သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကသာမြို့ရှိ ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

       စားသုံးသူရေးရာဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကြည်နိုင်ဦး(ဦးစီးမှူး)နှင့်အတူ ကသာမြို့နယ်တာဝန်ခံနှင့် ဌာနမှဝန်ထမ်းများသည် ဌာန၏ရည်မှန်းချက်တစ်ခုဖြစ်သည့် စားသုံးသူများသည် လုံခြုံစိတ်ချရသောကုန်စည်များကို ဝယ်ယူသုံးစွဲနိုင်ရန်အတွက် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ (၁၃)ရက်နေ့တွင် ကသာမြို့၊ အမှတ်(၉)ရပ်ကွက်ရှိ BOB (mini mart) ကုန်စုံဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းဆောင်ရွက်ခဲ့သည်။

        စစ်ဆေးရာတွင် ကုန်စုံဆိုင်၌ရောင်းချလျက်ရှိသော စားသောက်ကုန်များနှင့် ကုန်ပစ္စည်းများတွင် စားသုံးသူကာကွယ်ရေးဥပဒေ၌ပါဝင်သည့် ကုန်အညွှန်းအမှတ်အသားများအား မြန်မာစာဖြင့် ပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိကိုစစ်ဆေးခြင်း၊ သက်တမ်းလွန်စားသောက်ကုန်များ၊ သက်ဆိုင်ရာဌာနများက သုံးစွဲရန်မသင့်ဟု ထုတ်ပြန်ထားသည့် စားသောက်ကုန်များနှင့် အလှကုန်ပစ္စည်းများ ရောင်းချမှု ရှိ/မရှိကို စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပြီး လုပ်ငန်းရှင်အား မြန်မာစာဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းမရှိသောကုန်စည်များအား ရောင်းချခြင်းမပြုရန်နှင့် ကုန်အညွှန်းအသားဆိုင်ရာ လိုက်နာရမည့်အချက်များအား သိရှိလိုက်နာဆောင်ရွက်သွားရန် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

DOCA(စစ်ကိုင်း)

 

ဆိပ်ဖြူမြို့နယ် မယ်ဇလီကွေ့ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲ၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ  ဆိပ်ဖြူမြို့နယ်တာဝန်ခံ ဦးဇော်နေလင်းသည် မြို့နယ်ကြက်ခြေနီအသင်းအဖွဲ့နှင့်ပူးပေါင်း၍ (၉.၂.၂၀၂၃)ရက်နေ့ နံနက်(၀၉:၀၀)နာရီအချိန်တွင် ဆိပ်ဖြူမြို့နယ်၊ မယ်ဇလီကွေ့ကျေးရွာ အခြေခံပညာအထက်တန်း ကျောင်းခွဲသို့ရောက်ရှိပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

     အဆိုပါအသိပညာပေးဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီးက ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားပြီး ဆိပ်ဖြူမြို့နယ်တာဝန်ခံ ဦးဇော်နေလင်းက ဌာနသမိုင်းကြောင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များ၊ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များနှင့် ကုန်စည်(သို့)ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ဘေးအန္တရာယ် ကင်းရှင်းစေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးတို့ကို ဆောင်ရွက်နေရုံသာမက စာသုံးသူ နစ်နာဆုံးရှုံးမှုများအတွက် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေး စင်တာ ဖွင့်လှစ်ထားရှိမှုအား အသေးစိတ်ရှင်းလင်းခြင်း၊ စားသုံးသူထိခိုက်နစ်နာမှုနှင့်စပ်လျဉ်း၍ တိုင်ကြားခြင်းနှင့် ကုစားခွင့်ရရှိမှုများအကြောင်း၊ တိုင်ကြားနိုင်သည့်နည်းလမ်းများအကြောင်း၊ စားသုံးသူရေးရာကိစ္စများ စုံစမ်းမေးမြန်းရန်အတွက်  Consumer Call Center အား ဖွင့်လှစ်ထားရှိကြောင်း အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

