သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

လွိုင်လင်မြို့မဈေးရှိ ဆန်အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

      ရှမ်းပြည်နယ်(တောင်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ သည် (၆.၈.၂၀၂၅) ရက်နေ့၊ နေ့လယ် (၁၃:၀၀) အချိန်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ လွိုင်လင်မြို့မဈေးအတွင်းရှိ ဆန်လက်လီလက်ကားရောင်းချနေသော ဆန်အရောင်းဆိုင် များသို့သွားရောက်၍ ဆန်ဖြန့်ဖြူးရောင်းချနေမှုအခြေအနေတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် လွိုင်လင်မြို့မဈေးအတွင်းရှိ ဆန်အရောင်းဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချဖြန့်ဖြူးခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆန်များကိုသိုလှောင်ခြင်းမပြု ရန်နှင့် အခြေခံစားသောက်ကုန်များ ဈေးနှုန်းမြှင့်တင်ရောင်းချမှု ရှိ/မရှိအား ကြပ်မတ်စစ်ဆေးလျက်ရှိရာ ဆန်ဆိုင်များမှ သက်ဆိုင်ရာဌာနတို့၏ လမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်ရန် ဆွေးနွေးခဲ့ပါသည်။ ထို့ပြင် ဆန်ဈေးနှုန်း ယခင်အပတ်ဈေး၊ ယခုအပတ်ဈေးနှုန်းများကို မေးမြန်းခဲ့ပြီး ဆန်လက်ကျန် ဆန်အိတ်အရေအတွက်များစွာမရှိပဲ ဈေးနှုန်းတည်ငြိမ်ပြီး ပုံမှန်လည်ပတ်၍ ဖြန့်ဖြူးရောင်းချလျက် ရှိကြောင်းသိရှိရပါသည်။ 

DOCA(ရှမ်း)

မြို့လုံးကျွတ်ဝါတွင်းကာလ အရုဏ်ဆွမ်းစုပေါင်းလောင်းလှူပူဇော်ပွဲ ပါဝင်လှူဒါန်း

      ရှမ်းပြည်နယ်အစိုးရမှ ကြီးမှူးကျင်းပသော မြို့လုံးကျွတ်ဝါတွင်းကာလ အာရုံဆွမ်း စုပေါင်းလောင်းလှူပူဇော်ပွဲကို (၃၁-၇-၂၀၂၅)ရက်နေ့၊ နံနက်(၀၅:၀၀)နာရီအချိန်တွင် တောင်ကြီးမြို့၊ ဗိုလ်ချုပ်လမ်း၊ ကမ္ဘောဇဓမ္မာရုံအရှေ့၌ ကျင်းပခဲ့ပါသည်။ အဆိုပါ မြို့လုံးကျွတ်ဝါတွင်းကာလ အရုဏ်ဆွမ်းစုပေါင်းလောင်းလှူပူဇော်ပွဲ အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ စီးပွားရေးရာ ဝန်ကြီးမှဦးဆောင်၍ ဌာနဆိုင်ရာအကြီးအကဲများနှင့်အတူ စုပေါင်းလောင်းလှူခဲ့ကြောင်း သိရှိရပါသည်။

     စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ်ဦးစီးမှူး ဦးဆောင်၍ ဝန်ထမ်းများမှ သံဃာတော် အပါး(၁၀၀၀)အတွက် ကြက်သားဆီချက်ခေါက်ဆွဲများကို လောင်းလှူ၍ လှူဒါန်းပူဇော်ခဲ့ကြောင်း သိရှိရပါသည်။ 

DOCA(ရှမ်း)

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် အငြိမ်းစား(ပင်စင်စား)ဝန်ထမ်းများအား စားအုန်းဆီနှင့် ဆန်ရောင်းချပေးနိုင်မှု

       ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်ချက်အရ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီး မြို့နယ်အတွင်းရှိ အငြိမ်းစား(ပင်စင်စား)ဝန်ထမ်းများအား သက်သာသောနှုန်းထားဖြင့် ဝယ်ယူနိုင်ရန်အတွက် အငြိမ်းစား(ပင်စင်စား)တစ်ဦးလျှင် ရည်ညွှန်းဈေးဖြင့် စားအုန်းဆီ (၁.၅)ပိဿာနှုန်းနှင့် ဆန်(၆)ပြည်နှုန်းဖြင့် ရောင်းချပေးနိုင်ရန် ညွှန်ကြားခဲ့ရာ ရှမ်းပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းနှင့် ရှမ်းပြည်နယ်(တောင်ပိုင်း) ဆန်လုပ်ငန်းရှင်အသင်းတို့မှ ပူးပေါင်း၍ ပြည်နယ်အားကစားရုံ၌ လစဉ်ရောင်းချပေးလျက်ရှိရာ ယခုလ ပင်စင်လစာထုတ်ပေးသည့် ၂၀၂၅ခုနှစ်၊ ဇူလိုင်လ (၂၁)ရက်နေ့ မှ ဇူလိုင်လ (၃၁)ရက်နေ့အထိ  နံနက်(၉)နာရီမှ ညနေ(၄)နာရီအတွင်း သက်သာသောနှုန်းထားဖြင့် ရောင်းချပေးခဲ့ရာ စားအုန်းဆီ (၄၀၈၅)ပိဿာ၊ ဧရာဝတီပေါ်ဆန်း(၁၃၈)အိတ်၊ ဧည့်မထ(မှော်ဘီ-၃)(၁၆၄)အိတ်ခန့် ရောင်းချပေးနိုင်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

“ရှဲန်ဟိန်း” သောက်ရေသန့်ထုတ်လုပ်ရေးစက်ရုံအား ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၇)ရက်နေ့၊ ‌နေ့လယ် (၁၃:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးအောင်လင်းဦး (ဦးစီးမှူး) ဦးစီး၍ ခရိုင်အစား အသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့်ပူးပေါင်းကာ ယန်းလောအုပ်စု၊ ဝေါ်ခုတ်မြို့သစ်ရပ် ကွက်အတွင်းရှိ “ရှဲန်ဟိန်း” အမှတ်တံဆိပ် သောက်ရေသန့် ထုတ်လုပ်ရေးစက်ရုံအား ထုတ်ကုန်များ လုံခြုံစိတ်ချမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံ စွာ ဖော်ပြပါရှိရေးတို့နှင့် ပတ်သက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ရာတွင် “ရှဲန်ဟိန်း”  အမှတ်တံဆိပ် သောက်ရေသန့် ထုတ်လုပ်ရေးလုပ်ငန်းအနေဖြင့် သက်ဆိုင်ရာဌာန၏ ထောက်ခံချက်များနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။

    ဆက်လက်၍ စစ်ဆေးရေးမှူးနှင့် တာဝန်ရှိသူများသည် စားသုံးသူကာကွယ်ရေး ဥပဒေအခန်း (၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ”ကို သိရှိလိုက်နာဆောင်ရွက်စေရန် အသိပညာပေး ခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ပါသည်။

DOCA(ရှမ်း)

“မာစီ” သောက်ရေသန့်ထုတ်လုပ်ရေးစက်ရုံအား ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် စီးပွားရေးလုပ်ငန်းရှင်တွေ့ဆုံဆွေးနွေးခြင်း

      ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၇)ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးအောင်လင်းဦး (ဦးစီးမှူး) ဦးစီး၍ ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့်ပူးပေါင်းကာ ယန်းလောအုပ်စု၊ ဝေါ်ခုတ်မြို့သစ်ရပ်ကွက်အတွင်းရှိ “မာစီ” အမှတ်တံဆိပ် သောက်ရေသန့် ထုတ်လုပ်ရေးစက်ရုံအား ထုတ်ကုန်များလုံခြုံစိတ်ချမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြပါရှိရေးတို့နှင့် ပတ်သက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး သောက်ရေသန့်ထုတ်လုပ်သည့် စီးပွားရေး လုပ်ငန်းရှင်နှင့်လည်း တွေ့ဆုံဆွေးနွေးခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ရာတွင် “မာစီ” အမှတ်တံဆိပ် သောက် ရေသန့် ထုတ်လုပ်ရေးလုပ်ငန်းအနေဖြင့် သက်ဆိုင်ရာဌာန၏ ထောက်ခံချက်များနှင့် ကုန်အညွှန်း အမှတ်အသားပြည့်စုံစွာ ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။

          ဆက်လက်၍ စစ်ဆေးရေးမှူးနှင့် တာဝန်ရှိသူများသည် စားသုံးသူကာကွယ်ရေး ဥပဒေအခန်း (၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ”ကို သိရှိလိုက်နာဆောင်ရွက်စေရန် အသိပညာပေး ဆွေးနွေးခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ပါသည်။

