သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

တောင်သာမြို့နယ်၏မိုးနှမ်းစိုက်ပျိုးထားရှိမှု

    တောင်သာမြို့နယ်တွင် ပဲမျိုးစုံ၊ ထန်း၊ ကြက်သွန်နီးများစိုက်ပျိုးထုတ်လုပ်လျက်ရှိရာ မိုးနှမ်း သီးနှံကိုလည်း စိုက်ပျိုးထားရှိကြောင်းသိရှိရသည်။ မိုးနှမ်းသီးနှံကို(မေလ-ဇွန်လ)တို့တွင်စိုက်ပျိုးပြီး၊ (နိုဝင်ဘာလ-ဒီဇင်ဘာလ)တို့တွင်ရိတ်သိမ်းပေါ်ကြောင်း၊စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်အထိ (၄)လခန့် ကြာမြင့်ကြောင်းသိရှိရသည်။

    ၂၀၂၅-၂၀၂၆ခုနှစ်တွင် တောင်သာမြို့နယ်၌ မိုးနှမ်းစိုက်ဧက(၃၅၁၁၃)ဧက စိုက်ပျိုးထားရှိ ကြောင်း ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ စာရင်းများအရသိရှိရသည်။ ယခုနှစ်တွင် ယခင်နှစ် ထက် စိုက်ဧက(၃၅၁)ဧကခန့် ပိုမိုစိုက်ပျိုးထားရှိကြောင်း သိရှိရသည်။ နှမ်းစိုက်ပျိုးရန်အတွက် မြေယာပြုပြင်ရာတွင် ထွန်ရေးညက်ရန်လိုအပ်ကြောင်း၊ တောင်သူများလက်ရှိစိုက်ပျိုးနေသော နှမ်းမျိုးအများစုမှာ ဆင်းရတနာမျိုးဖြစ်ပြီး နှမ်းပင်များကိုင်းဖြာသောမျိုးဖြစ်၍ နှမ်းစိုက်ရန်(၁၅) လက်မ အတန်းအကွာအဝေးဖြင့် စိုက်ပျိုးကြောင်း၊ မျိုးစေ့များ အပင်ပေါက်ကောင်းစေရန် ထွန်ကြောင်းဆွဲရာတွင် မြေနက်ရန်မလိုကြောင်း၊ တစ်ဧကလျှင်မျိုးစေ့(၄)ပြည်စိုက်ပျိုးကြောင်း၊ ထွန်ကြောင်း ဆွဲပြီး ကြဲပတ်စနစ်ဖြင့် မျိုးစေ့များမြေကြီးထဲတွင် ကြောင်းတိမ်တိမ်ဆွဲ၍ မြေကြီးနှင့် ခပ်ပါးပါးဖုံးအုပ်ပြီး စိုက်ပျိုးပါက အထွက်တိုးခြင်းကို အထောက်အကူပြုကြောင်း သိရှိရသည်။ ယခင်နှစ် မိုးနှမ်းတစ်ဧကလျှင်(၅.၆)တင်းခန့်ထွက်ရှိကြောင်း၊ မိုးကိုမျှော်ပြီး စိုက်ပျိုးရသောသီးနှံ ဖြစ်သောကြောင့် ယခင်နှစ်ထက်အထွက်နှုန်း ကောင်းနိုင်မည်ဟု ခန့်မှန်းကြောင်း နှမ်းစိုက်တောင်သူ တစ်ဦး၏ ပြောပြချက်အရသိရှိရသည်။ ရာသီဥတု၊ မျိုး၊ မြေ၊ စိုက်ပျိုးမှုစနစ်၊ သွင်းအားစု၊ ပြုစုနိုင်မှု အပေါ်မူတည်၍ တစ်ဧကလျှင်(၃-၁၀)တင်းအထိထွက်ရှိနိုင်ကြောင်း၊ နှမ်းတစ်တင်း ဆီကြိတ်ပါက နှမ်းဆီ(၆)ပိဿာထွက်ရှိကြောင်း၊ ယခု ၂၀၂၅ ခုနှစ် ဇူလိုင်စတုတ္ထပတ်တွင်  ဆောင်းနှမ်းညို တစ် ပိဿာလျှင် (၆၁၀၀-၆၂၀၀)ကျပ်ပေါက်ဈေးများရှိကြောင်း၊ ပွဲရုံများတွင် နေ့စဉ်အိတ်(၁၀၀-၂၀၀)ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ တင်ပို့မှုအနေဖြင့် မန္တလေးမြို့သို့ တင်ပို့ရောင်းချကြောင်း သိရှိရသည်။