     ဆက်လက်ပြီး ဆိပ်ဖြူမြို့နယ် ကြက်ခြေနီအသင်းအဖွဲ့ဝင် ဦးမောင်မောင်ဝင်းက ကြက်ခြေနီ အသင်းပေါ်ပေါက်လာပုံနှင့် လုပ်ငန်းဆောင်ရွက်ချက် သိကောင်းစရာအကြောင်းအရာများကို အသိပညာပေးဟောပြော ဆွေးနွေးခဲ့သည်။ အသိပညာပေးဟောပြောပွဲသို့ ဆရာ/ဆရာမ(၁၅)ဦး၊ ကျောင်းသား/ကျောင်းသူ(၁၄၆)ဦး တက်ရောက်ခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)         

ပခုက္ကူမြို့၊ အမှတ် [ ၁၅ ] ၊ အခြေခံပညာမူလတန်းကျောင်း၌ အသိပညာပေး ဟောပြောပွဲပြုလုပ်

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးနှင့် ပခုက္ကူခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားကို ကာကွယ်ရန်အတွက် ရည်ရွယ်၍ (၁၀.၂.၂၀၂၃)ရက်နေ့ နံနက်(၀၉:၃၀)နာရီအချိန်တွင် ပခုက္ကူမြို့၊ စာတိုက်တန်းရပ်ကွက် အမှတ်(၁၅)၊ အခြေခံပညာမူလတန်းကျောင်း၌  စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ဆရာ/ဆရာမ(၆)ဦး၊ ကျောင်းသား/ ကျောင်းသူ (၃၅)ဦး၊ မိဘပြည်သူ(၁၀)ဦး စုစုပေါင်း(၅၁)ဦး တက်ရောက်ခဲ့ကြပါသည်။

      အသိပညာပေးဟောပြောပွဲတွင် ကျောင်းအုပ်ဆရာကြီးက ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားခဲ့ပြီး ဒု-ဦးစီးမှူး ဒေါ်မြင့်မြင့်သန်းက ဌာန၏ သမိုင်းကြောင်း၊ မျှော်မှန်းချက်၊ ရည်မှန်းချက်များနှင့် ယခုဌာနမှ ဆောင်ရွက်နေသည့် လုပ်ငန်းများအကြောင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉ အခန်း(၉)ပါ စားသုံးသူများ ရရှိနိုင်မည့်အခွင့်အရေးများနှင့် လိုက်နာရမည့်တာဝန်များ၊ ကုန်စည်နှင့် ဝန်ဆောင်မှုကို ဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက ပြောရေးဆိုခွင့် တိုင်ကြား နိုင်ခွင့်နှင့် ပြန်လည်ကုစားနိုင်ခွင့်များနှင့် CICC ရုံးများ ဖွင့်လှစ်ထားရှိပြီးဖြစ်၍ နစ်နာသည့် စားသုံးသူ များမှ တိုင်ကြားနိုင်ကြောင်း၊ Facebook စာမျက်နှာ၊ DOCA Myanmar Mobile Application နှင့်  Consumer Call Center (1535)တို့တွင် တိုင်ကြားနိုင်ကြောင်းတို့ကို အကျယ် တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

      ဆက်လက်၍ ဒု-ဦးစီးမှူးဦးဇော်မင်းဦးက စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်စည်များတွင် ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများကို နမူနာပစ္စည်းများ ပြသ၍ ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းပြီး ကုန်အညွှန်းအမှတ်အသားမပါလျှင် ဝယ်ယူစားသောက်ရောင်းချခြင်း မပြု စေချင်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံမှသာလျှင် ဝယ်ယူသုံးစွဲစေလိုကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး ဒု-ဦးစီးမှူး ဒေါ်လှိုင်ဥမ္မာဦးက မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ (၂/၂၀၁၉)ပါ ကုန်စည်အုပ်စု(က) အစားအသောက်တွင် မြန်မာဘာသာဖြင့် ထည့်သွင်းရမည့် အချက်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်သည့် ဥပဒေပြဌာန်းချက်များနှင့် စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်း၊ တားမြစ်ချက်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)         

         

နေကြာဆီများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

          ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးများနှင့် ဝန်ထမ်းများသည် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၉)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် Kyone Doe G M Co.,Ltd မှ တင်သွင်းလျက်ရှိသော “မေရာ(Mayra)နေကြာဆီ” အမှတ်တံဆိပ်တူ တရားမဝင်ကုန်ပစ္စည်းများ ရောင်းချခြင်းရှိမရှိ ကျိုင်းတုံမြို့မဈေးအတွင်းနှင့် ရပ်ကွက်လက်လီလက်ကား စားသုံးဆီအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် တရားဝင်တင်သွင်းထားသော FDA ၏ ထောက်ခံချက်များပါရှိပြီး၊ Logo/Brand Register များနှင့် မြန်မာစာကုန်အညွှန်းအမှတ်အသား ကပ်ထားသည့် Kyone Doe G M Co.,Ltd မှ တင်သွင်းဖြန့်ဖြူးရောင်းချသည့် “မေရာ(Mayra) နေကြာဆီ”  အမှတ်တံဆိပ်များကိုသာ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း စစ်ဆေး တွေ့ရှိရပါသည်။

          သို့ဖြစ်ပါ၍ ရှမ်းပြည်နယ် (အရှေ့ပိုင်း)အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသားနှင့်ပြည်စုံသော တရားဝင်ကုန်စည်များကိုသာ ဝယ်ယူရောင်းချရန်နှင့် တရားမဝင်တားမြစ်ထားသော ကုန်စည်များကို ရောင်းဝယ်ဖောက်ကားမှုမပြုလုပ်ကြရန်၊ စစ်ဆေး တွေ့ရှိပါက သက်ဆိုင်ရာ ဥပဒေများနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ”ကို သိရှိလိုက် နာဆောင်ရွက်နိုင်စေရန် အသိပညာပေးဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

အိမ်တွင်းမှုသင်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်

      စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ (၁၆)ရက်နေ့၊ နံနက်( ၁၀:၀၀ )နာရီအချိန်တွင် လွိုင်ကော်မြို့၊ မင်းစုရပ်ကွက်ရှိ အမျိုးသမီး အိမ်တွင်းမှုအသက် မွေးပညာသင်တန်းကျောင်း အစည်းအဝေးခန်းမ၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော ဆွေးနွေးဆောင် ရွက်ခဲ့ရာ ဟောပြောဆွေးနွေးပွဲသို့ အိမ်တွင်း မှုသင်တန်းကျောင်းမှ ဆရာ/ ဆရာမများ၊သင်တန်းသား / သင်တန်းသူများ စုစုပေါင်း(၄၀)ဦး တက်ရောက်ခဲ့ပါသည်။

    အဆိုပါ ဟောပြောပွဲတွင် အိမ်တွင်းမှုသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးသွင်က ယနေ့အချိန်အခါတွင် အရည်အသွေးမမီသည့် စားသောက်ကုန်လူသုံးကုန် ပစ္စည်းအမျိုးမျိုးကြောင့် စားသုံးသူတို့၏ ကျန်းမာရေးထိခိုက်ခြင်းများ ကြုံတွေ့နေရပါကြောင်း၊ ထိခိုက်နစ်နာမှုများကြောင့်မည့်သည်နေရာသို့အရေးဆိုတိုင်တန်းရမည်ကိုသေချာမသိရှိကြောင်း၊ စားသုံးသူကာကွယ်ရေးနှင့် ပတ်သက်၍ အသိပညာများလာရောက် ဟောပြောဆွေးနွေးသည့် ပြည်နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများကိုလည်း အထူးကျေးဇူးတင်ရှိကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

       ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးမြင့်အောင်က စားသုံးသူ ကာကွယ်ရေးသမိုင်းကြောင်း စတင်ဖြစ်ပေါ်လာပုံနှင့် ဌာနမှစားသုံးသူကာကွယ်ရေးနှင့် စပ်လျဉ်း၍ ဆောင်ရွက်နေသည့် လုပ်ငန်းများအား ရှင်းလင်းပြောကြားခဲ့ပါသည်။

