သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကမ်းရိုးတန်းသွားရေယာဉ်များဆိုက်ကပ်သည့် ဆိပ်ကမ်းများအား ကွင်းဆင်းစစ်ဆေးခဲ့

     ရန်ကုန်တိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ လမ်းညွှန်မှုအရ အလုံခရိုင်၊ မရမ်းကုန်းခရိုင်၊ ကျောက်တံတားခရိုင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ အတွင်းရေးမှူး စားသုံးသူရေးရာဦးစီးဌာန၊ အနောက်ပိုင်းခရိုင်ဦးစီးမှူး ဦးအောင်တင်စိုး ဦးဆောင်သော ပူးပေါင်းအဖွဲ့သည်  ၅.၈.၂၀၂၅ ရက်နေ့တွင် ကမ်းရိုးတန်းသွားရေယာဉ်များ ဆိုက်ကပ်သည့် ဆိပ်ကမ်း များဖြစ်သော သိန်းဦးဆိပ်ကမ်းအား အကောက်ခွန်ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ အမှတ်(၃) ရေကြောင်း ရဲတပ်ဖွဲ့စသည့် ပူးပေါင်းအဖွဲ့များဖြင့် ပူးပေါင်း၍ ရေယာဉ်များတွင် တင်ဆောင်ထားသော တင်ဆောင်ကုန်များအား ရှောင်တခင်ဝင်ရောက် စစ်ဆေးခဲ့ပြီး လက်နက်ခဲယမ်းများ တင်ဆောင်မှု မရှိစေရေးအတွက် ရဲတပ်ဖွဲ့နှင့်ပူးပေါင်း၍ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

ကြည့်မြင်တိုင်မြို့နယ် KIPT ဆိပ်ကမ်းတွင် စားအုန်းဆီ သင်္ဘောဝင်ရောက်ခြင်း

    စားအုန်းဆီ တင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီသည် စားအုန်းဆီများသတ်မှတ်အရည်အသွေး၊ စံချိန်စံညွှန်းများနှင့်အညီများနှင့်အညီ စားသုံးသူ ပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးဆီများသုံးစွဲနိုင်ရေး၊ ဈေးနှုန်းတည်ငြိမ်စွာ ဝယ်ယူစားသောက်နိုင်ရေးကြီးကြပ်ထိန်းကျောင်း၍ သက်ဆိုင်ရာ ကုမ္ပဏီများက စားအုန်းဆီများပြည်ပမှ တင်သွင်းလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး သီလဝါဆိပ်ကမ်း၊ ဗားကရာ (သဲကွင်း) ဆိပ်ကမ်း၊ ကြည့်မြင်တိုင်မြို့နယ် ကမ်းနားဈေးဆိပ်ကမ်း၊ KIPT ဆိပ်ကမ်းသို့ ဆီသင်္ဘောများ ဆိုက်ကပ်ပြီး ကြည့်မြင်တိုင်မြို့နယ် KIPT ဆိပ်ကမ်းသို့ ၃.၈.၂၀၂၅ ရက်နေ့တွင် MT TIRTASARI V.16/25 သင်္ဘောဖြင့် STAR ဆီကန်သို့ 5300 MT တန်ချိန်ဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

ကမ်းရိုးတန်းသွားရေယာဉ်များဆိုက်ကပ်သည့် ဆိပ်ကမ်းများအား ကွင်းဆင်းစစ်ဆေးခဲ့

     ရန်ကုန်တိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ လမ်းညွှန်မှု အရ အလုံခရိုင်၊ မရမ်းကုန်းခရိုင်၊ ကျောက်တံတားခရိုင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့ အတွင်းရေးမှူး စားသုံးသူရေးရာဦးစီးဌာန၊ အနောက်ပိုင်းခရိုင်ဦးစီးမှူး ဦးအောင်တင်စိုး ဦးဆောင်သော ပူးပေါင်းအဖွဲ့သည်  ၄.၈.၂၀၂၅ ရက်နေ့ရက်နေ့တွင် ကမ်းရိုးတန်းသွား ရေယာဉ်များ ဆိုက်ကပ်သည့် ဆိပ်ကမ်းများဖြစ်သော ဝါးတန်းဆိပ်ကမ်းနှင့် ဗားကရာဆိပ်ကမ်းအား အကောက်ခွန်ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၊ အမှတ်(၃) ရေကြောင်းရဲတပ်ဖွဲ့စသည့် ပူးပေါင်းအဖွဲ့များဖြင့်ပူးပေါင်း၍ ရေယာဉ်များတွင် တင်ဆောင်ထားသော တင်ဆောင်ကုန်များအား ရှောင်တခင်ဝင်ရောက် စစ်ဆေးခဲ့ပြီး လက်နက်ခဲယမ်းများ တင်ဆောင်မှု မရှိစေရေးအတွက် ရဲတပ်ဖွဲ့နှင့်ပူးပေါင်း၍ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

