
စားသုံးသူရေးရာဦးစီးဌာန ကျိုက်လတ်မြို့နယ် တာဝန်ခံနှင့်ဝန်ထမ်းတို့သည် ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ (၂၈)ရက်နေ့၊ နံနက် (၁၁:၃၀)နာရီအချိန်တွင် အမှတ်(၃)ရပ်ကွက် စားသုံးသူရေးရာ မြို့နယ်တာဝန်ခံရုံးတွင် Online Sale ရောင်းချသူ လုပ်ငန်းရှင် (၄)ဦးအား Online Sale ရောင်းချခြင်းနှင့် ပတ်သက်၍ အသိပညာပေးဟောပြောခဲ့ပါသည်။
Online Sale စနစ်ရောင်းချခြင်းဆိုသည်မှာ လူ့အသုံးအဆောင်ပစ္စည်းများ၊ အစားအသောက်များကို Social Media ဖြစ်သော Facebook ၊ Youtube ၊ Viber တို့တွင် Online စနစ်ဖြင့်ကြေငြာ၍ စားသုံးသူပြည်သူများထံသို့ ဝန်ဆောင်မှုစနစ်ဖြင့်ရောင်းချပေးသောလုပ်ငန်းစဉ်ဖြစ်ပါသည်။ ထိုသို့ရောင်းချရာတွင် စားသုံးသူနစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် ရောင်းချသူလုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ မှတ်ပုံတင်လျှောက်ထားရောင်းဝယ်ရမည်ဖြစ်ကြောင်း၊ အသိပညာပေးခဲ့ ပြီး စားသုံးသူနစ်နာဆုံးရှုံးမှုရှိလာပါက စားသုံးသူရေးရာဦးစီးဌာနမှ ထုတ်ပြန်ထားသော ဥပဒေများနှင့်အညီ ဖြေရှင်းဆောင် ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေးဟောပြောခဲ့သည်ဟုသတင်းရရှိပါသည်။
DOCA(ဧရာဝတီ)
