တောင်ငူမြို့ပေါ်ရှိ အခြေခံလူတန်းစားများသို့ သက်သာသောနှုန်းထားဖြင့် ဆန်များရောင်းချပေး

Powered by Drupal

     တောင်ငူမြို့နယ် စီမံအုပ်ချုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် အခြေခံလူတန်းစားများ ဆန်များကို သက်သာသောနှုန်းထားဖြင့် ဝယ်ယူစားသုံးနိုင်ရန်အတွက် တောင်ငူမြို့နယ် ဆန်ကုန်သည်များနှင့် ဆန်စက်လုပ်ငန်းရှင်များအသင်းတို့မှ တောင်ငူမြို့ပေါ်ရှိ အခြေခံလူတန်းစားများရှိရာ ရပ်ကွက်များသို့ မော်တော်ယာဉ်ဖြင့် ဆန်များကို လှည့်လည်ရောင်းချပေးလျက်ရှိပါသည်။

       မေလ ၁၁ ရက်နေ့တွင် တောင်ငူမြို့ ဝက်ကုန်းဈေး၌ လူတစ်ဦးလျှင် ဆန်နှစ်ပြည်နှုန်း၊ ဆန်တစ်ပြည်လျှင် ၂၃၀၀ ကျပ်နှုန်းဖြင့် လူဦးရေ ၁၂၀ ဦးစာ ဆန်အိတ် ၁၀ အိတ်ရောင်းချပေးခဲ့ပါသည်။ ယခင်ရက်များကလည်း ဓါတုကလျာဈေးနှင့် မြစည်းခုံဘုရားဈေးတို့တွင် ဆန်အိတ် ၁၀ အိတ်စီကို ရောင်းချပေးခဲ့ပြီးဖြစ်ပါသည်။

     အလားတူ တောင်ငူခရိုင်အတွင်းရှိ ရေတာရှည်နှင့် ဖြူးမြို့နယ်များတွင်လည်း အခြေခံ လူတန်းစားများသို့ ဆန်များကို ရောင်းချပေးခဲ့ကြောင်း သိရပါသည်။ အခြေခံလူတန်းစားများအား သက်သောသောနှုန်းထားဖြင့် ဆန်ရောင်းချရာသို့ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် သက်ဆိုင်ရာမြို့နယ်တာဝန်ခံများက ကြီးကြပ်ပြီး လိုအပ်သည်များကူညီဆောင်ရွက်ပေးကြောင်း သိရပါသည်။

DOCA(ပဲခူး)