စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ်ဦးစီးမှူး ဦးသန်းဦးပါ ဝန်ထမ်းများသည် ၁၉-၅-၂၀၂၃ ရက်နေ့၊ (၁၆း၀၀)နာရီအချိန်တွင် ဘားအံမြို့နယ်၊ ထုံးအိုင်စံပြ ကျေးရွာနေတောင်သူများသို့ စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း သိကောင်းစရာများနှင့် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးအကြောင်း သိကောင်းစရာများကို တောင်သူအသိပညာပေး ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူး ဦးသန်းဦးက စားသုံးသူရေးရာဦးစီးဌာန ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း၊ စားသုံးသူရေးရာ ဦးစီးဌာန၏ ဆောင်ပုဒ်၊ မျှော်မှန်းချက်၊ ရည်မှန်းချက်နှင့် ဌာနမှဆောင်ရွက်လျက်ရှိသည့် စားသုံးသူကာကွယ်ရေးဆိုင်ရာလုပ်ငန်းများနှင့် ပြည်တွင်းကုန်သွယ်မှုဆိုင်ရာ လုပ်ငန်းအခြေအနေများ၊ ပြည်တွင်းကုန်သွယ်မှု ဖွံဖြိုးတိုးတက်စေရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အခြေခံ၍ဆောင်ရွက်ရာတွင် သီးနှံများဖြစ်ထွန်း အောင်မြင်စေရေး၊ ဈေးနှုန်းဈေးကွက်အာမခံနှင့် သီးနှံဝေစုရှိပြီး ဈေးကွက်အလားအလာရှိသည့် သီးနှံများစိုက်ပျိုးနိုင်ရေးနှင့် သီးနှံဈေးနှုန်း/ဈေးကွက် ဖြစ်ပေါ်မှုအခြေအနေများနှင့်ပတ်သက်၍ ဌာနမှ သတင်းမျှဝေ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို တောင်သူများသို့ အကျယ်တဝင့် ရှင်းလင်းဆွေးနွေး ဟောပြောခဲ့ပြီး ဌာန၏ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ထို့နောက်တက်ရောက်လာသော ဒေသခံစိုက်ပျိုးတောင်သူများက သိလိုသည်များကို ပြန်လည်မေးမြန်းခဲ့ပြီး ပြည်နယ်ဦးစီးမှူးက ပြန်လည်ဖြေကြားခဲ့ကာ အခမ်းအနားကို ၁၇း၃၀ နာရီ အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်းနှင့် အခမ်းအနားသို့ ခရိုင်အဆင့် ဌာနဆိုင်ရာ ၁၀ ဦးနှင့် ဒေသခံ တောင်သူ ၇၀ ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
DOCA (ကရင်)