သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ညောင်တုန်းမြို့နယ် စပါးကျီ ဆန်စက်သို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန် ကွင်းဆင်းစစ်ဆေး

         ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံး ညောင်တုန်းမြို့နယ်၊ မြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့် ဝန်ထမ်းများသည် (၁၂.၁၁.၂၂) ရက်နေ့ နံနက် (၀၉:၃၀) နာရီအချိန်တွင် ညောင်တုန်းမြို့နယ် စပါးကျီဆန်စက်သို့ ကွင်းဆင်း၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

         ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ညောင်တုန်းမြို့နယ်ဦးစီးမှူးမှ ဆန်စက်ပိုင်ရှင်နှင့် တွေ့ဆုံ၍ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုများ ထုတ်ကုန်လုံခြုံစိတ်ချ ရမှုရှိစေရေးဆောင်ရွက် ထားနိုင်ရေးတို့အပြင်၊ ညောင်တုန်းမြို့နယ်၏ ဆန်၊စပါး ဈေးကွက်အခြေအနေ၊ ကောက်စောစပါးများ ရိတ်သိမ်းထွက်ရှိမှု အခြေအနေများ၊ ရန်ကုန်သို့ ဆန်တင်ပို့နိုင်မှု အခြေအနေများနှင့် ဆန်စပါးလုပ်ငန်း၏ ဖွံ့ဖြိုးတိုးတက်မှု အလားအလာကောင်းများကို အကျယ်တဝင့် ဆွေးနွေးအသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်တွင် သီဟဆန်စက်သို့သွားရောက်၍ လုပ်ငန်းရှင် တွေ့ဆုံဆွေးနွေး

           ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်တာဝန်ခံ ဦးတင်ကိုသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး၏ ဦးဆောင်မှုဖြင့် မြို့နယ် စိုက်ပျိုးရေးနှင့် ပူးပေါင်းကာ(၁၁.၁၁.၂၀၂၂)ရက်နေ့တွင် သီဟဆန်စက်သို့ သွားရောက်၍ လုပ်ငန်းရှင်နှင့် တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။

          ဆွေးနွေးပြောကြားရာတွင် SMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးကို ရည်ရွယ်၍ စားသုံးသူ ကာကွယ်ရေးနှင့် ပတ်သက်သော နည်းဥပဒေများ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးတို့ကို အသိ ပညာပေးဆွေးနွေးခဲ့ပြီး ထုတ်လုပ်နိုင်မှု အခြေအနေတို့အား ကွင်းဆင်းမေးမြန်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခြင်း

           ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်ခရိုင်၊  ကြံခင်းမြို့နယ်တာဝန်ခံသည် ဘက်ရဲလမ်း၊ အောင်ဓမ္မသိဒ္ဓိဓမ္မာရုံ၌ (၁၁.၁၁.၂၀၂၂) ရက်နေ့ နေ့လယ် (၁၃:၃၀) နာရီအချိန်တွင် စားသုံးသူပြည်သူ (၄၀) ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့သည်။

          ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးကျော်နိုင်ဝင်းမှ စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ခုနှစ် မတ်လ(၁၅)ရက်နေ့တွင် အခန်း(၂၅)ခန်း၊ ပုဒ်မ(၈၄)ခုဖြင့် ပြဌာန်းခဲ့ ကြောင်း၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များ အကြောင်း၊ စားသုံးသူများ သည် ကုန်စည်ကို ရွေးချယ်ဝယ်ယူတတ်စေရန် ကုန်အညွှန်းအမှတ်အသားနှင့် စပ်လျဉ်း၍ ဖော်ပြပါရှိသည့် အချက်အလက်များကို သေချာစွာစိစစ်ဝယ်ယူနိုင်ရန်၊ စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် မိမိတို့ ရောင်းချနေသောကုန်စည်နှင့် ဝန်ဆောင်မှုများတွင် အာမခံချက်ပေးနိုင်ခြင်းများ အကြောင်း၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်းနှင့် စားသုံးသူသတင်းပြန်ကြားရေး နှင့်တိုင်ကြားမှုလက်ခံ ဆောင်ရွက်ရေး စင်တာ(Consumer Information and Complaint Center) CICC ဖွင့်လှစ်ထားရှိမှု အခြေအနေကို လည်ကောင်း၊ စားသုံးသူရေးရာ ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း သိရှိလိုပါက www.doca.gov.mm Website တွင် ဝင်ရောက်လေ့လာနိုင်ကြောင်း စသည်တို့ကို အသိပညာပေးဟောပြောခဲ့ပြီး၊ တက်ရောက်သူများမှလည်း သိလိုသည်များကိုမေးမြန်း၍ စားသုံးသူကာကွယ်ရေး ဥပဒေစာအုပ်နှင့် လက်ကမ်းစာစောင်များ ပေးဝေခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

အင်္ဂပူမြို့  ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခြင်း

           ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်တာဝန်ခံသည် (၁၀.၁၁.၂၀၂၂)ရက်နေ့ နံနက် (၀၉:၀၀)နာရီအချိန်တွင် အမှတ်(၃)ရပ်ကွက်ရှိ စတိုးဆိုင် နှင့် ကုန်မျိုးစုံ အရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါ သည်။

      ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များသည် ဝယ်ယူ စားသုံးသူမိဘပြည်သူများအား ဘေးအန္တရာယ်မဖြစ်စေရန်နှင့် ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ် အသားများကို မြန်မာဘာသာဖြင့် (သို့) မြန်မာဘာသာနှင့် အခြားဘာသာတွဲလျက် ဖော်ပြထားသောကုန် စည်များကို ရောင်းချခြင်းရှိ/မရှိ စစ်ဆေးခဲ့ပြီး၊ ဆိုင်ပိုင်ရှင်များ လိုက်နာရမည့်အချက်များ၊ စားသုံးသူကာ ကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း အသိပညာပေးဆွေးနွေးခဲ့ပြီး၊ ကုန်မျိုး စုံဆိုင်(၃)ဆိုင်အားစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

 

ဇလွန်မြို့ ကျောင်းမုန့်ဈေးတန်းအား ဈေးကွက်စောင့်ကြည်စစ်ဆေးခြင်း

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်၊  ဇလွန်မြို့နယ် တာဝန်ခံသည်  (၁၂.၁၁.၂၀၂၂) ရက်နေ့ နံနက်(၀၉:၀၀) နာရီအချိန်တွင် ညောင်ပင်ဈေးရှိ အ-မ-က ကျောင်းမုန့်ဈေးတန်းအား   ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

     ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင် ကျောင်းမုန့်ဈေးတန်းအတွင်းရောင်းချနေသော မြန်မာလက်လုပ် မုန့်များသန့်ရှင်းလက်ဆက်မှုရှိစေရေးနှင့် လေဖောင်းမုန့်များ၊ ဖျော်ရည်ဗူးများစသည့် အသင့်စားမုန့်များ၌ ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှုရှိ/မရှိစစ်ဆေးခဲ့ပြီး၊ ဈေးဆိုင်ပိုင်ရှင်များအား စားသုံးသူကာကွယ် ရေးဥပဒေ အခန်း(၁၈)ပါ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ(၄၁)၊ ပုဒ်မခွဲ(ခ) နှင့် (ဆ) တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာ တစ်ခု(သို့)တစ်ခုထက်ပို၍ တွဲလျှက်ဖြစ်စေ ရေးသားဖော်ပြရမည့် ကုန်ပစ္စည်းကိုသာ စားသုံးသူများ လက်ဝယ်အရောက် ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် ဖြန့်ဖြူးရောင်းချရမည်ဖြစ်ကြောင်း၊ စီးပွားရေး လုပ်ငန်းရှင်များလိုက်နာရမည့် အချက်များအကြောင်းနှင့် စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များ အကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ ဆောင်ရွက်နေ့သည့် လုပ်ငန်း များအကြောင်းစသည်တို့ကို အသိပညာ ပေးဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခြင်း

         ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်၊  လေးမျက်နှာမြို့နယ် တာဝန်ခံသည်(၁၁.၁၁.၂၀၂၂) ရက်နေ့ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် အိုင်သပြုကျေးရွာ၊ စည်ပင်ဈေးတာဝန်ခံရုံး၌ ကုန်မျိုးစုံဆိုင်လုပ်ငန်းရှင် (၂၀) ဦး အား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့သည်။

          ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးအောင်သန်းဌေးမှ စားသုံးသူ ကာကွယ်ရေးဥပဒေကို ၂၀၁၉ခုနှစ် မတ်လ(၁၅)ရက်နေ့ တွင် အခန်း(၂၅)ခန်း၊ ပုဒ်မ(၈၄)ခုဖြင့် ပြဌာန်းခဲ့ကြောင်း၊ စားသုံးသူကာကယ်ရေးနည်းဥပဒေကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အမိန့်ကြော် ငြာစာအမှတ် (၉/၂၀၂၂) ဖြင့် ပြဌာန်းပြီးဖြစ်ကြောင်းတို့ကို ဟောပြောခဲ့ပြီး၊ စားသုံးသူ ကာကွယ်ရေး ဥပဒေတွင်ပါရှိသော အခန်း(၉)ပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအကြောင်း၊ ပြစ်မှုနှင့် ပြစ်ဒဏ်များအကြောင်းနှင့် စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှု လက်ခံဆောင်ရွက်ရေး စင်တာ(Consumer Information and Complaint Center) CICC ဖွင့်လှစ်ထားရှိမှု အခြေအနေကို လည်ကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း သိရှိလိုပါက www.doca.gov.mm Website တွင် ဝင်ရောက်လေ့လာနိုင်ကြောင်း စသည်တို့ကို အသိပညာပေး ဟောပြောခဲ့ပြီး၊ တက်ရောက်သူများမှလည်း သိလိုသည်များကို မေးမြန်း၍ စားသုံးသူကာကွယ်ရေး ဥပဒေစာအုပ်နှင့် လက်ကမ်းစာစောင်များ ပေးဝေခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြင်းပျံအမှတ်တံဆိပ်မြေဩဇာ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ရှိ / မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

       ရှမ်းပြည်နယ်(တောင်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် အထွေထွေ အုပ်ချုပ်ရေးမှူး၊ စည်ပင်သာယာရေးဦးစီးဌာနတို့မှ ဝန်ထမ်းများနှင့် ပူးပေါင်း၍ နိုဝင်ဘာလ (၁၁.၁၁.၂၀၂၂) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် တောင်ကြီးမြို့ပေါ်ရှိ ကန်သာယာရပ်ကွက်၊ မြစန္ဒာဓာတ်မြေဩဇာဆိုင်(၂)နှင့် ရွှေညောင်မြို့ပေါ်ရှိ မင်္ဂလာရွှေဘိုရပ်ကွက် မြစန္ဒာဓာတ်မြေဩဇာ ဆိုင်(၁)၊ ဆိုင်(၂)ဆိုင်များအား မြန်မာဘာသာဖြင့် ဖော်ပြထားခြင်းမရှိသော မြင်းပျံအမှတ်တံဆိပ် ဓာတ်မြေဩဇာများကို ဈေးကွက်အတွင်း ရောင်းချခြင်း ရှိ/ မရှိ  ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

      အဆိုပါ အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးရာတွင် မြန်မာဘာသာဖြင့် ရေးသားဖော်ပြခြင်းမရှိသော ဓာတ်မြေဩဇာများကို ရောင်းချခြင်းမရှိကြောင်းနှင့် မြန်မာဘာသာဖြင့် ဖော်ပြထားသည့်ဓာတ်မြေဩဇာများကိုသာ ရောင်းချကြောင်း စစ်ဆေးတွေ့ရှိရပါသည်။

