သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

Thursday Talk ကျင်းပပြီးစီး

      (၂၀.၁၁.၂၀၂၅) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူး ရုံးအစည်းအဝေးခန်းမ၌ Thursday Talk အား တိုင်းဒေသကြီးဦးစီးမှူး၊ ဒုတိယတိုင်းဒေသကြီး ဦးစီးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူးနှင့် အရာထမ်း၊ အမှုထမ်းများ၊ ခရိုင်ရုံးများမှ Zoom ဖြင့် တက်ရောက်ခဲ့ကြပါသည်။ Thursday Talk အစီအစဉ်အား အစီအစဉ် (၉)ရပ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါကြောင်း၊ ယခုလို Thursday Talk အား လစဉ် မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးနှင့်ခရိုင်ရုံးများဖြင့် ကျင်းပပြုလုပ်ရသည့် အဓိကရည်ရွယ်ချက်အနေဖြင့် ဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မားလာအောင်၊ ဟောပြောနိုင်မှုစွမ်းအားနှင့်လုပ်ရည်ကိုင်ရည် မြှင့်တင်ပေးခြင်းဖြစ်ပါကြောင်း၊ Thursday Talk အား မန္တလေးတိုင်းဒေသကြီးအတွင်းသာပြုလုပ်ပြီး ဆောင်ရွက်နေရသည့်အတွက် အခြားတိုင်းနှင့် ပြည်နယ်များဖြင့် ချိတ်ဆက်၍ ပါဝင်ဆွေးနွေးအကြံပြုသုံးသပ်နိုင်ရန် Zoom ဖြင့် ချိတ်ဆက်ဆောင်ရွက်သွားနိုင်ရေး ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနဖြင့် ခေါင်းစဉ်ကောင်းများ ရွေးချယ်၍ လေယူလေသိမ်းကောင်းမွန်စွာဖြင့် ဟောပြောစွမ်းရည်မြှင့်တင်ပါလို့ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

           စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး၊ စားသုံးသူရေးရာဌာနခွဲတွင် တာဝန်ထမ်းဆောင်နေသော ဒေါ်သီတာဝင်း၊ ဒု-ဦးစီးမှူးက "စားသုံးသူတိုင်ကြားမှုနှင့် ပတ်သက်၍ သိကောင်းစရာများနှင့် ဖြေရှင်းဆောင်ရွက်မှုအခြေအနေများ" ခေါင်းစဉ်ဖြင့် ဆွေးနွေး တင်ပြရာတွင် နစ်နာဆုံးရှုံးမှုအတွက် တိုင်ကြားနိုင်သည့် လူပုဂ္ဂိုလ်၊ မိသားစုဝင်၊ အသင်းအဖွဲ့များနှင့် ဌာနဆိုင်ရာများ၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ အောက်တိုဘာလအထိ တိုင်ကြားမှုပေါင်း (၇၂၁)မှုအပေါ် ဖြေရှင်းရန်ကျန် ကျန် (၇)မှုအား စားသုံးသူကာကွယ်ရေးဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်၊ SOP များနှင့်အညီ ဖြေရှင်းဆောင်ရွက်လျက်ရှိပါကြောင်းနှင့် စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး၏ ဖြေရှင်းဆောင်ရွက်ခဲ့သည့်  စံပြအမှုတွဲများဖြစ်သည့် ကုန်စည်၊ ဝန်ဆောင်မှု၊ ဆက်သွယ်ရေးတိုင်ကြားမှုများအား အကျယ်တဝင့် ရှင်းလင်းတင်ပြဆွေးနွေးပြောကြားခဲ့ပါသည်။

          ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်ဆည်ခရိုင်ဦးစီးမှူးရုံးမှ ဒေါ်စံပယ်လှိုင်၊ ဒု-ဦးစီးမှူးက "ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း" ခေါင်းစဉ်ဖြင့် ဆွေးနွေးတင်ပြရာတွင် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအား မဖြစ်မနေ လိုက်နာရမည်ဖြစ်ပါကြောင်း၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြရန်အတွက် ကုန်စည်အုပ်စု (၈) မျိုး သတ်မှတ်ထားမှုများ၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်မှ ထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြားချက်များအား အကျယ်တဝင့် ဆွေးနွေး ပြောကြားခဲ့ပါသည်။