     ထို့နောက်ခရိုင်ဦးစီးမှူး၊ ဦးမိုးညွန့်ဦးက စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ ခုနှစ်၊ မတ်လ (၁၅) ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ်(၉)ဖြင့် ပြဌာန်းခဲ့ကြောင်း၊ ဥပဒေတွင်ပါရှိသည့် စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ စီမံခန့်ခွဲရေးနည်းလမ်းအရအရေးယူခြင်းများ၊ စီးပွားရေးလုပ်ငန်းရှင်၏တားမြစ်ချက်များနှင့်ပြစ်မှုပြစ်ဒဏ်များ ၊ ကုန်စည်နှင့်သက်ဆိုင်သည့် ကုန်အညွှန်းအမှတ်အသားတွင် ဖော်ပြရမည့်သတ်မှတ်ချက်များအားလည်းကောင်း  ရှင်းလင်းဆွေးနွေးပြီး  စားသုံးသူများအနေဖြင့် ကုန်စည်နှင့် ဝန်ဆောင်မှုများနှင့် ပတ်သက်၍ နစ်နာဆုံးရှုံးမှုများရှိပါက စားသုံးသူသတင်း ပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ CICC Page သို့ လူကိုယ်တိုင်ဖြစ်စေ ၊ Website မှ ဖြစ်စေ၊ Doca Myanmar application များမှဖြစ်စေဆက်သွယ် တိုင်ကြားနိုင်ပါကြောင်း ၊ Consumer call center ၁၅၃၅ နံပါတ်များသို့ ခေါ်ဆို၍ စားသုံးသူရေးရာနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို    မေးမြန်းနိုင်ပါကြောင်းရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များကို ကျောင်းသား / ကျောင်းသူများထံသို့ ဖြန့်ဝေပေးခဲ့ပြီး ၊ ဗွီနိုင်းများကို ကျောင်းအုပ်ဆရာမကြီးထံသို့ ပေးအပ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကယား)

“မိတ္ထီလာခရိုင်အတွင်းရှိ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်စေရေးတွေ့ဆုံဆွေးနွေးခြင်း”

      မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ စိန်အန်ထော်နီဘုရားကျောင်း၊ အရှေ့ပြင်ရပ်၊ မိတ္ထီလာမြို့၌ “စမ်းရေ” အမှတ်တံဆိပ်ဆပ်ပြာလုပ်ငန်းနှင့် အမှတ်(၁၀)နယ်မြေ၊ စင်္ကြာလမ်း၊ အောင် ဇေယျာရပ်ကွက်၌ “ရွှေကြာ” အမှတ်တံဆိပ်ဆပ်ပြာလုပ်ငန်းတို့တွင် ထုတ်လုပ်ရောင်းချနေသောလုပ်ငန်းရှင်သည် ၎င်းတို့၏အမှတ်တံဆိပ်တွင် ထည့်သွင်းဖော်ပြသွားမည့် ကုန်အညွှန်း အမှတ်အသားများတွင် စားသုံးသူကာကွယ်‌ရေးဥပဒေပြဋ္ဌာန်းချက်များနှင့် ကိုက်ညီမှုရှိ/မရှိနှင့် လိုအပ်ချက်များကို းပြင်ဆင်ပြုပြင်နိုင်ရန်အတွက် စိစစ်ဆောင်ရွက်ပေးပါရန် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

