Consumer Call Center ဝန်ဆောင်မှု‌ပေးခြင်းဆိုင်ရာ နည်းလမ်းများ သင်တန်းအမှတ်စဉ် (၁/၂၀၂၃) ဖွင့်လှစ်ပို့ချ

Powered by Drupal

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲအနေဖြင့် Consumer Call Center ဝန်ဆောင်မှုပေးခြင်းဆိုင်ရာနည်းလမ်းများ သင်တန်းအမှတ်စဉ် (၁/၂၀၂၃) အား  Atom Myanmar Limited  ၏ ကူညီမှုဖြင့် ၁၇-၅-၂၀၂၃ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်မှ (၁၂း၀၀) နာရီအချိန်အထိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူ‌ရေးရာဦးစီးဌာန၊ ရုံးအမှတ် (၅၂) အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့ပါသည်။

     အဆိုပါ သင်တန်းသို့ စားသုံးသူရေးရာဦးစီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲမှ ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူး၊ စားသုံးသူရေးရာဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ သင်တန်းအား Atom Myanmar Limited မှ Atom Myanmar Limited Call Center ၏  Senior Head Manager ဖြစ်သော ဦးမျိုးမင်းသူနှင့် Front Office Operation ၏ Business Contact Center Manager ဖြစ်သော ဒေါ်ခင်ဂျူးဂျူးဇင်တို့က သင်တန်းနည်းပြများအဖြစ် Call Center နှင့်စပ်လျဉ်းသော အသိဗဟုသုတများအား မျှဝေပို့ချပေးခဲ့ပြီး ရုံးချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်တို့မှ သင်တန်းသား အရာထမ်း(၂၀)ဦး၊ အမှုထမ်း (၃၃)ဦး၊ စုစုပေါင်း (၅၅)ဦးတို့ တက်ရောက်ခဲ့ကြသည်။

      သင်တန်း၌ စားသုံးသူရေးရာဦးစီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့်အရည်အသွေး စီမံခန့်ခွဲရေးဌာနခွဲမှ ညွှန်ကြားရေးမှူးက အဖွင့်အမှာစကားပြောကြားရာတွင်  Consumer Call Center ၏ ဖွင့်လှစ်တည်ထောင်ထားရှိမှုအခြေအနေ၊ Consumer Call Center ၏ လတ်တလော အခြေအနေနှင့် Atom Myanmar Limited နှင့် ချိတ်ဆက်ဆောင်ရွက်ခဲ့မှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပါသည်။

      သင်တန်း၏ ပထမအပိုင်းအနေဖြင့် Atom Myanmar Limited Call Center ၏  Senior Head Manager ဖြစ်သော ဦးမျိုးမင်းသူက Atom Myanmar Limited ၏ Call Center ဖွဲ့စည်းထားရှိမှုအခြေအနေ၊ Customer များ၏ ဆက်သွယ်မှုများအရ စုံစမ်းမေးမြန်းမှုကိစ္စများ (Query)နှင့် တိုင်ကြားမှုကိစ္စများ(Complaint)အပေါ် ဖြေရှင်းဆောင်ရွက်မှုအခြေအနေ၊စားသုံးသူ၏ ဆက်သွယ်မှုများအပေါ် စာနာနားလည်ပြီး နားထောင်ပေးခြင်း၊မေးခွန်းများမေးမြန်းခြင်းကဲ့သို့သော နည်းလမ်းများကို ဆွေးနွေးပါသည်။

    ဒုတိယအပိုင်းအနေဖြင့် Front Office Operation ၏ Business Contact Center Manager ဖြစ်သော ဒေါ်ခင်ဂျူးဂျူးဇင်က  Customer   Care ၊  Customer Trust၊ Stress Management (စိတ်ရှည်လက်ရှည်နားထောင်ဖြေဆိုနိုင်မှု) စသည့်ကိစ္စရပ်များ၊ Inbound Call နှင့် Outbound Call ကိစ္စရပ်များ၊ Call Center တာဝန်ယူမည့်  Agent များအား သင်တန်းပေးနိုင်ရေး ကိစ္စရပ်များ၊ Call Center အား လူသိများအောင် ဆောင်ရွက်မှုကိစ္စရပ်များကို ပို့ချဆွေးနွေးပြီးနောက် တက်ရောက်လာကြသည့် သင်တန်းသားများက သိရှိလိုသည့်အချက်များကို အပြန်အလှန် မေးမြန်းဆွေးနွေးကြပါသည်။

   ထို့နောက် စားသုံးသူရေးရာဦးစီးဌာန စားသုံးသူရေးရာဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူးက ကျေးဇူးတင်စကားပြောကြပြီးနောက် Consumer Call Center ဝန်ဆောင်မှုပေးခြင်းဆိုင်ရာနည်းလမ်းများ သင်တန်းအမှတ်စဉ် (၁/၂၀၂၃)ကို နေ့လယ် (၁၂း၀၀)နာရီအချိန်တွင် ပို့ချဆွေးနွေးမှု ပြီးဆုံးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ITQM)