သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကန့်ဘလူမြို့နယ်တွင် အသင့်သောက်အချိုရည်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

     စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၄ ရက်နေ့ နံနက် (၁၀:၀၀ )အချိန်တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဒေါ်အိမွန်ကျော် အကြီးတန်းစာရေးတို့သည် ကန့်ဘလူမြို့၊ မြို့မဈေးရှိ  ကုန်စုံဆိုင်များတွင် ရောင်းချလျက်ရှိသော အသင့်သောက်အချိုရည်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် တာဝန်ခံက စားသုံးသူများနေ့စဉ် အသုံးပြုလျက်ရှိသော ကုန်စည်နှင့်ဝန်ဆောင်မှုများကို  ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်စေရန်ရည်ရွယ်၍ ဈေးကွက်အတွင်းရောင်းချနေသည့် အသင့်သောက်အချိုရည်အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားများကို (၂/၂၀၁၉)နှင့်အညီ မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပြီး တရားမဝင်ကုန်စည်များနှင့် သက်တမ်းလွန်ကုန်စည်များကို ရောင်းချခြင်းမပြုလုပ်ရန် အသိပညာ ပေးပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့မဈေးရှိ ကလေးကစားစရာပစ္စည်းအရောင်းဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေး

    ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၅ ရက် နံနက် ၁၀:၀၀ အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တာဝန်ခံဦးမျိုးဝင်းသန်းနှင့် ဒေါ်အိမွန်ကျော် အကြီးတန်းစာရေးတို့သည့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ ကန့်ဘလူမြို့မဈေးရှိ ကလေးကစားစရာအရုပ်နှင့်ပစ္စည်းအမျိုးမျိုး အရောင်းဆိုင်အား ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

     စားသုံးသူပြည်သူများအတွက် ကုန်စည်နှင့်ဝန်ဆောင်မှုများအသုံးပြုရာတွင် ဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်လျက်ရှိရာ ကန့်ဘလူမြို့မဈေးရှိ  ကလေးကစားစရာအရုပ်နှင့် ပစ္စည်းအမျိုးမျိုးအရောင်းဆိုင်များတွင် ကုန်အညွှန်းအမှတ်အသားနှင့်ပြည့်စုံမှုမရှိသောကုန်စည်များ ရောင်းချနေခြင်းရှိ/မရှိ စစ်ဆေးခဲ့ကြပြီး လုပ်ငန်းရှင်အား စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များနှင့် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုမရှိသော ကလေးကစားစရာအရုပ်နှင့် ပစ္စည်းမျိုးမျိုးအား ရောင်းချခြင်းမပြုရန် အသိပညာပေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်တွင် အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးဆိုင်များအား ကွင်းဆင်းစစ်ဆေး

    စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးအနေဖြင့် ၂၀၂၅ခုနှစ်၊ ဩဂုတ်လ ၄ ရက် နံနက်(၀၉:၃၀)နာရီအချိန်တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်း သန်းသည် ကန့်ဘလူမြို့ပေါ်ရှိ ဘိလပ်မြေနှင့်အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးဆိုင်များသို့ အပတ် စဉ် ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကန့်ဘလူမြို့ပေါ်ရှိ ဘိလပ်မြေနှင့် အိမ်ဆောက်ပစ္စည်း ရောင်းဝယ်ရေးဆိုင်များ၏ ဘိလပ်မြေဝယ်ယူရရှိမှုအခြေအနေ၊ လက်ကျန်အခြေအနေနှင့် ဈေးနှုန်း အခြေအနေအားလည်းကောင်း၊ အိမ်ဆောက်ပစ္စည်း သွပ်၊ သံ၊ သံပစ္စည်းစသည့် အခြေအနေများ အားလည်းကောင်း၊ ကွင်းဆင်းစိစစ်ခဲ့ရာ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများကို မန္တလေးမြို့မှဝယ်ယူရကြောင်း၊ ဘိလပ်မြေနှင့် အိမ်ဆောက်ပစ္စည်းများ ပစ္စည်းပြတ်လပ်မှုမရှိသေးကြောင်း လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)       