      အဆိုပါတွေ့ဆုံမှုအရ “စမ်း‌ရေ” အမှတ်တံဆိပ်ဆပ်ပြာလုပ်ငန်းတွင်ဆပ်ပြာခဲအမျိုးစား (၂၃)မျိုး၊ သဘာဝခေါင်းလျှော်ရည်၊ ရေချိုးဆပ်ပြာရည်၊ ဆံကေသာအားဖြည့်ပေါင်းဆီ၊ ခြင်၊ယင်ပြေးဆေး၊ အဝတ်လျှော်ပန်းကန်ဆေးဆပ်ပြာ၊ Scrub စသည့် ကုန်စည်များကို မိသားစုပိုင်ထုတ်လုပ်ကြောင်း၊ မိတ္ထီလာမြို့အတွင်း ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။ ထို့နောက်ခရိုင်ဦးစီးမှူးက လူသုံးကုန်ပစ္စည်းအမျိုးမျိုးတွင် ကုန်စည်အမျိုးစားအလိုက် ကုန်အညွှန်းအမှတ်သားများကို ပြည့်စုံစွာဖော်ပြရန်အတွက် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထားရှိသည့် ကုန်အညွှန်းအမှတ်အသား‌ဖော်ပြခြင်းဆိုင်ရာ အမိန့်ကြေငြာစာအမှတ် (၂/၂၀၁၉)အား ထုတ်ပြန်ထားရှိကြောင်းကိုလည်းကောင်း၊ ကုန်စည်များတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတွဲလျက်ဖြစ်စေ ဖော်ပြရမည့်အချက်အလက်များကိုလည်းကောင်း ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး ဌာနသို့စိစစ်ဆောင်ရွက်ပေးပါရန် တင်ပြလာမှုအပေါ် ကူညီဆောင်ရွက်ပေးမှုများပြုလုပ်ခဲ့ပါသည်။

DOCA(မန္တလေး)

 

တီရှူးစက်ရုံ၊ စက္ကူစက်ရုံနှင့် ကုန်ထုတ်လုပ်ငန်းစွမ်းအားစုလုပ်ငန်းရှင်နှင့် တွေ့ဆုံခြင်း

      ရခိုင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်တွေခရိုင်ဦးစီးမှူး ဦးမောင်လှဝင်း (ဦးစီးအရာရှိ) နှင့်ဝန်ထမ်းများသည် စားသုံးသူကာကွယ်ရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ ပုဂ္ဂလိကအခန်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် (၁၅-၂-၂၀၂၃)ရက်နေ့ နံနက် (၁၀:၀၀)နာရီ အချိန်တွင် စစ်တွေမြို့၊ မင်းဂံအကွက်(၁၅)ရပ်ကွက် မှန်စီလမ်းမဘေး၌ တီးရှူးစက်ရုံနှင့် စက္ကူစက်ရုံ (၂)ခု ပူးတွဲတည်ဆောက် လည်ပတ်လျက်ရှိသော ကုန်ထုတ်လုပ်ငန်းစွမ်းအားစု စီးပွားရေး လုပ်ငန်းရှင် ဦးဘိုထွန်းအား တွေ့ဆုံ၍ စက္ကူစက်ရုံလည်ပတ်နေမှုများအား မေးမြန်းခဲ့ပါသည်။တွေ့ဆုံမေးမြန်းမှုအရ ရခိုင်ပြည်နယ်တွင် တီရှူး၊ စက္ကူစက်ရုံအား တည်ဆောက် လည်ပတ်ခြင်းအားဖြင့် သုံးစွဲပြီး စက္ကူအဟောင်းများ ဈေးကောင်းရရှိစေခြင်း၊ တီရှူးအချော/ အကြမ်းနှင့်စက္ကူ(၆)မျိုးဖြစ်သည့် ဘားပြာ (တစ်ဖက်ချောစက္ကူ) ၊ ဘားဖြူ(A4-စက္ကူ)၊ ဘော့စပို့ (၂ထပ်စက္ကူ) ၊ ဟီတာကဒ် (ဖိုင်စက္ကူ)၊ ကာလကဒ်(ရောင်စုံစက္ကူ)နှင့် ဂျက်ဖာ(ဂျက်ဖာစက္ကူ) များကို ထုတ်လုပ်ဖြန့်ချီနိုင်မည်ဖြစ်ပြီး ရခိုင်ပြည်နယ်တွင် တီရှူး၊ စက္ကူများထုတ်လုပ်နိုင်မှုစွမ်းရည်မြင့်မား လာစေရေး လူ့စွမ်းအားအရင်းအမြစ်များတိုးတက်စေရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေ ရေးတို့အား ရည်ရွယ်၍ တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းစက်ရုံ(၂)ခု အား ၂၀၁၈ ခုနှစ်မှ စတင်တည်ဆောက်ပြီး “RZ ရာဇာ ကုန်အမှတ်တံဆိပ်”ဖြင့် တီရှူး(ချော/ကြမ်း)ကို ထုတ်လုပ်ဖြန့်ချီ နိုင်ခဲ့ပြီး ရခိုင်ပြည်နယ် မြောက်ပိုင်း(၁၀)မြို့နယ်၊ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံမြို့နယ်များသို့ လက်ကား ဖြန့်ချီရောင်းချလျက်ရှိကြောင်း၊ စက္ကူ(၆) မျိုးထုတ်လုပ်နိုင်ရန် လုပ်သား၊ ကုန်ကြမ်း၊ ရင်းနှီးငွေများအား စုဆောင်းလျှက်ရှိပါကြောင်း ရှင်းလင်းပြောကြားချက်အပေါ် စားသုံးသူရေးရာဦးစီးဌာန စစ်တွေခရိုင် ဦးစီးမှူးမှ ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ ပုဂ္ဂလိကအခန်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတော်ဘက် မှလည်း အားပေးကူညီနေကြောင်း၊ ဌာနအနေဖြင့်လည်း ဝိုင်းဝန်းကူညီမည်ဖြစ်ကြောင်းနှင့် ထုတ်ပိုးကုန်စည်များဖြန့်ဖြူး ရောင်းချရာတွင် စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)၊  အခန်း(၁၈)၊ ပုဒ်မ(၄၁) ပြဌာန်းချက် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့်ပတ်သက်၍ ပြည့်စုံစွာဖော်ပြစေရေး ချပြဆွေးနွေးပြီး တီရှူးစက္ကူများ ထုတ်လုပ်ရာတွင် သုံးစွဲသူများဘေးအန္တရာယ်ကင်းရှင်းစေရေး သံတိုသံစများမပါဝင်စေရေး အထူးဂရုပြုဆောင်ရွက်စေရေး အသိပညာပေးတွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရခိုင်)

