သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကလေးမြို့ပေါ်ရှိ တောင်ဇလပ်ရပ်ကွက်အတွင်းတွင် ဆန်နှင့် ဆန်ထွက်အရောင်းပစ္စည်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

      ( ၆.၈.၂၀၂၅ ) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်အတွင်းရှိ ကလေးမြို့ပေါ်ရှိ၊ တောင်ဇလပ်ရပ်ကွက်အတွင်း၊ ရောင်းချနေသည့် သိန်းသန်းမင်း ဆန်နှင့် ဆန်ထွက်ပစ္စည်း အရောင်းဆိုင်သို့ သွားရောက်၍ ဒေါ်သန်းသန်းဝင်း ( ခရိုင်ဦးစီးမှူး ) မှ ဦးဆောင်၍ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ သည်ဟု သိရှိရပါသည်။

       စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်သန်းသန်းဝင်း ( ခရိုင်ဦးစီးမှူး )က မိမိတို့ ဆိုင်တွင် ဆန်များရောင်းချရာ၌ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် ဆန်များသိုလှောင်ထားခြင်း မပြုလုပ်ရန်နှင့် ဆန်များချင်တွယ်ရောင်းချရာတွင်လည်း      အချင်အတွယ်များအား ပြည့်မှီစွာ ရောင်းချရန်နှင့် ဆန်များ သိုလှောင်ရောင်းချမည်ဆိုပါက MyRo စနစ်ဖြင့် မှတ်ပုံတင်ဆောင်ရွက်နိုင်ရေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

အင်္ဂပူမြို့ပေါ်ရပ်ကွက်ရှိ ပြည်သူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် (၅.၈.၂၀၂၅) ရက်နေ့၊ နံနက်(၁၁:၃၀)အချိန်တွင် အင်္ဂပူမြို့ပေါ်ရပ်ကွက်ရှိ ပြည်သူ(၁၄၀)ဦးအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို  ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါ‌ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးဘိုဘိုက လယ်ယာထွက်သီးနှံများနှင့် ပါတ်သတ်၍ ဈေးနှုန်းဈေးကွက်၊ ဝယ်လိုအား၊ ရောင်းလိုအားအခြေအနေများဆွေးနွေးခဲ့ပြီး၊ စားသုံးသူ ကာကွယ်ရေး ဆိုင်ရာလုပ်ငန်းများနှင့်ပါတ်သတ်၍ စားသုံးသူကာကွယ်ရေးဥပဒေစတင်ဖြစ်ပေါ်လာပုံ၊ စားသုံးသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ရရှိနိုင်သောအခွင့်အရေးများကို အကျယ်တဝင့် ရှင်းလင်း ပြောကြားခဲ့ ပါသည်။ ဆက်လက်၍ အစားအသောက်များနှင့်လူသုံးကုန်ပစ္စည်းများတွင် ကုန်အညွှန်း အမှတ်အသား ဖော်ပြထားခြင်းမရှိပါက သတိထား၍ ဝယ်ယူသုံးစွဲသင့်ကြောင်း၊ ကုန်အညွှန်းအမှတ် အသား ပြည့်စုံစွာ ရိုက်နှိပ်ဖော်ပြထားသော ပစ္စည်းများကိုသာရွေးချယ်ဝယ်ယူသုံးစွဲ သင့်ကြောင်း ၊ ထို့နောက် စားသုံးသူ ကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များအကြောင်း စားသုံးသူ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါကတိုင်ကြားနိုင်ကြောင်းကိုလည်းကောင်း၊  စားသုံးသူသတင်း ပြန်ကြားရေးနှင့် တိုင်ကြား မှု လက်ခံဆောင်ရွက်ရေးစင်တာ (Consumer Information and Complaint Center) CICC ဖွင့်လှစ်ထားရှိမှု အခြေအနေကိုလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်း ဆောင်ရွက် ချက်များ အကြောင်း သိရှိလိုပါက www.doca.gov.mm Website တွင် ဝင်ရောက်လေ့လာ နိုင်ကြောင်းနှင့် Consumer Call Center 1535 သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်းကိုလည်း ကောင်း အသေးစိတ် ပြောကြားခဲ့ပြီး နေ့လည်(၁၃:၀၀) နာရီအချိန်တွင် ဟောပြောပွဲကို ရုပ်သိမ်းခဲ့ပါ သည်။