“ ခရမ်းမြို့နယ်အတွင်းရှိ ကန်ထရိုက်လယ်ယာစနစ်ဖြင့် ဆောင်ရွက်မည့် သမဝါယမအသင်းသား တောင်သူများသို့ သွင်းအားစုဓာတ်မြေဩဇာများ ပေးအပ်ခြင်း ”

       ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာနက ၂၀၂၅-၂၀၂၆ခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် လယ်ယာ စနစ်ဖြင့် ဆောင်ရွက်မည့် သမဝါယအသင်းသား တောင်သူများသို့ သွင်းအားစု ဓာတ်မြေဩဇာ များ ပေးအပ်ခြင်း အခမ်းအနားကို ခရမ်းမြို့နယ် သမဝါယမဦးစီးဌာနရုံးတွင်  ဩဂုတ်လ(၁)ရက် နေ့၊ ညနေ(၁၅:၀၀)နာရီတွင် ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

    ထိုအခမ်းအနားသို့ ခရမ်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးမှူး၊ မြို့နယ်ကြေးတိုင်းနှင့်မြေစာရင်းဦးစီးဌာနဦးစီးမှူး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးနှင့် မြို့နယ်သမဝါယမဦးစီးဌာနမှူး၊ စားသုံးသူရေးရာဦးစီးဌာန ခရမ်းမြို့နယ်တာဝန်ခံတို့ တက်ရောက်ခဲ့ကြပြီး၊ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးအောင်ရဲက အဖွင့်အမှာစကားပြောကြားခြင်း၊ မြို့နယ်သမဝါယမဦးစီးဌာနမှူး ဒေါ်ခင်သန္တာအောင်က ခရမ်းမြို့နယ်အတွင်း ကန်ထရိုက်လယ်ယာစနစ်ဖြင့် ဆောင်ရွက်နေသည့် ကျေးရွာများရှိလယ်ဧကများနှင့် တောင်သူဦးရေများအား ပေးအပ်မည့်သွင်းအားစု ဓာတ်မြေဩဇာများအား ရှင်းလင်းပြောကြားပြီး ခရမ်းမြို့နယ်ရှိကန်ထရိုက်လယ်ယာစနစ် ဆောင်ရွက်၍ မိုးစပါးစိုက်ပျိုးသော ကြူတောကျေးရွာတွင် တောင်သူ(၂၀)ဦး၏ လယ်ဧက (၃၀၀) ဧက၊ ဇီးဖြူပင်ကျေးရွာတွင် တောင်သူ(၄၀)ဦး၏ လယ်ဧက(၄၀၀)ဧကနှင့် ဆင်မင်းအိုင် ကျေးရွာတွင် တောင်သူ (၂၀)ဦး၏ လယ်ဧက (၃၀၀)ဧကတို့အတွက် တက်ရောက်လာသော တောင်သူကိုယ်စားလှယ်များအား သွင်းအားစုဓာတ်မြေဩဇာများ ပေးအပ်ခဲ့ကြောင်း သိရှိရ ပါသည်။

DOCA (ရန်ကုန်)

“ မြန်မာ့အီလက်ထရောနစ်မဲပေးစက်(MEVM)ကိုင်တွယ်အသုံးပြုနည်းသင်တန်း၆/၂၀၂၅ ဆက်လက်ကျင်းပ ”

     ကော့မှူးမြို့နယ်၊ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ လမ်းညွှန်ချက်ဖြင့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မြန်မာ့အီလက်ထရော နစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်းသင်တန်း ၆/၂၀၂၅ကို ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် မြို့သစ်ရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း နှင်းဆီခန်းမ၌  ဩဂုတ်လ(၁)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီတွင် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးနှင့် စာရေးများ လကုန်လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပခဲ့ကြောင်း သိရှိရပါသည်။