 

 

သာစည်မြို့နယ် ၊ ဘုရားငါးဆူ အ-ထ-က(ခွဲ)တွင် စားသုံးသူကာကွယ်ပေးရေး အသိပညာပေး

      ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်နေ့ (၁၀း၀၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်၊ ခရိုင်ဦးစီးမှူးရုံးမှ သာစည်မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် သာစည်မြို့၊ ဘုရားငါးဆူ အ-ထ-က(ခွဲ)တွင်  စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း အသိပညာပေးဟောပြောဆွေးနွေးခဲ့ ပါသည်။

       အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဒေါ်သိမ့်သူဇာမောင်က စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူအခွင့်အရေးများကို သိရှိနားလည်စေရန် စားသုံးသူကာကွယ် ရေးအသိပညာပေးဟောပြောပွဲလုပ်ငန်းများဆောင်ရွက်ခြင်းနှင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများလုပ်ဆောင်လျက်ရှိကြောင်း ရှင်းလင်းပြောကြားပြီး စားသုံးသူပြည်သူများအနေဖြင့် နေ့စဉ်ဝယ်ယူသုံးစွဲနေသော ကုန်စည်များနှင့်ပတ်သက်၍ သတင်းအချက်အလက်များကို မှန်ကန်စွာသိရှိစေရေး၊ လုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသားများကိုဖော်ပြရာတွင် ၂၀၁၉ စားသုံးသူကာကွယ်ပေးရေးဥပ‌‌ဒေပြဋ္ဌာန်းချက်များကို လိုက်နာပြီးထုတ်ကုန် လုံခြုံစိတ်ချရမှုရှိသောကုန်ပစ္စည်းများကို ထုတ်လုပ်အသုံးပြုနိုင်ရေးနှင့် စားသုံးသူအခွင့်အ‌ရေးများ နစ်နာဆုံးရှုံးမှုမရှိစေရေးတို့အတွက်ရည်ရွယ်၍ အသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။