(DOCA ဧရာဝတီ)

ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီ ၃/၂၀၂၅ အစည်းအဝေးပြုလုပ်

    ဧရာဝတီတိုင်ဒေသကြီး စားသုံးသူရေးရာဦးစီးဌာန တိုင်းဦးစီးမှူးရုံးအစည်းအဝေးခန်မတွင် စားသုံးသူရေးရာကော်မတီ ၃/၂၀၂၅ အစည်းအဝေးကို ဩဂုတ်လ ၆ရက်နေ့တွင်  ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီး စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ ဦးစောလင်းခယ် စားသုံးသူရေးရ၍ာကော်မတီအတွင်းရေးမှူး တိုင်းဦးစီးမှူး ဦးဝင်းထွန်း၊ဒုတိုင်းဦးစီးမှူးဦးထွန်းထွန်း ၊ဒေါ်လှလှမော်၊စားသုံးသူရေးရာဌာနခွဲ ဝန်ထမ်းများ     ဧရာဝတီတိုင်းစက်မှုအသင်းနှင့်စားသုံးသူရေးရာကော်မတီအဖွဲ့ ဝင်များတက်ရောက်ခဲ့ပါသည်။

      ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ စီးပွားရေးရာဝန်ကြီးဦးစောလင်းခယ် မှ စားသုံးသူရေးရာကော်မတီအနေနဲ့ စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ သက်ဆိုင်ရာအစိုးရဌာန ပုဂ္ဂလိကအဖွဲ့အစည်းများနှင့် ပူးပေါက်းဆောင်ရွက်ခြင်း၊ အကြံညဏ်များရယူခြင်း၊ မြန်မာနိုင်ငံစားသုံးသူကော်မရှင်၏ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း ကုန်သည်နှင့်ဈေးကွက်အတွင်းရှိ ကုန်စည်များအား ဘဏ္ဍာနှစ်အလိုက် ရွေးချယ်အတည်ပြုထားသော ဦးစားပေးကုန်စည်(၁၀)မျိုးကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် အသိပညာပေးကဏ္ဍာမှာလည်း သက်မွေးသင်တန်းကျောင်း၊တက္ကသိုလ်ကောလိပ် တပ်ရင်းတပ်ဖွဲ့ အကုန်ဦးစီးဌာနမှ ဝန်ထမ်းများ မိသားစုဝင်များ ပါဟောပြောပွဲပြုလုပ်ဆောင်ရွက်လျက်ရှိပါသည်။

        ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီအတွင်းရေးမှူး၊ စားသုံးသူရေးရာဦးစီးဌာန တိုင်းဦးစီးမှူးကစားသုံးသူကာကွယ်ပေးရေးဆိုင်ရာများပြောကြားပြီး အစည်းအဝေးကိုရုတ်သိမ်းခဲ့ပါသည်။

DOCA(ဧရာဝတီ)

ပန်းတနော်မြို့နယ် ဆန်စပါး လုပ်ငန်းရှင်များအား MyRo မှတ်ပုံတင်ဆောင်ရွက်ရန် ကိစ္စနှင့် စပ်လျဉ်း၍ အသိပညာပေး ဟောပြောခြင်း

   မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှုးဦးဇော်မင်းသည် ပန်းတနော် မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမတွင်(၆-၈-၂၀၂၅)ရက်နေ့ နေ့လည်(၁)နာရီအချိန်က ပန်းတနော် ဆန်စပါးလုပ်ငန်းရှင်နှင့် ဆန်စက် လုပ်ငန်းရှင် (၄၅)ဦးခန့် အား MyRO မှတ်ပုံတင်နှင့် စပ်လျဉ်း၍ လုပ်ငန်းရှင်များ သိရှိနိုင်ရန် အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။ 

    ဟောပြောရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူး ဦးဇော်မင်းမှ  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသည် ဆန်တန်ချိန် ၅၀ တန်(သို့မဟုတ်) စပါးတင်း ၅,၀၀၀ နှင့်အထက် သိုလှောင်ထားရှိသည့် ဆန်စပါးသိုလှောင်ရုံ များအားလုံးကို မြန်မာဆန်စပါးအွန်လိုင်း Myanmar Rice Online(MyRO) စနစ်တွင်မှတ်ပုံတင်ရန် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်မှစတင်ပြီး ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း၊ဝန်ကြီးချုပ်မှ နယ်မြေဒေသဖွံ့ဖြိုးရေး ကွင်းဆင်းရာတွင် တောင်သူတစ်ဦးမှ မှတ်ပုံတင်ရန်သတ်မှတ်ထားသည့် ပမာဏထက် ပိုမိုသိုလှောင်ခွင့် မရှိကြောင်း သိုလှောင်ခြင်းပြုပါက အရေးယူခံရနိုင် ကြောင်း တင်ပြလာမှုအပေါ် မဟုတ်မမှန်သတင်းလွှင်ခြင်းများဖြစ်ပေါ်နေသဖြင့် တောင်သူနှင့် လုပ်ငန်းရှင်များသိရှိနိုင်ရန် အသိပညာပေး ခြင်းဖြစ်ကြောင်း၊  ပန်းတနော်မြို့နယ်မှ မှတ်ပုံတင်ပြီး ဆန်/စပါးသိုလှောင်ရုံ (၄၄)လုံး မှတ်ပုံတင် ဆောင်ရွက်ပြီးစီးပြီး ထပ်မံသက်တမ်းတိုးရန်ရှိသော လုပ်ငန်းများမှလည်း သက်တမ်းတိုးဆောင်ရွက်ကြရန်၊ ဥပဒေအရ စီးပွားရေးအလို့ငှာ စပါးသိုလှောင်ထားရှိသော သိုလှောင်ရုံများ ရှိပါက မှတ်ပုံတင်ရန်သပ်မှတ်ထားသည့်အတိုင်း မှတ်ပုံတင်ရ မည်ဖြစ်ပြီး သိုလှောင်မှု ပမာဏထက်ပိုမိုသိုလှောင်ခွင့်မရှိကြောင်း သိုလှောင်ပါကအရေးယူခံရ ကြောင်းမဟုတ်မမှန် သတင်းလွှင့်နေမှုမှာ မှန်ကန်မှုမရှိကြောင်းနှင့်MyROမှတ်ပုံတင်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်အား မအူပင် ဆန်စပါးလုပ်ငန်းရှင်နှင့် ဆန်စက်လုပ်ငန်းရှင် များသိရှိနိူင်ရေးအသိပညာပေးဆွေးနွေးခဲ့ပြီး  လုပ်ငန်းများ သိလိုသည်ကိုလည်း ပြန်လည်ဖြေရှင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

မအူပင်မြို့နယ် ဆန်စပါး လုပ်ငန်းရှင်များအား MyRo မှတ်ပုံတင်ဆောင်ရွက်ရန် ကိစ္စနှင့် စပ်လျဉ်း၍ အသိပညာပေး ဟောပြောခြင်း

 မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒုခရိုင်ဦးစီးမှုးဦးအောင်ဇော်ဦး သည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင်(၆-၈-၂၀၂၅)ရက်နေ့ နံနက်(၁၀)နာရီအချိန်က ဆန်စပါးလုပ်ငန်းရှင်နှင့်ဦ ဆန်စက်လုပ်ငန်းရှင် (၄၂)ဦးခန့် အား MyRO မှတ်ပုံတင်နှင့် စပ်လျဉ်၍ တောင်သူများ သိရှိနိုင်ရန် အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။ 

   ဟောပြောရာတွင် ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသည် ဆန်တန်ချိန် ၅၀ တန်(သို့မဟုတ်) စပါးတင်း ၅,၀၀၀ နှင့်အထက် သိုလှောင်ထားရှိသည့် ဆန်စပါးသိုလှောင်ရုံ များအားလုံးကို မြန်မာဆန်စပါးအွန်လိုင်း Myanmar Rice Online(MyRO) စနစ်တွင်မှတ်ပုံတင်ရန် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်မှစတင်ပြီး ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း၊ မအူပင်မြို့နယ်မှ မှတ်ပုံတင်ပြီး ဆန်/စပါးသိုလှောင်ရုံ (၃၆)လုံး မှတ်ပုံတင်ဆောင်ရွက်ပြီးစီးပြီး ထပ်မံသက်တမ်းတိုးရန်ရှိသော လုပ်ငန်းများမှလည်း သက်တမ်းတိုးဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း၊ ဥပဒေအရ စီးပွားရေးအလို့ငှာ စပါးသိုလှောင်ထားရှိသော သိုလှောင်ရုံများ ရှိပါက မှတ်ပုံတင်ရန်သပ်မှတ်ထားသည့်အတိုင်း မှတ်ပုံတင်ရ မည်ဖြစ်ပြီး သိုလှောင်မှု ပမာဏထက်ပိုမိုသိုလှောင်ခွင့်မရှိကြောင်း သိုလှောင်ပါကအရေးယူခံရ ကြောင်းမဟုတ်မမှန် သတင်းလွှင့်နေမှုမှာမှန်ကန်မှုမရှိကြောင်းနှင့်MyROမှတ်ပုံတင်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်အား မအူပင် ဆန်စပါးလုပ်ငန်းရှင်နှင့် ဆန်စက်လုပ်ငန်းရှင်များသိရှိနိူင်ရေးအသိပညာပေးဆွေးနွေးခဲ့ပြီး  လုပ်ငန်းများ သိလိုသည်ကိုလည်း ပြန်လည်ဖြေရှင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဉီးစီးဌာန၊ တိုင်းဒေသကြီးဉီးစီးမှူးရုံးတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ လုပ်ငန်းကျွမ်းကျင်မှုသင်တန်းကျင်းပ

       ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ(၇)ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ လုပ်ငန်းကျွမ်းကျင်မှုသင်တန်းကျင်းပခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီးဉီးစီးမှူးရုံးမှဝန်ထမ်းများ၊ မုံရွာခရိုင်ဉီးစီးမှူးရုံးမှ ဝန်ထမ်းများနှင့် ကလေးခရိုင် ဦးစီးမူးရုံး၊ ကန့်ဘလူခရိုင်ဉီးစီးမှူးရုံး၊    စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးနှင့် ရွှေဘိုခရိုင်ဦးစီးမှူးရုံးတို့မှ ဝန်ထမ်း များက Online စနစ်ဖြင့် တက်ရောက်ခဲ့ကြပြီး စုစုပေါင်း(၇၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

     သင်တန်းကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ  စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် “ပြည်တွင်း ကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်” ဟူသော ဌာန၏မျှော်မှန်းချက်ကို လိုက်ပါအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ဝန်ကြီးဌာနနှင့် အထက်ဌာနများမှချမှတ်ပေးသော မူဝါဒများ၊ လမ်းညွှန်ချက်များ၊ ဌာနမှဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအပေါ် သိရှိနားလည်နိုင်ရန်နှင့် လုပ်ငန်းများဆောင်ရွက်ရာတွင် ကျွမ်းကျင်မှုရှိစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရပါသည်။

      အဆိုပါသင်တန်းတွင် စီမံရေးရာဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တိုးတိုးချွန်က ဝန်ထမ်းများ သိသင့်သိထိုက်သည့် စည်းမျဉ်းစည်းကမ်းများ၊ လိုက်နာရမည့်တာဝန်များ၊ အမိန့် ညွှန်ကြားချက်များအကြောင်း၊ ငွေစာရင်းဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝေဝေက ရန်ပုံငွေ၊ အသုံးစရိတ်များ၊ ဌစများအကြောင်း၊ မူဝါဒ/ ပြည်တွင်းဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဇင်မာဉီးက ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းများအကြောင်း၊ သတင်း/နည်းဌာနခွဲမှ   ဉီးစီးအရာရှိ ဒေါ်ခိုင်မို့မို့က သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးလုပ်ငန်း များအကြောင်း၊ စားသုံးသူရေးဌာနခွဲမှ ဦးစီးအရာရှိ ဒေါ်အေးမြင့်ငြိမ်းက စားသုံးသူအသိပညာပေးခြင်းနှင့် တိုင်ကြားမှုလက်ခံဖြေရှင်းဆောင်ရွက်ခြင်းအကြောင်း၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲမှ ဉီးစီးအရာရှိ ဒေါ်အေးမြင့်ငြိမ်းက ကုန်အညွှန်းအမှတ်အသားစိစစ်ခြင်း၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ၊  ဥပဒေပါတားမြစ်ချက်များအကြောင်းစသည့်ဖြင့် အကျယ်တဝင့်ဆွေးနွေးပို့ချခဲ့ပါသည်။ ထို့နောက် ပို့ချခဲ့သော သင်ခန်းစာများ နားလည်မှုအရည်ချင်းစစ်ဆေးခြင်းများပြုလုပ်ခဲ့ပြီး သင်တန်းကို ညနေ (၁၈:၀၀) နာရီအထိ ကျင်းပဆောင်ရွက်နိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