DOCA (မန္တလေး)      

 

 

ဟင်္သာတမြို့ပေါ်ရပ်ကွက်ရှိ ဆေးမျိုးစုံအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်တာဝန်ခံသည်(၂၅.၇.၂၀၂၅)ရက်နေ့ နံနက် (၀၉:၀၀) နာရီအချိန်တွင် ဟင်္သာတမြို့ပေါ်ရပ်ကွက်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များတွင် ရောင်းချသော အိမ်သုံးဆေးဝါး ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/ မရှိနှင့် သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှုရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းခဲ့ရာတွင် မြို့နယ်တာဝန်ခံ ဦးမိုးကျော်က ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော ဆေးမျိုးစုံအရောင်းဆိုင်များတွင် အိမ်သုံးဆေးဝါးများ ဈေးနှုန်းမြှင့်တင် ရောင်းချမှုမရှိခြင်း၊ ဆေးဝါးများပြတ်လပ်မှုမရှိခြင်း၊ ဈေးကစားရည်ရွယ်ချက်ဖြင့် သိုလှောင်ထားမှုမရှိကြောင်းတွေ့ရှိရပြီး၊ Registration မရှိသော ဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများ၊ အစားအသောက် နှင့် ဆေးဝါးကွပ်ကဲ ရေးဦးစီးဌာန၏ ထောက်ခံချက်မရှိသော၊ အရည်အသွေးနှင့် စံချိန်စံညွှန်း စစ်ဆေးမှုခံယူထားခြင်း မရှိသည့်အာမခံချက်မရှိသော တရားမဝင်ဆေးဝါးများ ရောင်းချခြင်းမပြုရန် အသိပညာပေးဆွေးနွေးခဲ့ပြီး၊ ဝယ်ယူသုံးစွဲသူများအား ဈေးနှုန်းမှန်၊ အရည်အသွေးမှန်ကန်စွာဖြင့် လိုအပ်သော အိမ်သုံးဆေးဝါးများကို လိုအပ်သလို ရောင်းချပေးနေကြောင်း တွေ့ရှိရပြီး  ဆေးမျိုးစုံ အရောင်းဆိုင်(၅)ဆိုင်အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

အင်္ဂပူမြို့နယ်အတွင်းရှိ ဆန်စက်၊ ဆန်ပွဲရုံနှင့် ဆန်လက်လီ၊ လက်ကားအရောင်းဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်း

           စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံသည် (၂၅-၇-၂၀၂၅ )ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ အင်္ဂပူမြို့နယ်အတွင်းရှိ ဆန်လက်လီ၊ လက်ကားအရောင်းဆိုင်များတွင် ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/ မရှိအား ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းရာတွင် အင်္ဂပူမြို့နယ်အတွင်းရှိ ဆန်လက်လီ၊ လက်ကား အရောင်းဆိုင်(၃)ဆိုင်အား သွားရောက်စစ်ဆေးခဲ့ရာ   မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် MRFမှ ၂၀၂၅ခုနှစ်၊ ဇူလိုင်လအတွက် ထုတ်ပြန်ထားသော ရည်ညွှန်းဈေးနှုန်းများ အပေါ် (၈%)ထက် ပိုမိုရောင်းချခြင်းမရှိဘဲ သင့်တင့်မျှတသော ဈေးနှုန်းဖြင့်သာ ရောင်းချလျက်ရှိကြောင်းနှင့် ဈေးကွက်အတွင်း ဆန်အမျိုးအစားအလိုက် ရောင်းချရမည့် ရည်ညွှန်းဈေးနှုန်းများနှင့် ဈေးကွက်အတွင်း အမြင့်ဆုံးရောင်းချနိုင်မည့် ဈေးနှုန်းထက်မပိုဘဲ ဈေးနှုန်းများ တည်ငြိမ်လျက်ရှိကြောင်း ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းဖြင့်ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

မြန်အောင်မြို့နယ် စက်သုံးဆီရောင်းဝယ်ရေးအသင်းနှင့် တွေ့ဆုံဆွေးနွေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်တာဝန်ခံသည် (၂၅-၇-၂၀၂၅ )ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင်  စက်သုံးဆီရောင်းဝယ်ရေးအသင်း ဥက္ကဌ ဦးခင်သိန်းနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