     အဆိုပါ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးစိုင်း အောင်မြတ်က ပါတီစု ဒီမိုကရေစီ အထွေထွရွေးကောက်ပွဲ အောင်မြင်အောင် ကျင်းပနိုင်ရေး၊ စီမံခန့်ခွဲရေး၊ လုံခြုံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ဒေသတွင်းဖွံ့ဖြိုးရေးလုပ်ငန်းများအား ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်နိုင်ရေး၊ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးနှင့် ပတ်သတ်၍ မြို့နယ်အနေဖြင့် သတ်မှတ်ပေးပို့ရမည့် အင်အားအတိုင်း ပြည့်မီရေးနှင့်ဥပဒေ၊ နည်းဥပဒေအတိုင်း တိကျစွာ ဆောင်ရွက်နိုင်ရေး၊ မိုးစပါးလျာထားဧက ပြည့်မီအောင် စိုက်ပျိုးနိုင်ရေးစသည့် အကြောင်းအရာများအား အကျယ်တဝင့် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာသော မြို့နယ်အဆင့်ဌာနဆိုင် ရာတာဝန်ရှိသူများက မိမိတို့ဌာနအလိုက် ဆောင်ရွက်နေသည့် လုပ်ငန်းများအား ချပြဆွေးနွေး ပြောကြားခဲ့ကြပြီး ရပ်ကွက်/ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးများ သိရှိလိုသည့် အချက်များအား ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရှိရသည်။ အဆိုပါ အစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်များနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန် ရှိသူများတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

“ ဒလမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ ”

     ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဇူလိုင်လ (၃၁)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီတွင် မြို့နယ်အဆင့် ဌာနဆိုင် ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးနှင့် စာရေးများ လကုန် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပခဲ့ကြောင်း သိရသည်။

   အဆိုပါ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးစိုင်းအောင်မြတ်က ပါတီစုဒီမိုကရေစီ အထွေထွရွေးကောက်ပွဲ အောင်မြင်အောင်ကျင်းပနိုင်ရေး၊ စီမံ ခန့်ခွဲရေး၊ လုံခြုံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ဒေသတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများအား ညှိနှိုင်းပေါင်း စပ်ဆောင်ရွက်နိုင်ရေး၊ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးနှင့် ပတ်သတ်၍ မြို့နယ်အနေဖြင့် သတ်မှတ်ပေးပို့ရမည့် အင်အားအတိုင်း ပြည့်မီရေးနှင့် ဥပဒေ၊ နည်းဥပဒေအတိုင်း တိကျစွာ ဆောင်ရွက်နိုင်ရေး၊ မိုးစပါးလျာထားဧက ပြည့်မီအောင် စိုက်ပျိုးနိုင်ရေးစသည့် အကြောင်းအရာများအား အကျယ်တဝင့် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာသော မြို့နယ်အဆင့် ဌာနဆိုင် ရာတာဝန်ရှိသူများက မိမိတို့ဌာနအလိုက် ဆောင်ရွက်နေသည့် လုပ်ငန်းများအား ချပြဆွေးနွေး ပြောကြားခဲ့ကြပြီး ရပ်ကွက်/ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးများ သိရှိလိုသည့် အချက်များအား ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရှိရသည်။ အဆိုပါ အစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်များနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

“ ကော့မှူးမြို့နယ်ရှိအခြေခံစားသောက်ကုန်ပစ္စည်းများ၏ဈေးနှုန်းအခြေအနေကွင်းဆင်း စစ်ဆေး”

     ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်ရှိ အခြေခံစားသောက်ကုန်ပစ္စည်း အရောင်းဆိုင်များသို့ ဩဂုတ်လ(၄)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီတွင် အခြေခံစားသောက်ကုန်ပစ္စည်းများ၏ ဈေးနှုန်းပြောင်းလဲမှု အခြေအနေအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်မင်းနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့မဈေးတာဝန်ခံ ဦးအေးသွင်တို့သည် ကော့မှူးမြို့နယ်စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်ရှိ စားသုံးသူပြည်သူများ နေ့စဉ်ဝယ်ယူ သုံးစွဲလျက်ရှိသော အခြေခံစားသောက်ကုန်ပစ္စည်းများ ဖြန့်ဖြူးရောင်းချလျက်ရှိသော ဒေါ်မွှေးကြူ၊ မိဘရိတ်၊ ဒေါ်လုံးလုံး၊ ဦးချမ်း၊ ဒေါ်မူဆန်ဆိုင်များ၊ ဒေါ်ချောစုလှိုင်၊ ဒေါ်ချိုချိုမြင့်၊ ဦးဌေးလှိုင်၊ ဦးတင်ဝင်း၊ ဦးတင့်ဆွေဦး ကုန်ခြောက်ဆိုင်များ၊ ဒေါ်နိုင်နိုင်မော်၊ ဒေါ်ပေါက် ကြက်သားဆိုင်၊ ဦးခင်မောင်ဝင်း ဝက်သားဆိုင်၊ ဦးကုလားအမဲသားဆိုင်၊ ဦးဇော်ကြီး ဆိတ်သားဆိုင်၊ ဒေါ်သင်းသင်း၊ ဒေါ်ချိုချိုဝင်း၊ ဒေါ်ဌေးကြည်၊ ဒေါ်စိုးကြည် ရေချို၊ ရေငံ ငါးပုဇွန် အရောင်းဆိုင်၊ ဒေါ်ချို၊ ဒေါ်စုကြည် ကြက်ဥ၊ ဘဲဥ လက်လီလက်ကားအရောင်းဆိုင်၊ ဒေါ်သန်းသန်းစိုး ငါးပိ၊ ငါးခြောက်ဆိုင်နှင့် ဒေါ်စိန်မမ၊ ဦးဖိုးထောင်၊ ဦးကျောက်ခဲ ကုန်စိမ်းအရောင်းဆိုင်တို့တွင် ဇူလိုင်လကုန်ပိုင်းနှင့် ဩဂုတ်လအစတွင် ဖြစ်ပေါ်နေသည့် အခြေခံစားသောက်ကုန်ဈေးနှုန်းတို့၏ အခြေအနေမှာ သိသိသာသာ ကွာခြားမှု မရှိသော်လည်း စားအုန်းဆီဈေးနှုန်းမှာ အနည်းငယ်မြင့်တက်သွားသည်ကို ကွင်းဆင်းစစ်ဆေး တွေ့ရှိခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

“ ကော့မှူးမြို့နယ်စည်ပင်သာယာမြို့မဈေးကွက်အတွင်းရှိဆန်ဆိုင်များတွင်ဆန် အမျိုးအစား အလိုက်ဖြန့်ဖြူးရောင်းချနေမှုအခြေအနေကွင်းဆင်းစစ်ဆေး ”

    ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်းရှိ ဆန်ဆိုင်များသို့ ဆန်အမျိုးအစားအလိုက် ဖြန့်ဖြူးရောင်းချနေမှု အခြေအနေအား ဩဂုတ်လ (၁) ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီတွင် ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

    ထိုသို့ ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီး ဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်မင်း ဦးဆောင်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့မဈေး တာဝန်ခံ ဦးအေးသွင်တို့သည် မြို့နယ်စည်ပင်သာယာမြို့မဈေးအတွင်းရှိ ဆန်ဆိုင်များ ဖြစ်ကြသော ဦးမြင့်ထူး၊ ဒေါ်မူ၊ မိဘရိတ်၊ ဒေါ်မွှေးကြူဆိုင် ဈေးကွက်အတွင်းရှိ ဆန်ဆိုင်များမှ ဆိုင်ပိုင်ရှင် စီးပွားရေးလုပ်ငန်းရှင်များနှင့် သွားရောက်တွေ့ဆုံပြီး ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချလျက်ရှိသော ရွှေဘိုပေါ်ဆန်း၊ ကျားပျံ၊ ဧရာဝတီပေါ်ဆန်း၊ တောင်ပျံ၊ ငကျွဲ၊ ဧည့်မထစသည့်ဆန် အမျိုးအစားအလိုက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ လစဉ်ပေးထုတ်ပြန်ပေးလျက်ရှိသော သင့်တင့်မျှတသည့် ဆန်ဈေးကွက်၊ ဈေးနှုန်းများ သတ်မှတ်ရည်ညွှန်းဈေးထက် ဈေးနှုန်းအဆမတန် မြှင့်တင်ရောင်းချခြင်းများ မပြုလုပ်ကြရန်နှင့် ဆန်အမျိုးအစားအလိုက် လက်လီ/လက်ကား ဖြန့်ဖြူး ရောင်းချလျက်ရှိသော ဈေးနှုန်းတို့အား စာရင်းကောက်ယူခဲ့ပြီး စားသုံးသူကာကွယ်ရေး အသိပညာပေး ပြောကြားခဲ့ပြီး ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