   ကုန်စည်များထုတ်လုပ်ရောင်းချရာ၌ ကုန်အညွှန်းအမှတ်အသားများကို ပြည့်စုံစွာဖော်ပြရန်နှင့် ကုန်အညွှန်းအမှတ်အသားသည် ၂၀၂၀ ခုနှစ်၊ မတ်လ(၁၆)ရက်နေ့မှစ၍ စတင်အာဏာသက်ရောက်နေပြီဖြစ်ကြောင်းနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာမပါရှိပါက မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို စားသုံးသူကာကွယ်ရေးဥပဒေပုဒ်မ(၇၃)အရ (၂)နှစ်ထက်မပိုသောထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း (၂၀၀) ထက်မပိုသောငွေဒဏ်ဖြစ်စေ၊ ဒဏ်(၂)ရပ်လုံးဖြစ်စေ အရေးယူမှုများပြုလုပ်နိုင်ကြောင်း အသိပညာပေးဆွေးနွေးပြောကြားခဲ့ပါသည်။ ဆက်လက်၍  ကုန်အညွှန်းအမှတ်အသားတပ်ဆင်ရန် အခက်အခဲရှိပါက စားသုံးသူရေးရာဦးစီးဌာနသို့ လာရောက်တိုင်ပင်ဆွေးနွေးနိုင်ပါကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့်လည်း မိမိတို့ကိုယ်တိုင်စားသုံးသူများဖြစ်သည့်အတွက် စာသုံးသူအခွင့်အရေးဆုံးရှုံးနစ်နာမှုများရှိခဲ့လျှင် DOCA Myanmar Application နှင့်စားသုံးသူရေးရာဦးစီးဌာန၏ Website www.doca.gov.mm တွင် ဝင်ရောက်တိုင်ကြားနိုင်သည်ကိုလည်း ဆွေးနွေးပြောကြားကာ လက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ပြီးဟောပြောပွဲကို နံနက် (၁၁း၁၅)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။

DOCA(မန္တလေး)

ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ထည့်သွင်းဖော်ပြရေး အသိပညာပေးဆွေးနွေး

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီမှူးနှင့် သရက်ခရိုင် ဦးစီးမှူးတို့၏ လမ်းညွှန်မှုဖြင့် သရက်ခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူးဦးအုန်းမြင့် ဦးဆောင်သော ဝန်ထမ်းများသည် (၁၃.၂.၂၀၂၃)ရက်နေ့ နေ့လယ် (၁၄:၃၀)နာရီအချိန်တွင် သရက်မြို့၊ ဇော်ဂျီရပ်ကွက်၊ မင်းတုန်းလမ်း၌ ဇာမဏီအမှတ်တံဆိပ်ဖြင့် ပဲကြော် ထုတ်လုပ်သည့် လုပ်ငန်းရှင်အား သွားရောက်တွေ့ ဆုံခဲ့ပြီး စားသုံးသူကာကွယ်ရေး ဥပဒေ (၂၀၁၉) အခန်း (၁၈)ပါ ကုန်အညွှန်းမှတ်အသားများ ပြည့်စုံစွာ ထည့်သွင်းဖော်ပြစေရေးအတွက် အသိပညာပေး ဆွေးနွေးခဲ့ပါသည်။

    သရက်ခရိုင်၊ ဒု-ခရိုင်ဦးစီးမှူး ဦးအုန်းမြင့်က ဆွေးနွေးရာတွင် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြ ခြင်းဖြင့် ဈေးကွက် အတွင်းရှိ  မိမိတို့ထုတ်ကုန်များမှာ စားသုံးသူများအား ဘေးအန္တရာယ်ကင်းရှင်း စေခြင်း၊ အာမခံချက်ပေးခြင်း၊ သတင်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာ ထည့်သွင်းခြင်းတို့ကြောင့် စားသုံးသူများအနေဖြင့် စီးပွားရေးလုပ်ငန်းရှင်များအပေါ်  ယုံကြည်မှုများရရှိလာပြီး အကျိုးစီးပွားများ ပိုမိုရရှိ လာနိုင်မည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးပြီး ဒု-ကြီးကြပ်ရေးမှူး ဦးကျော်ရွှေက စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်၏ ညွှန်ကြားချက်(၂/၂၀၁၉)ပါ ကုန်စည်အုပ်စု(က)ရှိ အစားအသောက်တွင်  မြန်မာဘာသာဖြင့် ထည့်သွင်းရမည့်အချက်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်သည့် ဥပဒေပြဌာန်းချက်များ၊ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်း၊ တားမြစ်ချက်များ၊ ပြစ်မှုနှင့် ပြစ်ဒဏ်များအကြောင်း သိရှိလိုက်နာစေရန်ဆွေးနွေးခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်များသည် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ပြည့်စုံမှန်ကန်မှု ရှိ/မရှိကို မိမိတို့ဌာနသို့ တင်ပြစိစစ် လျှောက်ထားနိုင်ပါကြောင်း၊ ကုန်အမှတ်တံဆိပ်စိစစ်ခွင့်ပြုချက်များအား ပြုလုပ်ဆောင်ရွက်ထားစေလိုကြောင်း အသိပညာပေး ဆွေးနွေးခဲ့ရာ လုပ်ငန်းရှင်မှ သိရှိလိုက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