       ထိုနောက် စစ်ဆေးရေးမှူးနှင့်တာဝန်ရှိသူများသည် မြန်မာဘာသာဖြင့် ဖော်ပြထားခြင်း မရှိသော ဓာတ်မြေဩဇာများကို ဈေးကွက်အတွင်းရောင်းချခြင်းမပြုရန်နှင့်  စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၁၈)ပါ အရ ကုန်အညွှန်းအမှတ်အသားနှင့် ပတ်သက်၍  စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရန်နှင့် ရောင်းချမှုစစ်ဆေးတွေ့ရှိပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူဆောင်ရွက်နိုင်ကြောင့် ဆိုင်ရှင်အား အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

DOCA(ရှမ်း)

 

လက်လီ/လက်ကားကုန်စုံဆိုင်၊စတိုးဆိုင်များအား ‌ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

       ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးဘောမ်ဇုန်းသည် ၁၄.၁၁.၂၀၂၂ ရက်နေ့ နံနက်(၁၁:၀၀)နာရီအချိန်တွင် မြစ်ကြီးနားမြို့၊စီတာပူရပ်ကွက်ရှိ လက်လီ/လက်ကားကုန်စုံဆိုင်၊စတိုးဆိုင်များအား ကုန်အညွန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေး ဥပဒေပါပြဌာန်းချက်များနှင့်ကိုက်ညီမှု ရှိ မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

      ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ Malingar အမှတ်တံဆိပ် အသင့်စား(ခေါက်ဆွဲခြောက်ထုပ်)တွင် ကုန်စည်အမျိုးအစားအလိုက်သတ်မှတ်ချက်များနှင့်အညီ မြန်မာဘာသာဖြင့် သိသာထင်ရှားစွာ ဖော်ပြရမည့်ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ သုံးစွဲပုံ နည်းလမ်းစသည့်အချက်များ ကုန်အညွန်းအမှတ်အသားဖော်ပြထားရှိခြင်း ရှိ မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပြီး ကုန်အညွန်းအမှတ်အသားဖော်ခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

သံတွဲမြို့ ဒွါရာဝတီမြို့မဈေးကြီးအတွင်း ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

          ရခိုင်ပြည်နယ်၊စားသုံးသူရေးရာဦးစီးဌာန၊ သံတွဲခရိုင်ဦးစီးမှူးသည် (၁၁-၁၁-၂၀၂၂)ရက်နေ့တွင်  FDA ဦးဆောင်၍ သံတွဲမြို့နယ် ရဲတပ်ဖွဲ့၊ မြို့နယ်ထွေအုပ်တို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် သံတွဲမြို့ဒွါရာဝတီမြို့မဈေးကြီးအတွင်း ဆေးနှင့်ဆေးဝါးပစ္စည်းများရောင်းချနေသော ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

          ကွင်းဆင်းစစ်ဆေးရခြင်း၏ ရည်ရွယ်ချက်မှာ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရန် ဆေးဆိုင်များတွင် သက်တမ်းလွန်ဆေးဝါးများရောင်းချမှုရှိမရှိ ကွင်းဆင်းစစ်‌ဆေးခြင်းဖြစ်ပြီး သက်တမ်းလွန်ဆေးဝါးများ၊ သုံးစွဲရန်မသင့်ထုတ်ပြန်ထားသော ဆေးဝါးပစ္စည်းများ၊  မှတ်ပုံမတင် ထားသောဆေးဝါးနှင့်ဆေးပစ္စည်းများရောင်းချမှုမရှိစေရေးနှင့် သံတွဲခရိုင် ဦးစီးမှူး ဦးဝင်းနိုင်မှ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ၂/၂၀၁၉ ညွှန်ကြားချက်ပါ ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာ ဖော်ပြပါရှိသော ဆေးဝါးနှင့်ဆေးဝါးပစ္စည်းများကို ဦးစားပေး ရောင်းချစေရေး အသိပညာပေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