ကန့်ဘလူမြို့နယ်တွင် အိမ်ဆောက်ပစ္ညည်းရောင်းဝယ်ရေးဆိုင်များအား ကွင်းဆင်းစစ်ဆေး

    စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးအနေဖြင့် ၂၀၂၅ခုနှစ်၊ ဩဂုတ်လ ၄ ရက် နံနက်(၀၉:၃၀)နာရီအချိန်တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်း သန်းသည် ကန့်ဘလူမြို့ပေါ်ရှိ ဘိလပ်မြေနှင့်အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးဆိုင်များသို့ အပတ် စဉ် ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကန့်ဘလူမြို့ပေါ်ရှိ ဘိလပ်မြေနှင့် အိမ်ဆောက်ပစ္စည်း ရောင်းဝယ်ရေးဆိုင်များ၏ ဘိလပ်မြေဝယ်ယူရရှိမှုအခြေအနေ၊ လက်ကျန်အခြေအနေနှင့် ဈေးနှုန်း အခြေအနေအားလည်းကောင်း၊ အိမ်ဆောက်ပစ္စည်း သွပ်၊ သံ၊ သံပစ္စည်းစသည့် အခြေအနေများ အားလည်းကောင်း၊ ကွင်းဆင်းစိစစ်ခဲ့ရာ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများကို မန္တလေးမြို့မှဝယ်ယူရကြောင်း၊ ဘိလပ်မြေနှင့် အိမ်ဆောက်ပစ္စည်းများ ပစ္စည်းပြတ်လပ်မှုမရှိသေးကြောင်း လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)       

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးတင်မောင်ထွန်းသည် ၇.၈.၂၀၂၅ ရက်နေ့တွင် မြစ်ကြီးနားမြို့၊ မန်ခိန်ရပ်ကွက်အတွင်းရှိ လက်လီ/လက်ကားဖြန့်ဖြူးရောင်းချသော ‌‌ဒေါ်ငယ် (ကုန်စုံဆိုင်)သို့ သွားရောက်၍ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် ပတ်သက်၍ ကိုက်ညီမှု ရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

    ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် C Mix အမှတ်တံဆိပ်ပါ အသင့်ဖျော် သီးစုံဖျော်ရည် တွင် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)အရ ကုန်စည်ပေါ်တွင် မြန်မာဘာသာဖြင့် ဖော်ပြရမည့် အမျိုး အမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း နှင့် ဓါတ်မတည့် ကြောင်းဖော်ပြချက်တို့ပြည့်စုံစွာဖော်ပြပါရှိကြောင်းစစ်‌ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်ပိုင်ရှင် ဒေါ်ငယ် အား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသည့် ကုန်စည်များဈေးကွက်အတွင်း ရောင်းချခြင်းမပြုရန် အသိပညာ ပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးတင်မောင်ထွန်း သည် ၅.၈.၂၀၂၅ ရက်နေ့၊ ၁၀:၃၀ နာရီအချိန်တွင် မြစ်ကြီးနားမြို့၊ အေးစေတီရပ်ကွက်အတွင်းရှိ လက်လီ/လက်ကားဖြန့်ဖြူးရောင်းချသော ဦးမြင့်မောင်(ကုန်စုံဆိုင်)သို့ သွားရောက်၍ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက်အတွင်း မှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်းနှင့် ပတ်သက်၍ ကိုက်ညီမှု ရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ Wah-Lah အမှတ်တံဆိပ်၊ ပုဇွန်တုန်ယမ်းအရသာ ခရင်(မ်)မီချဉ်စပ် အသင့်စားခေါက်ဆွဲတွင် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)အရ ကုန်စည်အမျိုးအစား အလိုက်သတ်မှတ်ချက်များနှင့်အညီ မြန်မာဘာသာဖြင့်ပြည့်စုံစွာဖော်ပြရမည့် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား အရေအတွက်၊ အသားတင်ပမာဏနှင့် သုံးစွဲပုံနည်းလမ်းတို့ ပြည့်စုံစွာဖော်ပြထားရှိခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်ပိုင်ရှင်အား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်မှုမရှိသော ကုန်စည်များကိုရောင်းချခြင်း မပြုရန် အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

 