          Thursday Talk ဆွေးနွေးတင်ပြချက်များအပေါ် မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးရှိ ဌာနခွဲအလိုက် အမှုထမ်းများ၊ ခရိုင်ဦးစီးမှူးရုံးများရှိ အမှုထမ်းများ၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူးနှင့် တိုင်းဒေသကြီးဦးစီးမှူးတို့မှ အကြံပြုသုံးသပ်ချက်များ အသီးသီးပြုလုပ်ခဲ့ပြီး တိုင်းဒေသကြီး ဦးစီးမှူးမှ နိဂုံးချုပ် အမှာစကားပြောကြားခဲ့ပြီး Thursday Talk အား (၁၁:၂၀) နာရီအချိန်တွင် ပြီးစီးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

ချောက်မြို့၊ အမှတ်(၃)အခြခံပညာအထက်တန်းကျောင်း၌ အသိပညာ‌ပေးဟောပြောပွဲကျင်းပ

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တာဝန်ခံ သည် (၁၈.၁၁.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၀၀)အချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီး ဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန အခြေခံပညာဦးစီးဌာနတို့နှင့် ပူးပေါင်း၍ အမှတ်(၃) အခြခံပညာအထက်တန်းကျောင်း၌ အသိပညာပေးဟောပြောပွဲကျင်းပခဲ့ကြောင်း သိရသည်။

     အဆိုပါ ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုး က “စားသုံး ရန်မသင့်သောအစားအစာများကြောင်း” ကိုလည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံ ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သိမ့်ဝါက “လူကုန်ကူးမှုကာကွယ်စို့”‌ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစောမြဖောင်း က သဘာဝဘေးအန္တရာယ်ဆိုင်ရာသိကောင်းစရာများကိုလည်းကောင်း အသီးသီးဟောပြောခဲ့ကြပြီး ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ ဆရာမ၊ ကျောင်း သား/ ကျောင်းသူ စုစုပေါင်း (၁၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

     ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးက ကျောင်း အတွင်း ရောင်းချနေသော မုန့်စျေးတန်းရှိ မုန့်ဆိုင်များအား စားသုံးသူဘေးအန္တရာယ်ကင်းရှင်း စေ ရေးစစ်ဆေးခြင်း၊ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြမှုရှိ/မရှိ စစ်ဆေးခြင်းများ ဆောင် ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

မကွေးမြို့၊ ကန်သာစျေးအတွင်းရှိ အသားငါး ရောင်းချသည့် လုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေး/ ချောက်ခရိုင်တာဝန်ခံ ဒေါ်တင်တင်လှ သည် (၁၇.၁၁.၂၀၂၅)ရက်နေ့၊ နံနက်(၁၁:၃၀)အချိန်တွင် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ မကွေးမြို့ ကန်သာစျေးအတွင်း အသားငါးရောင်းချသည့်လုပ်ငန်း ရှင်များအား စျေးတာဝန်ခံ ရုံး၌ ခေါ်ဆောင်၍ အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          အဆိုပါ ဆွေးနွေးပွဲတွင် မကွေးခရိုင်တာဝန်ခံက ပြည်သူများ၏ ကျန်းမာရေးအတွက် မိမိတို့ ရောင်းချသည့် အသားငါးများအား သန့်ရှင်းလတ်ဆတ်မှုရှိစေရေး၊ သတ်မှတ်ရည်ညွှန်းစျေးနှုန်း အတိုင်း ရောင်းချမှုရှိစေရေး၊ အလေးချိန်ပြည့်ဝမှန်ကန်မှုရှိစေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း (၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်များ၊ တားမြစ်ချက်များနှင့် ပြစ်မှုပြစ်ဒဏ်များ အား အသိပညာပေးဟောပြောဆွေးနွေးရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ထားဝယ်မြို့ရှိ ရေထွက်ကုန်ပစ္စည်းရောင်းချနေသောလုပ်ငန်းများအား ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးခြင်း

          ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂ရက်နေ့ ၊ နေ့လယ်  (၁၄:၃၀) နာရီအချိန်တွင် စားသုံးသူ ရေးရာဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများသည် သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍ ထားဝယ် မြို့ရှိ ရေထွက်ကုန်ပစ္စည်း‌ရောင်းချနေသည့် လုပ်ငန်းများအား ဈေးကွက်မရောက်မီစောင့်ကြည့်စစ် ဆေးခြင်းများပြုလုပ်ခဲ့ပါသည်။

     အဆိုပါဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်း စွာဝယ်ယူသုံးစွဲနိုင်ရေးအတွက် အမှတ်တံဆိပ်အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြပါရှိမှု ရှိ/မရှိ၊ သက်ဆိုင်ရာဌာနဆိုင်ရာများ၏ သတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေး ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (တနင်္သာရီ)

ထားဝယ်မြို့သို့ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ရောင်းချမည့် စားအုန်းဆီများ ရောက်ရှိ

      ၂၀၂၅ ခုနှစ်၊ ‌နိုဝင်ဘာလ ၂၂ ရက်နေ့၊  ၉း၀၀ အချိန်တွင် ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်၊ ရေးလမ်းရှိ ဟိုင်းဝေးစတားယာဥ်ရပ်နားစခန်းသို့ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ စီစဥ်မှုဖြင့် Kaung Hlyan New Asia Co,Ltd မှ ၁ ပေပါ လျှင် ၁၁၀ ပိဿာပါ စားအုန်းဆီ (၉၀) ပေပါကို ယာဥ်မောင်း ဦးဇော်ဇော်၊ ယာဉ်အမှတ် 9K-9082/ Hino မော်တော်ယာဥ်ဖြင့် ရောက်ရှိလာရာ တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူးနှင့်အတူ စားအုန်း ဆီဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ပြီး အဆိုပါ စားအုန်းဆီ (၉၀) ပေပါအား ကုမ္ပဏီ၏ လက်ကားအရောင်းကိုယ်စားလှယ်မှတစ်ဆင့် ထားဝယ်မြို့၊ အိုးလုပ်ရပ်၊ နိဗ္ဗာန်လမ်းရှိ ဦးဘိုသစ်၏ ယမုံလှိုင် ကုန်စုံဆိုင်အပါအဝင် အထိုင်ရောင်းချနေသည့် လက်လီဆိုင် ၁၅ ဆိုင်တို့မှ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း စားသုံးသူပြည်သူများသို့ ခွဲဝေရောင်းချ ပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA (တနင်္သာရီ)

တိုင်းဒေသကြီးဦးစီးမှူးမှ ဆန်စပါးဆိုင်ရာစျေးနှုန်းများနှင့်စပ်လျဉ်းသည့်လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား တက်ရောက်ခြင်း

      ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီး ဌာန၊ ညွှန်ကြားရေးမှူးချုပ်ဦးဆောင်ကျင်းပသော ဆန်စပါးဆိုင်ရာကုန်စည်ဒိုင်းများနှင့်အသင်းအဖွဲ့ များမှ စျေးကွက်စျေးနှုန်းကိုအပတ်စဉ်ထုတ်ပြန်မည့်အစီအစဉ်များနှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား တိုင်းဒေသကြီးဦးစီးမှူးမှ တက်ရောက်ခဲ့ပါသည်။

          အစည်းအဝေးတွင် ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားခြင်း၊ တိုင်းဒေသကြီး ပြည်နယ်များမှ ရှင်းလင်းဆွေးနွေးခြင်း၊ အထွေထွေဆွေးနွေးခြင်း၊ ညွှန်ကြားရေးမှူးချုပ်မှ နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကာ ညှိနှိုင်းအစည်းအဝေးအား အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သိရှိရပါ သည်။

DOCA (တနင်္သာရီ)