စစ်ကိုင်းတိုင်းဒေသကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကျော်က စားသုံးသူရေးရာ ဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံး၊ ရုံးအဆောက်အဦနှင့် ဝန်ထမ်းများ ရုံးလုပ်ငန်းဆောင်ရွက်နေမှု ကြည့်ရှု့စစ်ဆေး

     စစ်ကိုင်းတိုင်းဒေသကြီး၊  တိုင်း‌ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များ၊ စစ်ကိုင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များသည် ၂၈.၃.၂၀၂၅ရက်နေ့ နေ့လယ် (၁၂း၅၀) အချိန်တွင် လှုပ်ခတ် ခဲ့သောငလျင်မှာ မန္တလေးကိုအခြေပြု၍ ငလျင်၏ရိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးသွားသော စစ်ကိုင်းမြို့ပေါ်ရှိ  ပြိုကျပျက်စီးခဲ့သော ရုံးအဆောက်အဦ၊ ဝန်ထမ်းအိမ်ရာများအား  ဩဂုတ်လ (၄)ရက်နေ့တွင် လိုက်လံကြည့်ရှု့ခဲ့ပြီး  နေ့လယ် (၁၄း၃၀) အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊   စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးရှိ ရုံးအဆောက်အဦ၊ ဝန်ထမ်းအိမ်ရာနှင့် သိုလှောင်ရုံများအား လိုက်လံကြည့်ရှု့ခဲ့ကြောင်း သတင်းရရှိပါသည်။

      ထိုသို့ ကြည့်ရှု့စစ်ဆေးစဉ် စစ်ကိုင်းတိုင်းဒေသကြီး၊ တိုင်းအစိုးရအဖွဲ့ဝန်ကြီးချုပ်က ယာယီရုံးအတွင်းရှိ ဝန်ထမ်းများအနေဖြင့် ရုံးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ရေး၊ နိုင်ငံပိုင်ပစ္စည်းများ၊ အဆောက်အဦများ လေလွင့်ဆုံးရှုံးမှု မဖြစ်ပေါ်စေရေး၊ ရုံးအင်္ဂါရပ်နှင့် ညီညွတ်သောပတ်ဝန်းကျင်ဖြစ်စေရန် သန့်ရှင်းသပ်ရပ်မှုရှိအောင် ဆောင်ရွက်စေရေး၊ မိမိဌာနနှင့် ဆက်စပ်သော ဘာသာရပ်များသာမက ပြင်ပဗဟုသုတ၊ ခေတ်နှင့် လျော်ညီသော နည်းပညာများကို စဉ်ဆက်မပြတ် ကြိုးစားလေ့လာရေး၊ နိုင်ငံအကျိုး၊ ဝန်ကြီးဌာန အကျိုး၊ ပြည်သူ့အကျိုးကို ရှေးရှု၍ ရုံးလုပ်ငန်းများ စနစ်တကျ အောင်မြင်အောင် ဆောင်ရွက်ရေး မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြစေရေး လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး

   စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်တာဝန်ခံရုံးမှ ဦးအုန်းမြင့် (ဦးစီးမှူး) ဦးဆောင်သောဝန်ထမ်းများသည် (၇.၈.၂၀၂၅)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် သရက်မြို့၊ ဇော်ဂျီရပ်ကွက်ရှိ ''ဝင်းကမ္ဘာ'' အမှတ်တံဆိပ်ဖြင့် ထုတ်လုပ်ရောင်းချနေသော ပဲကြော် လုပ်ငန်းအလုပ်ရုံသို့ သွားရောက်၍ ထုတ်လုပ်နေသည့်ပဲကြော်တွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြစေရေး အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

      ထုတ်လုပ်နေသည့် ပဲကြော်တွင် စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)၊ အခန်း(၁၈) ပုဒ်မ (၄၁)အရ ဖော်ပြပါရှိရမည့်အချက်များနှင့် ပြည့်စုံမှုရှိကြောင်းစစ်ဆေးတွေ့ရှိရပြီး လုပ်ငန်း ရှင် အား ကုန်အညွှန်းအမှတ်အသား မပြည့်စုံသည့်ကုန်စည်များ ထုတ်လုပ်ရောင်းချခြင်းဖြင့် ဖြစ်ပေါ်စေ နိုင်သည့် ဆိုးကျိုးများ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ အကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်တို့၏ ပြစ်မှုပြစ်ဒဏ်များအကြောင်းအား အသေးစိတ်ရှင်းလင်းအသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA(မကွေး)

