
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်နေ့၊ နံနက် (၉း၄၅) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီး ဌာန၊ တိုင်းဒေသကြီးဦးစီးမှူးမှ အွန်လိုင်းလိုင်စင်လျှောက်ထားခြင်းနှင့် ပတ်သက်၍ ထားဝယ်ခရိုင် ရွှေလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ဆွေးနွေးရာတွင် ရွှေလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူများမှ အွန်လိုင်းလိုင်စင်လျှောက်ထား ခြင်းနှင့် ပတ်သက်၍ လုပ်ဆောင်ရမည့်အချက်အလက်များအား ရှင်းလင်းမေးမြန်းခဲ့ရာ တိုင်းဒေသ ကြီးဦးစီးမှူးမှ လိုအပ်သည်များအား ရှင်းလင်းဆောင်ရွက်ပေးခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် အချက်များနှင့် တာဝန်များအကြောင်းများ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)
