ငါန်းဇွန်မြို့နယ်တွင်အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား စားသုံးဆီထုတ်ပေး

Powered by Drupal

    မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်မှုဖြင့် အငြိမ်းစားနိုင်ငံဝန်ထမ်းများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား နိုင်ငံတော်မှသတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချပေးသောစားအုန်းဆီများ လစဉ်လတိုင်း ရောင်းချပေးလျက်ရှိကြောင်း သိရသည်။၂၀၂၅ ခုနှစ် မတ်လ (၁)ရက်နေ့မှ (၂၅)ရက်နေ့ထိ အငြိမ်းစားနိုင်ငံဝန်ထမ်း(၄၈၀)ဦးအား တစ်ဦးလျှင် တစ်ပိဿာ (၈၃၀၀) ကျပ်ဈေးဖြင့် လည်းကောင်း၊ ဌာနဆိုင်ရာဝန်ထမ်း ( ၁၂၀၀ )ဦးအား လစဉ်လကုန်ရက်တိုင်း တစ်ဦးလျှင် တစ်ပိဿာနှုန်း ယခုလဈေးနှုန်း ( ၈၃၀၀ ) ကျပ်ဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

DOCA(မန္တလေး)