မြိတ်မြို့၊ နောက်လယ်ရပ်၊ အ.ထ.က(၅)ရှိ ကျောင်းမုန့်စျေးတန်းအား ထုတ်ကုန်လုံခြုံစေရေးကွင်းဆင်းစစ်ဆေး

     မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့သည် ကျောင်း သားကျောင်းသူများဘေးအန္တရာယ်ကင်းစေရေးအတွက် မြိတ်မြို့၊ နောက်လယ်ရပ်၊ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းပတ်ဝန်းကျင်ရှိ မုန့်စျေးဆိုင်များအား ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ(၂၄) ရက်နေ့တွင် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

    ကွင်းဆင်းစစ်ဆေးရာတွင် ကျန်းမာရေးအရ ထိခိုက်နိုင်သော၊ ဘေးအန္တရာယ်ရှိသော ထုတ် ကုန်များရောင်းချမှုမရှိစေရေးနှင့် သက်တမ်းလွန်စားသောက်ကုန်များမရှိစေရေး ကွင်းဆင်းစစ်ဆေး ခဲ့ပြီး အစားအစားများတွင် ခြင်၊ ယင်မနားစေရေး အဖုံး၊ အကာများဖြင့်ရောင်းချရန်နှင့် မြန်မာဘာ သာကုန်အညွှန်းအမှတ်အသားဖော်ပြပါရှိသော စားသောက်ကုန်များသာ ရောင်းချရန်ပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

          DOCA (တနင်္သာရီ)

 

မြိတ်မြို့ရှိ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

       မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများနှင့် မြိတ်ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန တို့မှ ဝန်ထမ်းများဖြင့် ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ(၂၄)ရက်နေ့၊ နံနက်(၉း၃၀) နာရီအချိန်တွင် မြိတ်မြို့၊ နောက်လယ်ရပ်၊ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမတို့အား ကျန်းမာရေးဆိုင်ရာဗဟုသုတများနှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိ ပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

          အသိပညာပေးဟောပြောရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ မိမိဌာန၏ မျှော်မှန်းချက်နှင့် ရည်မှန်းချက်များပြောကြားပြီး  စားသုံးသူများအတွက် စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များရှိ ကြောင်း ထုတ်ပိုးထားသောအစားအစာဝယ်ယူပါက ကုန်အညွှန်းအမှတ်အသားများကြည့်ရှု့စစ်ဆေး ရန်နှင့် နစ်နာမှုရှိပါကတိုင်ကြားနိုင်ကြောင်း၊ တိုင်ကြားနိုင်သော နည်းလမ်းများနှင့် အချက်အလက် များအားရှင်းလင်းပြောကြားခဲ့ပြီး ကျန်းမာရေးဦးစီးဌာနမှ ကျောင်းသူ၊ ကျောင်းသားများအား ကျန်း မာရေးစစ်ဆေးပေးခြင်းနှင့် ရာသီပေါ်ရောဂါများ အကြောင်းအသိပညာပေးပြောကြားခဲ့ပြီး အဆိုပါ ဟောပြောပွဲသို့ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမ စုစုပေါင်း(၁၇၀)ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (တနင်္သာရီ)

 

မွန်ပြည်နယ်ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (၂၀၂၅- ၂၀၂၈) သက်တမ်းအတွက် အလုပ်အမှုဆောင်အသစ် ရွေးချယ်တင်မြှောက်ပွဲသို့ ပြည်နယ်ဦးစီးမှူး တက်ရောက်

     မွန်ပြည်နယ်ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း (၂၀၂၅-၂၀၂၈) သက်တမ်းအတွက် အလုပ်အမှုဆောင်အသစ် ရွေးချယ်တင်မြှောက်ပွဲအခမ်းအနားကို ၂၂.၁၁.၂၀၂၅ ရက် (၁၀:၀၀) နာရီတွင် မော်လမြိုင်မြို့၊ ငွေမိုးဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနားသို့ မွန်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ် ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ၊ မွန်ပြည်နယ်ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင် များအသင်းဝင်များနှင့် ညီနောင်အသင်းဝင်များ တက်ရောက်ခဲ့ကြသည်။