            အသင်းအနေဖြင့် လက်ရှိတွင် မြို့နယ်ထွေအုပ်အစည်းအဝေးခန်းမ၌ အသစ်ပြန်လည်ဖွဲ့စည်းခဲ့ပြီး အဖွဲ့ဝင်(၇)ဦးပါဝင်ဖွဲ့စည်းခဲ့ပါကြောင်း၊ မိမိမြို့နယ်သို့ အရည်အသွေးကောင်းမွန်သော စက်သုံးဆီများအား ဈေးနှုန်းသက်သာစွာ ဖြန့်ဖြူးနိုင်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် မြို့နယ်အတွင်း စက်သုံးဆီများ လုံလုံလောက်လောက်ဖြန့်ဖြူးပေးနိုင်ရေးအတွက် အဆင်ပြေချောမွေ့စွာ သယ်ယူနိုင်ရေး ဌာနဆိုင်ရာများမှလည်း ပူးပေါင်းဆောင်ရွက်မှသာ အဆင်ပြေချောမွေ့မည်ဖြစ်ကြောင်း အကြံပြုဆွေးနွေးခဲ့ပါသည်။

DOCA (ဧရာဝတီ)

အင်္ဂပူမြို့နယ်ရှိ အခြေခံဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

           စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံသည် (၂၅-၇-၂၀၂၅ )ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ အင်္ဂပူမြို့ပေါ်ရှိ အခြေခံဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင်များတွင် ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/ မရှိအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          အင်္ဂပူမြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်(၃)ဆိုင်အား စစ်ဆေးခဲ့ရာ  စစ်ဆေးတွေ့ရှိချက်များအရ အိမ်သုံးဆေးဝါးများ၊ ဆီးချို၊ သွေးချိုကျဆေးများ၊ သွေးကျဆေး၊ သွေးတိုးဆေးများ ပြတ်လပ်ခြင်းမရှိဘဲ၊ ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိခြင်း၊ အချို့အာနိသင်တူ ကုမ္ပဏီကွဲဆေးဈေးများ၊ သွေးကျဆေး၊ အကိုက်အခဲပျောက်ဆေးများ၊ အားဆေးအမျိုးမျိုးမှာ ဈေးနှုန်းတည်ငြိမ်လျက်ရှိပြီး အပြောင်းအလဲမရှိခြင်း၊  သုံးစွဲသူများမှာလည်း မိမိတို့ဝယ်ယူသုံးစွဲနေကြသော ဆေးဆိုင်များမှ ဝယ်ယူသုံးစွဲနေကျ ကုမ္ပဏီဆေးဝါးများကို ဦးစားပေးရောင်းချပေးခြင်း၊ အာနိသင်တူဆေးဝါးများကိုလည်း သင့်တင့်သောဈေးနှုန်းဖြင့် လိုအပ်သလို ဝယ်ယူရရှိလျက်ရှိခြင်း၊ ဆေးနှင့် ဆေးပစ္စည်းများကို ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ရောင်းချခြင်းမရှိဘဲ ကုမ္ပဏီများမှ ဝယ်ရင်းဈေးများ အပေါ်သင့်တင့်သော အမြတ်ဖြင့်သာရောင်းချပေးနေခြင်း၊ အိမ်သုံးဆေးဝါးများဝယ်ယူရာတွင် ကာလတန်ကြေးဈေးနှုန်းအရ ဝယ်ယူရရှိပြီး အဓိကပစ္စည်းပြတ်လပ်မှုမရှိကြောင်းနှင့် ဈေးနှုန်းများမှာလည်း တည်ငြိမ်လျက်ရှိကြောင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဖြင့် သိရှိရပါသည်။

DOCA (ဧရာဝတီ)

အွန်လိုင်းစနစ်ဖြင့်ရောင်းချမည့် လုပ်ငန်းရှင်အား မြေပြင်ကွင်းဆင်းစစ်ဆေး

      စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ဦးစီးအရာရှိနှင့်ဝန်ထမ်းများသည် (၅..၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မကွေးမြို့ပေါ်ရှိ အွန်လိုင်းစနစ်ဖြင့် ရောင်းချမည့် Style 4U ဖန်စီပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းရှင်အား ကုန်သွယ်ရေးဦးစီးဌာနသို့ အွန်လိုင်းမှတ်ပုံတင်လက်မှတ်လျှောက်ထားသည့်အချက်အလက်များနှင့် ကိုက်ညီမှု ရှိ/မရှိ မြေပြင်ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

       ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အွန်လိုင်းမှတ်ပုံတင်လက်မှတ်လျှောက်ထားစဉ်က အချက် အလက်များနှင့် မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့သည့် အချက်အလက်များမှာ ကိုက်ညီမှုရှိကြောင်း စစ်ဆေး တွေ့ရှိရပြီး အွန်လိုင်းစနစ်ဖြင့်ရောင်းချသည့် လုပ်ငန်းဆိုင်ရာ အမိန့်ကြော်ငြာစာများ၊  အွန်လိုင်း မှတ်ပုံတင် လက်မှတ်ရရှိထားသူ၏တာဝန်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ၊ အခြားသိကောင်းစရာများနှင့် စားသုံးသူအခွင့်အရေးနှင့်တာဝန်များအကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

DOCA(မကွေး)

                                                                            

ကြံခင်းမြို့နယ်အတွင်းရှိ စားအုန်းဆီအရောင်းဆိုင်များသို့ ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်တာဝန်ခံသည်( ၂၅.၇.၂၀၂၅ )ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် သက်ဆိုင်ရာဌာနဝန်ထမ်းများနှင့်ပူးပေါင်း၍ ကဲ့ခင်းမြို့နယ်အတွင်းရှိ စားအုန်းဆီ ရောင်းချနေသောဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/ မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပူးပေါင်းအဖွဲ့အနေဖြင့် စားအုန်းဆီဖြန့်ဖြူးရောင်းချမှုနှင့် စပ်လျဉ်း၍ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချမှုရှိ/မရှိ၊ ပြည်သူများလက်ဝယ်သို့ အမှန်တစ်ကယ်ရောင်းချမှုရှိ/ မရှိ၊ ရောင်းချမှုစာရင်းဇယားများ ပြည့်စုံစွာထားရှိခြင်းရှိ/ မရှိ စသည်တို့ကို စစ်ဆေးခဲ့ပြီး၊ စားသုံးသူများထံသို့ ဖြန့်ဖြူးရောင်းချရာတွင်လည်း  အဆင့်အလိုက်(၂)% အမြတ်ထက်ကျော်လွန်၍ ရောင်းချမှုမရှိကြောင်း၊ ရောင်းချမှုလက်ခံဘောက်ချာများထားရှိခြင်း၊ သတ်မှတ်ရည်ညွှန်းဈေးဖြင့်သာရောင်းချခြင်း၊ အခြားမသမာသော နည်းလမ်းများသုံး၍ ရောင်းချမှုမရှိခြင်းနှင့် ဈေးကစားရန် ရည်ရွယ်ပြီး သိုလှောင် ထားခြင်းများ မရှိကြောင်းတွေ့ရှိရပြီး၊ ကုန်စုံဆိုင်အမည်နှင့် ဈေးနှုန်း၊ နေ့စွဲပါ ဗွီနိုင်းပိုစတာများအားအများ မြင်သာသော နေရာတွင်ချိတ်ဆွဲထားမှုရှိ/ မရှိတို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ကြံခင်းမြို့မဈေးအတွင်းရှိ ကုန်မျိုးစုံအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

           စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်တာဝန်ခံသည် မိတ်ဘက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍(၂၄.၇.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၃၀) နာရီအချိန်တွင် ကြံခင်းမြို့၊ ရွာသစ်ရပ်ကွက်၊ မြို့မဈေးအတွင်းရှိ  ကုန်မျိုးစုံအရောင်းဆိုင်များတွင် ရောင်းချသော ကုန်စည်များအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းကိုဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင်  စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ဓါတ်မတည့်‌ကြောင်းဖော်ပြချက်၊ သတိပေးချက်နှင့် ကျန်းမာရေးဆိုင်ဘေးထွက် ဆိုးကျိုးဖော်ပြခြင်းရှိ/ မရှိ၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက် ဖော်ပြထားမှုရှိ/ မရှိတို့ကို စစ်ဆေးခဲ့ပြီး၊ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက် အမှတ် (၂/၂၀၁၉) နှင့်အညီ မြန်မာဘာသာဖြင့် ပြည်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာ ရောင်းချရန်၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာ တစ်ခု(သို့)တစ်ခုထက် ပို၍တွဲလျက်ဖြစ်စေ၊ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့ပြီး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ဟင်္သာတမြို့နယ် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး TALK SHOW အစီအစဉ်ဆောင်ရွက်ခြင်း

                စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်တာဝန်ခံသည်(၂၁.၇.၂၀၂၅)ရက်နေ့ နံနက် (၁၁:၀၀) နာရီအချိန်တွင် ဟင်္သာတမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စားသံဒးသူကာကွယ်ရေးဆိုင်ရာ ဦးစီးဌာန၏ လက်ရှိဆောင်ရွက်လျက်ရှိသောလုပ်ငန်းများနှင့် ပတ်သတ်၍ အသိပညာပေး Talk Show အစီအစဉ်ကို ဆောင်ရွက်ခဲ့ပါသည်။

            အဆိုပါ အစီအစဉ်တွင်  မြို့နယ်တာဝန်ခံ ဦးမိုးကျော်က   ၂၀၁၉ ခုနှစ် မတ်လ(၁၅) ရက်နေ့တွင်  ပြဌာန်းခဲ့သော စားသုံးသူကာကွယ်ရေးဥပဒေ၏  မျှော်မှန်းချက်နှင့် ရည်မှန်းချက်များ၊ စားသုံးသူတို့ ရရှိသင့်သည့် အခွင့်အရေးများအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ စားသုံးသူရေးရာဦးစီးဌာန၏ လက်ရှိ ဆောင်ရွက်လျက်ရှိသော ဆန်စပါး သိုလှောင်ရုံ မှတ်ပုံတင်ခြင်းဆိုင်ရာ ကိစ္စရပ်များ၊ Online မှတစ်ဆင့် ကုန်စည်ရောင်းဝယ်ခြင်းဆိုင်ရာကိစ္စရပ်များအကြောင်း၊ စားသုံးဆီဝယ်ယူခွင့်စာအုပ်များဖြင့် စနစ်တကျ ဖြန့်ဖြူးရောင်းချပေးနေမှု အခြေအနေများ၊  ဈေးကွက်အတွင်း ကုန်စည်အမျိုးအစားအလိုက် ထုတ်ကုန် လုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၊ လုပ်ငန်းရှင်များအား အသိပညာပေးဟောပြောခြင်း၊ စားသုံးသူများသည် ကုန်စည်ကိုရွေးချယ်ဝယ်ယူတတ်စေရန်၊ ကုန်အညွှန်းအမှတ်အသားနှင့် စပ်လျဉ်း၍ ဖော်ပြပါရှိသည့်အချက်အလက်များကို သေချာစွာစိစစ်ဝယ်ယူနိုင်ရန် ပြည်သူအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ကြံခင်းမြို့နယ် အွန်လိုင်းစနစ်ဖြင့်ရောင်းချသော လုပ်ငန်းရှင်များအား အသိပညာပေးဟောပြောခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်တာဝန်ခံသည်(၂၄.၇.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၀၀) နာရီအချိန်တွင် ကြံခင်းမြို့၊ သိပ္ပံလမ်း၊ ရွာသစ်ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံး၌ Online ဖြင့် ရောင်းချလျက်ရှိသော အဝတ်အထည်အမျိုးမျိုး၊ ကုန်စည်အမျိုးမျိူးနှင့် စားသောက်ကုန်ရောင်းချသော လုပ်ငန်း ရှင်များအား အွန်လိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

           ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံ ဦးကျော်နိုင်ဝင်းမှ Online စနစ်ဖြင့်ရောင်းချရာတွင်  မှတ်ပုံတင်လက်မှတ်လျှောက်ထားမှုနှင့် စပ်လျဉ်း၍ လုပ်ငန်းရှင်များ လျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့် လိပ်စာအတိုင်း လုပ်ငန်းအမှန်တစ်ကယ် တည်ရှိခြင်း၊ မှတ်ပုံတင်လက်မှတ် လျှောက်ထား စဉ်က ရောင်းချရန် တင်ပြထားသော ကုန်စည်(သို့)ဝန်ဆောင်မှု အမျိုးအစားစာရင်းအတိုင်း မြေပြင်တွင် အမှန်တစ်ကယ် ရောင်းချရမည်ဖြစ်ကြောင်း၊ အွန်လိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ၊ အွန်လိုင်းမှတ်ပုံတင်ဆောင်ရွက်ခြင်းအားဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများ စသည်တို့ကို အသိပညာပေး အကျယ်တဝင့်ရှင်းလင်းခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