         

 

ပုဂံ၊ ညောင်ဦးရှိ ပုန်းရည်ကြီးလုပ်ငန်းရှင်များ အစုအဖွဲ့ ဖွဲ့စည်း

       ညောင်ဦးခရိုင်၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာ၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးရှိး အစည်းအဝေးခန်းမတွင် (၁၃-၂-၂၀၂၃)ရက်နေ့ နံနက် ၁၀:၀၀ နာရီအချိန်၌ ပုဂံ-ညောင်ဦးမှ ပုန်းရည်ကြီးလုပ်ငန်းရှင်များအစုအဖွဲ့ ဖွဲ့စည်းခြင်းအခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ပါသည်။

         အခမ်းအနားတွင် စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးက အဖွင့်မိတ်ဆက်စကားပြောကြားပြီး ညောင်ဦးခရိုင်အတွင်း ပြည်တွင်းကုန်သွယ်မှုလုပ်ငန်းများဖွံဖြိုးတိုးတက်စေရန်နှင့် SME စီးပွားရေးလုပ်ငန်းများ ဖွံဖြိုးတိုးတက်စေရန်အတွက်ရည်ရွယ်၍ ပုဂံ၊ ညောင်ဦးနှင့် ငါ့သရောက်မြို့ရှိ မြန်မာ့ရိုးရာအစားအစာဖြစ်သည့် ပုန်းရည်ကြီးထုတ်လုပ်ဖြန့်ဖြူးရောင်းချသော စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံကာ ပုဂံ၊ ညောင်ဦး ပုန်းရည်ကြီးလုပ်ငန်းရှင်များအစုအဖွဲ့ကို ဖွဲ့စည်းပေးခြင်းဖြစ်ကြောင်းဟောပြောဆွေးနွေးပါသည်။ဆက်လက်၍ ပုန်းရည်ကြီးလုပ်ငန်းရှင်များက သိရှိလိုသည်များအား မေးမြန်းဆွေးနွေးရာ ခရိုင်ဦးစီးမှူးက ပြန်လည်ဖြေကြားဆွေးနွေးခဲ့ပါသည်။

      အဆိုပါ အစုအဖွဲ့များ ဖွဲ့စည်းခြင်းအခမ်းအနားသို့ ပုဂံ၊ ညောင်ဦးမြို့နှင့် ငါ့သရောက်မြို့များရှိ ပုန်းရည်ကြီးလုပ်ငန်းများဖြစ်သည့် ရွှေနန်းတော်၊ ပုဂံမြို့သူ၊ ရွှေဥဩ၊ ကြောင်နက်၊ မြနန်းတော်၊ မြင်းနက်၊ ပြည့်ဝသူ၊ ရွှေကရဝိတ်၊ ဆင်မြင်း၊ ရွှေဥဒေါင်း၊ ဇာမဏီ၊ မြနှင်းဆီ၊ ဇင်ယော်မေ၊ မြင်းပျံ၊ မြင်းကျား၊ ဝမ်းဘဲ စသည့်ကုန်အမှတ်တံဆိပ်များဖြင့် ထုတ်လုပ်ဖြန့်ဖြူးရောင်ချလျက်ရှိသော လုပ်ငန်းရှင် (၁၆)ဦးတက်ရောက်ခဲ့ပါသည်။

DOCA(မန္တလေး)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