                အဆိုပါအခမ်းအနားတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက အဖွင့်အမှာ စကားပြောကြားခဲ့ပြီး မွန်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း ဒုဥက္ကဌ-၁ ဦးအောင်မျိုးဦးက နှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။ ဆက်လက်၍ အလုပ်အမှုဆောင်သစ် ရွေးချယ်တင်မြှောက်ပွဲကြီးကြပ်ရေးကော်မရှင် ဥက္ကဌက အသင်း အဖွဲစည်းမျဉ်းပါ ရွေးချယ် တင်မြှောက်ခြင်းဆိုင်ရာ စည်းမျဉ်း/စည်းကမ်းများကို ရှင်းလင်း တင်ပြခဲ့သည်။ ထို့နောက် ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ အလုပ် အမှုဆောင် ရွေးချယ်တင်မြှောက်ပွဲကြီးကြပ်ရေး ကော်မရှင် အဖွဲ့ဝင်များမှ မှတ်တမ်းတင် ဓါတ်ပုံ ရိုက်ကူးခဲ့ကြကာ အခမ်းအနားအား (၁၁:၀၀) အချိန် တွင် ခေတ္တရပ်နားခဲ့ကြောင်းသိရှိရသည်။

                ထို့နောက် (၁၁:၄၅) ချိန်တွင် အလုပ်မှုဆောင်အဖွဲ့သစ်အား စတင်ရွေးချယ်ခဲ့ရာ အလုပ်အမှုဆောင် (၅၅) ဦးအား  အလုပ်အမှုဆောင် ရွေးချယ်တင်မြှောက်ပွဲကြီးကြပ်ရေး ကော်မရှင် အဖွဲ့ မှ အတည်ပြုပေးခဲ့ပြီး မွန်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း (၂၀၂၅-၂၀၂၈) သက်တမ်းအတွက် အလုပ်အမှုဆောင်အသစ် ရွေးချယ်တင်မြှောက်ပွဲ အခမ်းအနားအား (၁၅:၀၀) ချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

 

အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေး

     ၂၁.၁၁.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင် ဦးစီးမှူးနှင့်ဝန်ထမ်းများသည် မော်လမြိုင်မြို့၊ ဒေါင်းဇရပ် ရပ်ကွက်ရှိ “ယု” အထည်ဆိုင် လက်လီ/လက်ကား Online လုပ်ငန်းနှင့် မော်လမြိုင်မြို့၊ ဖက်တမ်းရပ်ကွက်ရှိ “လာဘ်ကောင်း” အလှကုန်ပစ္စည်းရောင်းဝယ်ရေး လုပ်ငန်းသို့ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

      ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာ   အွန်လိုင်းစနစ်ဖြင့် ရောင်းချနေသော လုပ်ငန်းများအား မှတ်ပုံတင်လက်မှတ်လျှောက်ထားမှုနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်း ဆောင်ရွက်ရာတွင် လျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့် လိပ်စာအတိုင်း လုပ်ငန်းအမှန်တကယ် တည်ရှိခြင်း ရှိ/ မရှိ၊ မှတ်ပုံတင်လက်မှတ်လျှောက်ထားစဉ်က ရောင်းချရန်တင်ပြထားသော ကုန်စည် (သို့)ဝန်ဆောင်မှု အမျိုးအစား စာရင်းအတိုင်း မြေပြင်တွင် အမှန်တကယ် ရောင်းချနေသော စာရင်းကိုက်ညီမှု ရှိ/ မရှိတို့ကို စစ်ဆေးခဲ့ပြီး၊ မှတ်ပုံတင် လက်မှတ်ရရှိသူ၏ တာဝန်များ၊ စားသုံးသူကာကွယ်ရေးဥပ‌ဒေပါ ကုန်စည်ပေါ်တွင် ဖော်ပြပါရှိရမည့် ကုန်အညွှန်း အမှတ်အသား ဖော်ပြမှုတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