒေ ၂၀၁၉ ပါ ပြဋ္ဌာန်းချက်များနှင့် ကိုက်ညီမှု ရှိ / မရှိ တို့အား ‌ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

  ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် asia အမှတ်တံဆိပ် သောက်ရေသန့်ဘူးများတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်ပတ်သက်၍ ပြည့်စုံမှုရှိကြောင်း စစ်ဆေးတွေ့ရှိရ၍ လက်လီ/ လက်ကား ရောင်းချနေသော ကုန်စုံဆိုင်လုပ်ငန်းရှင်များအား ဈေးကွက်တွင် ကုန်အညွှန်းအမှတ်အသား ကိုက်ညီမှုရှိသော ကုန်စည်များကိုသာဖြန့်ဖြူးရောင်းချကြစေရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေး၊ လုံခြုံစိတ်ချရမှုမရှိသော ကုန်စည်များ ဈေးကွက်အတွင်းမှပပျောက်စေရေးစသည့် ရည်ရွယ်ချက်များဖြင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနက စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

DOCA(ကရင်)