ချောက်မြို့၌ စားသောက်ဆိုင်လုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေးခြင်းဆောင်ရွက်

    မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့၌ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ စားသောက်ဆိုင်လုပ်ငန်းရှင်များ အား အသိပညာပေးဆွေးနွေးခြင်းကို (၅.၈.၂၀၂၅)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် ချောက် မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနရုံး၌ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

          ရှေးဦးစွာ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးက စား           သောက်ဆိုင်များတွင် အစားအသောက်ပြုပြင်ရောင်းချသည့်နေရာများ၌ သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ ဆိုင်ဝန်ထမ်းများ တစ်ကိုယ်ရည်သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ ဆိုင်တွင်ရောင်းချသည့် ကုန်ပစ္စည်း အမျိုးအစားအလိုက် ဈေးနှုန်းများဖော်ပြထားရှိရေး၊ စားသုံးသူများအား ဝန်ဆောင်မှုပေးရာတွင် စိတ် ကျေနပ်မှုရှိစေရေးများကိုလည်းကောင်း၊ မြို့နယ်ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီး အရာရှိ ဒေါ်သိမ့်ဝါက ကလေးအလုပ်သမားများ၏ အသက်အရွယ်နှင့် အလုပ်ချိန်ကန့်သတ်ချက်များ၊ ကလေးအလုပ်သမားများနှင့်ပတ်သက်သည့် ဥပဒေပြဌာန်းချက်များ၊ ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာ ဥပဒေများကိုလည်းကောင်း အသီးသီးဆွေးနွေးဟောပြောကာ တက်ရောက်လာသည့် စားသောက်ဆိုင်ပိုင်ရှင်များ၏ မေးမြန်းမှုများကို ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။ ထို့နောက် တက်ရောက်လာသည့် စားသောက်ဆိုင်ပိုင်ရှင်များအား ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များနှင့် စားသုံးသူရေးရာ အသိပညာပေး လက်ကမ်းစာ‌စောင်များကို ဖြန့်ဝေပေးအပ်ခဲ့ကြောင်း သိရသည်။

DOCA(မကွေး)

 

မအူပင်ခရိုင်ဦးစီးမှူးရုံး၏ ၈/၂၀၂၅ ဝန်ထမ်းထုဒါဘာ နှင့် လုပ်ငန်းညှိနိုင်း အစည်းအဝေးပြုလုပ်ဆောင်ရွက်ခြင်း

      ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာမှ ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲ အစည်းအဝေး ၈/၂၀၂၅ ကို (၅-၈-၂၀၂၅) ရက်နေ့ နေ့လည် ၂နာရီအချိန်က မြို့နယ်များနှင့်အတူ Zoom ဖြင့် အစည်းအဝေးပြုလုပ် ကျင်းပဆောင် ရွက်ခဲ့ကြသည်။

           အစည်းအဝေးကို မအူပင်ခရိုင်ဦးစီးမှူးက အဖွင့်စကားပြောကြားရာ မအူပင်ခရိုင်ရုံး ဒါဘာအစည်းအဝေးကို လစဉ် လဆန်း ၇ ရက်အတွင်း Zoom ဖြင့် အစည်းအဝေးပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် မြို့နယ်တွင်တာဝန်ထမ်း ဆောင်နေသော ဝန်ထမ်းများအနေဖြင့် လူအင်အားနည်းသော်လည်း ဌာနခွဲ ၇ခု လုပ်ဆောင်ရမည့် လုပ်ငန်းများကို ရုံးလုပ်ငန်းလိုအပ်ချက် အခက်အခဲရှိက တင်ပြနိုင်ရန်၊ လစဉ် ဝန်ထမ်းစွမ်းဆောင်ရည်သင်တန်း၊ Online ဖြင့်ချိတ်ဆက်ဆောင်ရွက်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း၊ လုပ်ငန်းဆောင်ရွက်ရာတွင် အားနည်ချက်၊ အားသာချက်များကို ဖြည့်စွပ်၍ ဆောင်ရွက်ရန်၊ မြို့နယ်များမှ တင်ပြလာသော အချက်များကို ခရိုင်အနေဖြင့် ဖြေရှင်းဆောင်ရွက်နိုင်ပါက ဆောင်ရွက်ပေးပြီး ၊ အထက်သို့ တင်ပြရန် လိုအပ်သောအချက်များကို တင်ပြဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