DOCA(ရှမ်း)

 

 

ကျိုင်းတုံ-တောင်ကြီးလမ်းမပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များ၌ ရောင်းချနေသော တိုင်းရင်းဆေးဝါးပစ္စည်းများအား ကွင်းဆင်းစစ်ဆေးခြင်း

      ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၄)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးအောင်လင်းဦး (ဦးစီးမှူး) ဦးဆောင်၍ ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ပူးပေါင်း၍ ကျိုင်းတုံ-တောင်ကြီး လမ်းမပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင်များသို့သွားရောက်၍ ၎င်းတို့ရောင်းချနေသော တိုင်းရင်းဆေးဝါးပစ္ညည်းများတွင် မြန်မာ ဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာ ဖော်ပြပါရှိမှု ရှိ/မရှိတို့ကို ဈေးကွက် စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် တာဝန်ရှိသူများသည် ဈေးကွက်အတွင်းရောင်းချနေသော တိုင်းရင်းဆေးဝါးပစ္စည်းများပေါ်၌ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံ မှန်ကန်စွာဖော်ပြပါရှိခြင်း ရှိ/မရှိ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာဘာသာနှင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြခြင်း ရှိ/မရှိကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသားများ ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။ ယင်းနောက် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန် ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ တားမြစ်ချက်များအကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်းစသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ပါသည်။

DOCA(ရှမ်း)

 

 

 

တာချီလိတ်မြို့ပေါ်ရှိ ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

       ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၅) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးနှင့်ပူးပေါင်း၍ တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်၊ အာခါဈေးနှင့် ဆန်ဆိုင်း(က)အတွင်းရှိ ဆန်ဆိုင်များအား ဆန်သိုလှောင်ထားရှိမှု၊ ဆန်လက်ကျန် အခြေအနေနှင့် သင့်တင့်မျှတသော ဈေးနှုန်းများဖြင့် ရောင်းချနိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် တာချီလိတ်မြို့၊ ဝမ်ကောင်း ရပ်၊ အာခါဈေးနှင့် ဆန်ဆိုင်း(က)အတွင်းရှိ ဆန်ဆိုင်များတွင် ဧည့်မထဆန်နှင့် ပေါ်ဆန်းမွှေးများကို အဓိကရောင်းဝယ်မှုပြုကြသည်ကို တွေ့ရှိရပါသည်။ ထို့နောက် စစ်ဆေးရေးမှူးများမှ ဆန်ဆိုင် ပိုင်ရှင်များအား သင့်တင့်မျှတသောဈေးနှုန်းများဖြင့် ရောင်းဝယ်မှုပြုကြရန်၊ ဈေးကစားရန်အလို့ငှာ သိုလှောင်ခြင်းများမပြုကြရန်၊ ဆန်တန်ချိန်(၂၅)ဆံ့သိုလှောင်ရုံများအား MyRo တွင်မှတ်ပုံတင်ရန် ကျန်ရှိသောဆန်ဆိုင်များအား မှတ်ပုံတင်ပြုလုပ်ရန်၊ မှတ်ပုံတင်ထားရှိသောသိုလှောင်ရုံများ၏ ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်စာရင်းများအား Update ဖြည့်သွင်းနိုင်ရေးနှင့် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ သင့်တင့်မျှတသောဈေးနှုန်းဈေးကွက် ထုတ်ပြန်ချက်များကို လိုက်နာဆောင်ရွက်ရန် အသိပညာပေးကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

DOCA(ရှမ်း)

ရှမ်းပြည်နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ဈေးနှုန်းသက်သာစွာဖြင့် ဆန်နှင့် စားသုံးဆီများ ရောင်းချပေးလျက်ရှိ

     တောင်ကြီးမြို့တွင် ၂၀၂၅ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ ရှမ်းပြည်နယ်အစိုးရ အဖွဲ့၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံဆန်ကုန်သည်များအသင်း၊ မြန်မာနိုင်ငံဆီကုန်သည်ကြီးများအသင်း၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ရှမ်းပြည်နယ်ဆီဖြန့်ဖြူးရောင်းချရေး ဆီကိုယ်စားလှယ်များပူးပေါင်း၍ ဆန်နှင့်စားသုံးဆီများကို နိုင်ငံ့ဝန်ထမ်းအငြိမ်းစား(၁)ဦးလျှင် ဆီ(၁.၅)ပိဿာနှင့် ဆန်(၆)ပြည်တို့အား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

