ရေတာရှည်မြို့နယ်တွင် ဆန်စက်လုပ်ငန်းရှင်များနှင့်တွေ့ဆုံ

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေး နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ယွန်းပန်းအိမ်တို့သည် ၈.၅.၂၀၂၃ ရက်နေ့၊ နံနက်ပိုင်းက ရေတာရှည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ရေတာရှည်မြို့နယ်မှ ဆန်စက်လုပ်ငန်းရှင် ၄ ဦးနှင့်တွေ့ဆုံပြီး လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ဆွေးနွေးပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များနှင့် သက်ဆိုင်သည့် ပြဌာန်းချက်များကို ရှင်းလင်းပြောကြားပါသည်။

    တွေ့ဆုံပွဲတွင် မြို့နယ်တာဝန်ခံက စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ကုန်စည်/ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းများ၊ ကုန်စည်/ ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍ အာမခံချက်ပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးများကို ရှင်းလင်းဆွေးနွေးပြီး လုပ်ငန်းရှင်များက သိရှိလိုသည်များကိုမေးမြန်းခဲ့ရာ ပြန်လည်ရှင်းလင်းဖြေကြားဆွေးနွေးပါသည်။

     ဆက်လက်၍ မြို့နယ်တာဝန်ခံက နိုင်ငံတော်အနေဖြင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း (MSMEs)ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျှက်ရှိသည့် အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ကြောင်းနှင့် တွေ့ဆုံဆွေးနွေးပွဲသို့ ရွှေကမ္ဘာဆန်စက်၊ အောင်စိုးမိုးဆန်စက်၊ အောင်ဆန္ဒဆန်စက်နှင့် ပြည့်ဖြိုးဟိန်းဆန်စက်တို့မှ ဆန်စက်ပိုင်ရှင်များတက်ရောက်ကြောင်း သိရပါသည်။

DOCA(ပဲခူး)