          ဆက်လက်၍ ဒုခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးက လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့်ပတ်သက်၍ စားသုံး/ထုတ်လုပ် လုပ်ငန်းများဆောင်ရွက်ရာတွင် အကြိမ်ရေပြည့်မှိအောင်ဆောင်ရွက်နိုင်ရန်နှင့် မြို့နယ်များ ဆောင်ရွက်ပြီးစီးမှူများကို မှတ်တမ်းထားရှိရန်၊ ကုန်အညွှန်းအမှတ်အသား တစ်လ ၁ကြိမ် တင်ပြနိုင်ရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ရန်၊ ပြည်တွင်း ကုန်သွယ်မှုနှင့် ပတ်သက်၍ ၆၀ရာနှုန်း လုပ်ဆောင်နေရပြီး ၄၀ရာခိုင်နှုန်းမှာ စားသုံးပိုင်းကို ဆောင်ရွက်နေရသဖြင့် ဒေသန္တရဌာနများဖြင့်လည်း ပူးပေါင်းဆောင်ရွက်ရန်၊ ၎င်းဌာနများက တောင်းခံခါသော စားသုံးပိုလျှံ၊ စိုက်အောင်ထွက်နှုန်းများကို သက်ဆိုင်ရာအခြေခံစာရင်းများ တောင်းခံ၍ တွက်ချက်ကူညီ ဆောင်ရွက်ပေးရန်တို့ကို မှာကြားပြောကြားခဲ့သည်။

          ညောင်တုန်းမြို့နယ်၊ ပန်းတနော်မြို့နယ်၊ ဓနုဖြူမြို့နယ်တို့မှ တင်ပြကြရာ ဝန်ထမ်းထုဒါဘာအနေဖြင့် အခက်အခဲတင်ပြမှု မရှိကြောင်းတင်ပြလာပြီး၊ လုပ်ငန်းညှိနှိုင်းအနေဖြင့် တင်ပြလာမှုအပေါ် အစည်းအဝေး ဆုံးဖြတ်ချက်အရ ဝန်ထမ်းများအနေဖြင့် တာဝန်နှင့် ဝတ္တရားများကို ကျေပျွန်စွာ ထမ်းဆောင်ကြရန်၊ သတင်းရေးသား ရာတွင် အဆင်ပြေချောမွေစွာ မြေပြင်အချက်အလက်မျာအား ကွင်းဆင်းတောင်းခံရာတွင် ပြည်တွင်းနှင့်ပတ်သက်၍ သီးနှံထွက်ရှိမှုများကို ဝယ်ယူရောင်းချသည့်နေရာ၊ တောင်သူအကြိုးအမြတ်၊ ပို့ကုန်တင်ပို့မှုအထောက်အကူပြုခြင်း၊ အခြေအနေများ၊ ကုန်ဈေးနှုန်း စီးဝင်၊ စီးထွက်၊ ဈေးနှုန်း အတက်အကျ၊ သုံးသပ်ချက်၊ စိုက်ပျိုးထုတ်လုပ်ပါက ကုန်ပစ္စည်းအမျိုးအစားအလိုက်သွင်းအားစု တစ်ဧက ကုန်ကျစရိတ်၊ အထွက်၊ တောင်သူအကျိုးအမြတ် အခြေအနေများ မေးမြန်းနိုင်ရန်၊ ၂၁-၈-၂၀၂၅ ရက်နေ့တွင် တိုင်းဒေသကြီးဦးစီးမှူးရုံးမှ သတင်းရေးသားမှု သင်တန်းကို ခရိုင်ရှိ ဝန်ထမ်းများ တက်ရောက်ရန် တို့ကို မှာကြားဆွေးနွေးဆုံးဖြတ်ခဲ့ကြောင်း အစည်းအဝေးကို ခရိုင်၊ မြို့နယ် ဝန်ထမ်း စုစုပေါင်း ၁၆ဦး တက်ရောက်ခဲ့ကြပြီး ၃၁၅နာရီအချိန်တွင် အစည်းအဝေးရှုပ်သိမ်းခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