     ၂၀၂၅ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ နံနက်(၀၈:၃၀)နာရီ အချိန်မှစ၍ ညနေ (၀၄း၀၀)အချိန်အထိ ရောင်းချပေးခဲ့ပါသည်။ ထိုသို့ရောင်းချပေးရာတွင် နိုင်ငံဝန်ထမ်းအငြိမ်းစား ဝန်ထမ်း(၂၇၂၃)ဦးအား ဧရာဝတီပေါ်ဆန်း(၁၃၉)အိတ်၊ ဧည့်မထဆန်(၁၆၄)အိတ် ဆန်အိတ်ပေါင်း(၃၀၃) အိတ်နှင့် စားသုံးဆီပိဿာပေါင်း (၄၀၈၄.၅)ပိဿာတို့အား ရှမ်းပြည်နယ်၊ ပြည်နယ်အားကစားလေ့ကျင့်ရေးဝင်းတွင် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးတွင် video editing ပြုလုပ်နည်းအခြေခံသင်တန်းဖွင့်လှစ်

    မန္တလေးတိုင်းဒေသကြီး ၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေး ခန်းမ၌  ပြုလုပ်သော ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း(၁/၂၀၂၅) တွင် ချမ်းအေး သာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးထွန်းထွန်းနိုင်၊ ဦးစီးအရာရှိမှ video editing ပြုလုပ်နည်း အခြေခံသင်တန်းအား ပို့ချခဲ့ပြီး (၁၉.၆.၂၀၂၅)ရက်နေ့ နှင့်(၂၀.၆.၂၀၂၅) ရက်နေ့တို့တွင် (၂) ရက် သင်ကြားပို့ချခဲ့ကြောင်း သိရှိရပါသည်။ သင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ(၂၂)ဦး တက်ရောက်ကြပြီး သင်တန်းတွင် video editing ပြုလုပ် နိုင်သည့် software များ၊ software ဖြင့် video editing ပြုလုပ်ရာတွင် အခြေခံကျသည့် အချက်အလက်များကို သင်တန်းသားများအား စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးခဲ့ကြောင်း သိရှိရသည်။

DOCA (မန္တလေး)

ပုသိမ်ကြီးမြို့နယ်တွင် အသိပညာပေး Talk Show ဆောင်ရွက်

     မန္တလေးတိုင်းဒေကြီး ပုသိမ်ကြီးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပံသုကျီခန်းမ၌  ၂၇-၆-၂၀၂၅ ရက်နေ့ နေ့လည်ပိုင်းတွင် အသိပညာပေး Talk Show  ဆောင်ရွက်ခဲ့ပါသည်။ Talk Show  ဆောင်ရွက်ရာတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ၊စားသုံးသူရေးရာဦးစီးဌာန ၊မန္တလေးတိုင်း ဒေသကြီးဦးစီးမှူးရုံး၊ သတင်းအချက် အလက်နည်းပညာနှင့် အရည်အသွေးစီမံ ခန့်ခွဲမှုဌာနခွဲ တာဝန်ခံ ဒေါ်အေးငြိမ်းစံ ၊ ဦးစီးအရာရှိနှင့် ပုသိမ်ကြီးမြို့နယ်  ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်မာအေး၊ ဒုတိယဦးစီးမှူးတို့က ပူးပေါင်း ဆောင်ရွက်ခဲ့ပါသည်။ Talk Show  ဆောင်ရွက်ရာတွင် မြန်မာဆန်စပါး အွန်လိုင်း မှတ်ပုံတင်ခြင်းအကြောင်း၊ ဆန်တန်ချိန် ၂၅ တန်နှင့်အထက် သိုလှောင်ရုံ သို့မဟုတ် စပါးတင်း ၂၅၀၀ နှင့် အထက် သိုလှောင်ရုံ တစ်မျိုးမျိုး ပိုင်ဆိုင်ထား သူများအနေဖြင့်  (www.doca.gov.mm)တွင် မှတ်ပုံတင် လျှောက်ထားရမည် ဖြစ်ကြောင်း ၊ ဆန်စပါးသိုလှောင်ရုံ များပိုင်ဆိုင်သူများ လိုက်နာရမည့် စည်းကမ်း ချက်များအကြာင်း  အစရှိသည်များကို ဆွေးနွေးခဲ့ ကြောင်းသတင်းရရှိပါသည်။

DOCA (မန္တလေး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