DOCA(ရခိုင်)

မြိတ်မြို့၊အမှတ်(၁၁)အခြေခံပညာအလယ်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေး ပညာပေး ဟောပြောခြင်းနှင့် ကွင်းဆင်းစစ်ဆေးခြင်း

     တနင်္သာရီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးသည် မြိတ်ခရိုင် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် ပူးပေါင်း၍ (၁၀.၁၁.၂၀၂၂) ရက်နေ့ ၊နံနက်(၉း၃၀)နာရီအချိန်တွင် မြိတ်မြို့၊ဘုံပျံရပ်၊အမှတ်(၁၁)အခြေခံပညာအလယ်တန်းကျောင်းသို့ သွားရောက်၍ ကျောင်းသူ၊ကျောင်းသားများဘေးအန္တရာယ်ကင်းရှင်းစွာ ရွေးချယ်ဝယ်ယူ စားသောက်နိုင်ရေးအတွက် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

        အဆိုပါဟောပြောပွဲတွင်  စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးမှ စားသုံးသူရေးရာ ဦးစီး ဌာနဖြစ်ပေါ်လာပုံ၊ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ စားသုံးသူရေးရာဦးစီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူဥပ‌ဒေပါ ကုန်အညွှန်းအမှတ်အသားများ၊ သုံးစွဲရန်မသင့်သော စားသောက်ကုန်များ အ ကြောင်းနှင့် ဓါတုဆိုးဆေးနှင့် ဓါတ်တုဆေးများအကြောင်း ထည့်သွင်းပြောကြားပြီး၊ ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှလည်း အစားအသောက်ခွင့်ပြုချက်အား အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီး ဌာနတွင်ပြုလုပ်ပြီး၊ စားသုံးသူရေးရာဦးစီးဌာနမှထုတ်ပြန်ထားသောစားသုံးသူဥပဒေပါ ကုန်အညွှန်းအမှတ်အသားများ၊ အစားအသောက်ခွင့်ပြုချက်အားအသေးစားစက်မှုလက်မှုဦးစီး ဌာန တွင်ပြုလုပ်နိုင်ပြီး၊ စားသုံသူရေးရာဦးစီးဌာန၊ဦးစီးမှူးမှလည်းအစားအသောက်များရွေးချယ်ဝယ်ယူ စားသောက်ရာတွင် မြန်မာဘာသာဖြင့်ဖော်ပြထားသောစားသောက်ကုန်များသာရွေးချယ်ဝယ်ယူရန်၊ စားသုံးသူများနစ်နာထိခိုက်မှုရှိခဲ့ပါက စားသုံးသူရေးရာဦးစီးဌာနသို့တိုင်ကြားရန်၊စားသောက်ကုန်များအား သက်တမ်းကုန်ဆုံရက်ကြည့်ရန်တို့ကိုဟောပြောပို့ချပြီး၊ကျောင်းသူ ကျောင်းသားများ ဘေးအန္တရာယ်ကင်းရှင်းစွာစားသောက်နိုင်ရန် ကျောင်းပတ်ဝန်းကျင်ရှိ မုန့်ဈေးတန်းအား ကွင်းဆင်း စစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

    ကွင်းဆင်းစစ်ဆေးရာတွင်  သက်တမ်းလွန် စားသောက်ကုန်များနှင့် စားသောက်ရန် မသင့် သောစားသောက်ကုန်များအား စစ်ဆေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြပါရှိသော စားသောက်ကုန်များသာ ရောင်းချရန်နှင့် ဘေးအန္တရာယ်ကင်းသောစားသောက်ကုန်များသာ ရောင်းချရန် ပြော ကြား၍ အသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