“ ဆိတ်ကြီးခနောင်တိုမြို့နယ်အတွင်းရှိဆန်ဆိုင်များသို့ဆန်အမျိုးအစားအလိုက်ဖြန့်ဖြူးရောင်းချ နေမှုအခြေအနေကွင်းဆင်းစစ်ဆေး ”

   ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိတ်ကြီးခနောင်တိုမြို့နယ်အတွင်းရှိ ဆန်ဆိုင်များသို့ စားသုံးသူပြည်သူများ၏ နေ့စဉ်အဓိက စားကုန်ပစ္စည်းတစ်ခုဖြစ်သော ဆန်အမျိုးအစားအလိုက် ဖြန့်ဖြူးရောင်းချလျက်ရှိသော ဆန်ဈေးနှုန်း အခြေအနေအား ဩဂုတ်လ(၁)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီတွင် ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

    ထိုသို့ ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ဆိတ်ကြီးခနောင်တိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ ပူးပေါင်းအဖွဲ့ဖြင့် ဆိတ်ကြီးခနောင်တိုမြို့နယ် ဈေးကွက်အတွင်းရှိ ဆန်ဆိုင်များမှ ဆိုင်ပိုင်ရှင် စီးပွားရေးလုပ်ငန်းရှင်များနှင့် သွားရောက်တွေ့ဆုံ ပြီး ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချလျက်ရှိသော ရွှေဘိုပေါ်ဆန်း၊ ကျားပျံ၊ ဧရာဝတီပေါ်ဆန်း၊ တောင်ပျံ၊ ငကျွဲ၊ ဧည့်မထ စသည့်ဆန်အမျိုးအစားအလိုက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ လစဉ်ပေးထုတ်ပြန်ပေးလျက်ရှိသော သင့်တင့်မျှတသည့် ဆန်ဈေးကွက်၊ ဈေးနှုန်း ဇူလိုင်လအတွက် သတ်မှတ်ရည်ညွှန်းဈေးထက် ဈေးနှုန်းအဆမတန် မြှင့်တင်ရောင်းချခြင်းများ မပြုလုပ်ကြရန် စားသုံးသူကာကွယ်ရေး အသိပညာပေး ဆွေးနွေးပြောကြားခဲ့ပြီး ဆန်အမျိုးအစားအလိုက် ဖြန့်ဖြူးရောင်းချနေမှု အခြေအနေအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

 

စားအုန်းဆီဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်း

      (၃၁.၇.၂၀၂၅)ရက်နေ့ နံနက်(၁၁:၀၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်း ခရိုင်ဦးစီးမှူးရုံးကွပ်ကဲမှုအောက်ရှိ မှော်ဘီမြို့နယ်ခွဲရုံးမှ ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူးသည် မှော်ဘီမြို့နယ်၊ မြို့မဈေး၊ C-6၊ အမှတ်(၁၅)ရှိ စားအုန်းဆီလက်လီအရောင်းဆိုင်သို့ ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။

     ထိုသို့စစ်ဆေးခဲ့ရာတွင် ဒေါ်မြင့်မြင့်ခင်ဆိုင်သို့ ရောက်ရှိခဲ့ရာ အိမ်ထောင်စုတစ်စုလျှင် (၁) ပတ် ကို (၅၀)ကျပ်သားနှုန်းဖြင့် (၁)လလျှင် (၄)ကြိမ်ပေးပါကြောင်း၊ ဈေးနှုန်းမှာလည်း သတ်မှတ် ရည်ညွှန်း ဈေးအပေါ်ဖြစ်သင့်ဖြစ်ထိုက်သည့်သယ်ယူစရိတ်နှင့်အမြတ် (၂%)သာ ထပ်ဆောင်း ရောင်းချကြပါကြောင်း၊ ကျေးရွာအလိုက်လည်း ညီမျှစွာရကြပါကြောင်း၊ နေ့စဉ်မှတ်တမ်းများလည်းထားရှိပါကြောင်း၊ သက်ဆိုင်ရာဌာနအသီးသီးမှ သတ်မှတ်ချက်များနှင့်စည်းကမ်းချက်များအတိုင်း လိုက်နာဆောင်ရွက်လျက်ရှိပါကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