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးတင်မောင်ထွန်းသည် ၆.၈.၂၀၂၅ ရက်နေ့၊ ၁၀:၀၀ နာရီအချိန်တွင် မြစ်ကြီးနားမြို့၊ မင်းရပ်ရပ်ကွက်အတွင်းရှိ လက်လီ ဖြန့်ဖြူးရောင်းချသော ဒေါ်ကြေးမွန် (ကုန်စုံဆိုင်)သို့ သွားရောက်၍ စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် ပတ်သက်၍ ကိုက်ညီမှု ရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

   ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် RiCH အမှတ်တံဆိပ်ပါ  ခရင်မ်မီကော်ဖီမစ်တွင် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)အရ ကုန်စည်ပေါ်တွင် မြန်မာဘာသာဖြင့် ဖော်ပြရမည့် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်းတို့ပြည့်စုံစွာ ဖော်ပြပါရှိကြောင်း စစ်‌ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်ပိုင်ရှင် ကိုအားတီအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုမရှိသည့် ကုန်စည်များဈေးကွက်အတွင်း မရောင်းချရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

 

ကိုသန့်ဇင် (ကုန်စုံဆိုင်) သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကျော်မိုးလွင် သည် ၆.၈.၂၀၂၅ ရက်နေ့တွင် မိုးညှင်းမြို့၊ မြို့မရပ်ကွက် အတွင်းရှိ ကိုသန့်ဇင် (ကုန်စုံဆိုင်) သို့ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များနှင့် ကိုက်ညီခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

    ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ yum yum အမှတ်တံဆိပ်ပါ ပုစွန်ချဉ်စပ်အရသာ ခေါက်ဆွဲထုပ်သည် အသင့်စားခေါက်ဆွဲခြောက်ထုပ်အမျိုးမျိုးတို့တွင် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ် ချက်များနှင့်အညီ မြန်မာဘာသာဖြင့် ပြည့်စုံစွာ ဖော်ပြရမည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေ အတွက် အသားတင်ပမာဏနှင့် သုံးစွဲပုံနည်းလမ်းတို့ကို ကုန်အညွှန်းအမှတ်အသား ဖော်ပြထားခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားရှိကြောင်း စစ်ဆေး တွေ့ရှိရပြီး ကုန်စုံဆိုင်ပိုင်ရှင်အား ကုန်စည်အမျိုးမျိုး ဖြန့်ဖြူးရောင်းချရာတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံ မှန်ကန်စွာ ဖော်ပြထားသော ကုန်စည်များကိုသာ ဝယ်ယူဖြန့်ဖြူးရောင်းချရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

“သပေါ့ဖျာလုပ်ငန်းအားကွင်းဆင်းလေ့လာ”

     မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် အသေးစားအလတ်စားလုပ်ငန်းများဖွံဖြိုးတိုးတက်စေရေးအတွက်ကျောက်ဆည်မြို့နယ်၊ အင်ရောင်း ကျေးရွာအုပ်စု ၊ ဆင်ဦးကျေးရွာရှိ သပေါ့ဖျာလုပ်ငန်းအား ကွင်းဆင်းလေ့လာခဲ့ပါသည် ။ ၄င်းလုပ်ငန်း အား မိသားစုတစ်နိုင်တစ်ပိုင်ဖြင့် အိမ်တိုင်းလိုလိုယက်လုပ်၍ မိသားစုအပိုဝင်ငွေ ရရှိအောင် ယက်လုပ်ရောင်းချလျှက်ရှိပါသည် ။ သပေါ့ဖျာ (သို့) ဆက်သွားဖူးဖျာများအား ယက်လုပ်ရာတွင် ပထမဦးစွာ ဆက်သွားပင်မှ ဆက်သွားများကို ခုတ်ယူ၍ ဘေးဆူးများသင်ကာ နေလှန်းရပါကြောင်း ၊ ခြောက်လာသော ဆက်သွားပင်များကိုထုံးပြီး အရွယ်တူဆိုက်တူသော ဆက်သွားပင်များကိုရွေးချယ် ပြီး ဖျာတစ်ချပ်စာ(၁)ထုံးအား ရေစိမ်၍အခွေလေးများ ခွေရပါကြောင်း ၊ ခွေပြီးသား အခွေများကို ဖျာယက်လုပ်ရန်အတွက် သင့်တော်သောဆိုဒ်များရရှိအောင် ခွဲခြမ်းစိပ်ဖြာပေးရပါသည်။ အရောင်လှ ရန်အတွက် ဆိုးဆေးများအသုံးပြု၍ မိမိလိုချင်သော အရောင်များထည့်ကာ ဆက်သွားပင်များကို ရေနွေးပွတ်ပွတ်ဆူထဲတွင် ထည့်၍ပြုတ်ရပါကြောင်း၊ သို့မှသာမိမိလိုချင်သော အရောင်အသွေးစုံလင် ဒီဇိုင်းလှသော သပေါ့ဖျာများရရှိမည်ဖြစ်ပါသည် ။ သပေါ့ဖျာ တစ်ချပ်လျှင် ဆက်သွားပင် (၁၀၄) ပင် ဖြင့်ယက်လုပ်ရပြီး တစ်ယောက်အိပ်ဖျာ တစ်ချပ်လျှင် အလျား ၅ပေ ၊ အနံ၃ပေရှိပြီး နှစ်ယောက်အိပ် ဖျာတစ်ချပ်လျှင် အလျား ၆ပေ ၊ အနံ ၄ပေဖြင့် ဆက်သွားပင်ပေါ်မူတည်၍ ဖျာအတို၊ အရှည်ခွဲ၍ ယက်လုပ်ကြကြောင်း၊ အပင်ပေါ်မူတည်၍ ဖျာအမျိုးမျိုး ယက်လုပ်ရောင်းချကြပြီး အော်ဒါများမှာယူ ပါကလည်း ယက်လုပ်ပေးလျှက်ရှိပါကြောင်း၊ ဖျာစျေးနှုန်းများအနေဖြင့် နှစ်ယောက်အိပ်ဖျာတစ်ချပ် လျှင်(၁၅၀၀၀/-)ကျပ်၊တစ်ယောက်အိပ်ဖျာတစ်ချပ်လျှင်(၇၀၀၀/)ကျပ်နှုန်းဖြင့်ရောင်းချပေးကြောင်း၊ ဆက်သွားဖူးဖျာ (သို့) သပေါ့ဖျာများကို နှစ်ယောက်ယက်လုပ်လျှင် တစ်ရက်(၅)ချပ်နှုန်း ယက်လုပ် နိုင်ပြီး မိသားစုတစ်နိုင်တစ်ပိုင် ဆယ့်နှစ်ရာသီ ယက်လုပ်ရသော လုပ်ငန်းဖြစ်သည့်အတွက် အခြေခံ လူတန်းစားများအတွက် အပိုဝင်ငွေရရှိသော  လုပ်ငန်းဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA (မန္တလေး)                                                                                         

                                             

                                                

                     

“ကျောက်ဆည်မြို့နယ်တွင် ပြည်သူ့သက်သာဈေးရောင်းချခြင်းပြုလုပ်”

    ကျောက်ဆည်မြို့နယ်တွင် အခြေခံစားသောက်ကုန်ပစ္စည်းများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူ ရရှိနိုင်ရေးအား ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ၊ စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းစီစဉ်မှုဖြင့် လုပ်ငန်းရှင်များနှင့်ညှိနှိုင်း၍ စားသုံးသူပြည်သူ များအား သက်သာဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည် ။ သြဂုတ်လ(၃) ရက်နေ့တွင် ကျောက်ဆည်မြို့ ၊ နည်းပညာတက္ကသိုလ်ဝန်းအတွင်း၌ အခြေခံစားသောက်ကုန်ပစ္စည်းများ ဖြစ်သော  အမဲသား တစ်ပိဿာလျှင်(၂၅၀၀၀/-)ကျပ် ၊ ဝတ်သား တစ်ပိဿာလျှင် (၂၆၀၀၀/-) ကျပ် ၊ ဆိတ်သား (၁)ပိဿာလျှင်(၂၈၀၀၀/-)ကျပ်၊ ကြက်သား တစ်ပိဿာလျှင်(၂၀၀၀၀/-)ကျပ်၊ စားအုန်းဆီ (၁)ပိဿာလျှင် (၇၁၄၅/-)ကျပ်နှင့် ဟင်းသီးဟင်းရွက်တို့အား ရောင်းချပေးခဲ့ပြီး ပြည်သူများ သက်သာ ဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် အပတ်စဉ်တနင်္ဂနွေနေ့တိုင်း သက်မှတ်ထားသော နေရာ များတွင် ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA (မန္တလေး)                                                                                         

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