သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ငလျင်ဘေးဒဏ်သင့် စစ်ကိုင်းမြို့အတွင်း ပြည်သူများသို့ ဈေးကားများဖြင့် ဆန်၊ ဆီ၊ ကြက်သွန်နီ၊ အသားတု၊ ဟင်းသီးဟင်ရွက်နှင့် ကုန်မျိုးစုံအား သက်သာသော ဈေးနှုန်းဖြင့် (၇)ရက်မြောက်နေ့အဖြစ် လှည့်လည်ရောင်းချပေးလျက်ရှိ

   စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး၏ ကြီးကြပ်မှုဖြင့် မုံရွာမြို့ရှိ ဆန်/ဆီကုန်သည်များက ငလျင်ဘေးဒဏ်သင့် စစ်ကိုင်းမြို့ရှိ ပြည်သူများသို့ ဆန်၊ ဆီ၊ ကြက်သွန်နီ၊ အသားတု၊ ဟင်းသီးဟင်းရွက်နှင့် ကုန်မျိုးစုံအားသက်သာသောဈေးနှုန်းဖြင့်(၇)ရက်မြောက်နေ့ အဖြစ် ရောင်းချပေးလျက်ရှိပါသည်။

    ၂၀၂၅ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့မှ ဧပြီလ ၆ ရက်နေ့အထိ 6S / 3038၊ 8A/ 8484၊ 4S/ 2246၊ 7N/ 9803 ဈေးကား(၄) စီးဖြင့် နံနက်ပိုင်း တွင်(၁)ကြိမ်၊ မွန်းလွဲပိုင်းတွင် (၁)ကြိမ် ရောင်းချပေးခဲ့ရာ ယနေ့တွင် ဆန်( ၁၇ )အိတ်၊ ဆီ ( ၉၅ ) ပိဿာ ၊ ကြက်သွန်နီ( ၄၇ ) ပိဿာတို့ကို ရောင်းချပေးခဲ့ပြီး ယနေ့အထိ ဆန်( ၁၇၁ )အိတ်၊ ဆီ (၂၆၅၂) ပိဿာ ၊ ကြက်သွန်နီ(၄၅၀)ပိဿာ၊ အသားတု(၅)ပိဿာ တို့နှင့် ရေသန့် ၁ လီတာဘူး (၂၀၀) ကဒ်တို့ကို ဖြစ်ကြောင်း သိရသည်။

    ရောင်းချရာတွင် ငလျင်ဘေးဒဏ်သင့်ပြည်သူများ ပတ္တမြားရပ်ကွက်နှင့် နီလာရပ်ကွက်တို့အား သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ငလျင်ဘေးဒဏ်သင့် စစ်ကိုင်းမြို့အတွင်း ပြည်သူများသို့ ဈေးကားများဖြင့် ဆန်၊ ဆီ၊ ကြက်သွန်နီ၊ အသားတု၊ ဟင်းသီးဟင်ရွက်နှင့် ကုန်မျိုးစုံအား သက်သာသော ဈေးနှုန်းဖြင့် (၆)ရက်မြောက်နေ့အဖြစ် လှည့်လည်ရောင်းချပေးလျက်ရှိ

   စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး၏ ကြီးကြပ်မှုဖြင့် မုံရွာမြို့ရှိ ဆန်/ဆီကုန်သည်များက ငလျင်ဘေးဒဏ်သင့် စစ်ကိုင်းမြို့ရှိ ပြည်သူများသို့ ဆန်၊ ဆီ၊ ကြက်သွန်နီ၊ အသားတု၊ ဟင်းသီးဟင်းရွက်နှင့် ကုန်မျိုးစုံအား သက်သာသောဈေးနှုန်းဖြင့် (၆)ရက်မြောက်နေ့ အဖြစ် ရောင်းချပေးလျက်ရှိပါသည်။

    ၂၀၂၅ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့မှ ဧပြီလ ၅ ရက်နေ့အထိ ဈေးကား(၂) စီးဖြင့် နံနက်ပိုင်း တွင်(၁)ကြိမ်၊မွန်းလွဲပိုင်းတွင် (၁)ကြိမ် ရောင်းချပေးခဲ့ရာ ယနေ့တွင် ဆန်( ၁၅  )အိတ်၊ ဆီ ( ၁၃၀ ) ပိဿာ ၊ ကြက်သွန်နီ   (  ၆၀ ) ပိဿာတို့ကို ရောင်းချပေးခဲ့ပြီး ယနေ့အထိ ဆန်( ၁၅၄ )အိတ်၊ ဆီ( ၂၅၅၇ ) ပိဿာ ၊ ကြက်သွန်နီ(၂၅၃)ပိဿာ၊ ရေသန့် ၁ လီတာဘူး (၂၀၀) ကဒ်တို့ကို ဖြစ်ကြောင်း သိရသည်။

   ရောင်းချရာတွင် ငလျင်ဘေးဒဏ်သင့်ပြည်သူများ ရွာထောင်ရပ်ကွက်ရှိ  ဒီဇယ်စက်ခေါင်းရုံ၊ ဝန်ထမ်းများအိမ်ယာ(၂) နေရာအား သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

 

ငလျင်ဘေးဒဏ်သင့် စစ်ကိုင်းမြို့အတွင်း ပြည်သူများသို့ ဈေးကားများဖြင့် ဆန်၊ ဆီ၊ ကြက်သွန်နီ၊ အသားတု၊ ဟင်းသီးဟင်ရွက်နှင့် ကုန်မျိုးစုံအား သက်သာသော ဈေးနှုန်းဖြင့် (၅)ရက်မြောက်နေ့အဖြစ် လှည့်လည်ရောင်းချပေးလျက်ရှိ

   စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး၏ ကြီးကြပ်မှုဖြင့် မုံရွာမြို့ရှိ ဆန်/ဆီကုန်သည်များက  ငလျင်ဘေးဒဏ်သင့် စစ်ကိုင်းမြို့ရှိ  ပြည်သူများသို့ ဆန်၊ ဆီ၊ ကြက်သွန်နီ၊ အသားတု၊ ဟင်းသီးဟင်းရွက်နှင့် ကုန်မျိုးစုံအား သက်သာသော ဈေးနှုန်းဖြင့် (၆)ရက်မြောက် နေ့အဖြစ် ရောင်းချပေးလျက် ရှိပါသည်။

    ၂၀၂၅ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့မှ ဧပြီလ ၄ ရက်နေ့အထိ ဈေးကား(၂) စီးဖြင့် နံနက်ပိုင်း တွင်(၁) ကြိမ်နှင့် မွန်းလွဲပိုင်းတွင် (၁)ကြိမ်စီ ရောင်းချပေးလျက်ရှိပြီး ယနေ့ထိ ဆန်(  ၁၃၉ )အိတ်၊ ဆီ ( ၂၄၂၇ ) ပိဿာ ၊ ကြက်သွန်နီ(၁၉၃)ပိဿာ၊ ရေသန့် ၁ လီတာဘူး (၂၀၀ ) ကဒ်တို့ကို ရောင်းချ ပေးခဲ့ပြီးဖြစ်ပါသည်။

    ထို့သို့ရောင်းချရာတွင် ငလျင်ဘေးဒဏ်သင့်ပြည်သူများ အလွယ်ကူဆုံး လာရောက်နိုင်မည့် နေရာများဖြစ်သော နှစ်(၇၀၀)ကွင်းအရှေ့၊ စကုမော်ကျောင်း၊ အိုးအိမ်တိုက်တန်း၊ ခရိုင်စိုက်ပျိုးရေးနှင့် အပူပိုင်းစိမ်းလန်းစိုပြေရေးရုံး၊ စည်းခုံကြီးဘုရာ၊ စစ်ကိုင်းတက္ကသိုလ်၊ မြို့နယ်ရဲတပ်ဖွဲ့ရုံး၊ ခရိုင်လျှပ်စစ်ရုံး၊ ပညာရေးတက္ကသိုလ်၊ ရွှေမင်းဝံရပ်၊ ထုံးဘိုရပ်၊ ဇေယျာရပ်ကွက်များတွင် အလှည့်ကျ သွားရောက် ရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

 

မုံရွာမြို့၊ သလ္လာရပ်ကွက်ရှိ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းအရောင်းဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူ ပြည်သူများအတွက် ကုန်စည်နှင့်ဝန်ဆောင်မှုများ အသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ လုံခြုံစိတ်ချရမှု ရှိစေရေးအတွက် အစဉ်ဆောင်ရွက်လျက်ရှိပါသည်။ စားသုံးသူများအတွက် လုံခြုံစိတ်ချရမှုမရှိသောကုန်စည်များ၊ စားသုံးသူကာကွယ်ရေး ဥပဒေ (၂၀၁၉)၊ အခန်း(၁၈) ပုဒ်မ ၄၁ ပါ ကုန်အညွှန်းအမှတ်အသားများနှင့် ပြည့်စုံမှုမရှိသော ကုန်စည်များ ထုတ်လုပ်ဖြန့်ဖြူးခြင်း၊  ဈေးကွက် အတွင်း တင်သွင်းရောင်းချခြင်းမရှိစေရန်ရည်ရွယ်၍ မုံရွာခရိုင်ဦးစီးမှူးရုံးမှ  ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း (၃) ဦးတို့သည် (၂.၄.၂၀၂၅) ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် မုံရွာမြို့၊ မြဝတီရပ်ကွက် လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များသို့ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

    ထိုသို့ဆောင်ရွက်ရာတွင် မုံရွာမြို၊ မြဝတီရပ်ကွက်ရှိ လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်း အရောင်းဆိုင်များတွင် ကုန်အညွှန်းအမှတ်အသားနှင့် ပြည့်စုံမှုမရှိသော ကုန်စည်များ ရောင်းချနေခြင်း ရှိ/မရှိ စစ်ဆေးခဲ့ကြပြီးဆိုင်ပိုင်ရှင်များအား စီးပွားရေး လုပ်ငန်းရှင်၏တာဝန်များနှင့် ကုန်အညွှန်း အမှတ် အသားပြည့်စုံမှုမရှိသော ကုန်စည်များအား တင်သွင်းရောင်းချခြင်းမပြုကြရန် ပြောကြားခဲ့ပြီး လက်ကမ်း စာစောင် များပေးဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့ရှိ “ဒို့မုံရွာ” မုန့်လုပ်ငန်းမှ ထုတ်လုပ်သည့် ကုန်စည်များကို ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးဆောင်ရွက်ခဲ့

     စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်၊ ခရိုင်ဦးစီးမှူးနှင့် မုံရွာမြို့နယ်တာဝန်ခံတို့သည်သည် ၂၀၂၅ ခုနှစ်၊ မတ်လ (၂၅) ရက်နေ့တွင် မုံရွာမြို့၊ သလ္လာရပ်ကွက်ရှိ “ဒို့မုံရွာ” မုန့်လုပ်ငန်းမှ ထုတ်လုပ်သည့် ကုန်စည်များကို ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ဈေးကွက်မရောက်မီ စောင့်ကြည့်စစ် ဆေးခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

    ထိုသို့ဆောင်ရွက်ရာတွင် “ဒို့မုံရွာ” မုန့်လုပ်ငန်းမှ “ဒို့မုံရွာ”အမှတ်တံဆိပ် အဆင့်မြင့်ပဲလမုန့်၊ ပဲပေါင်မုန့်၊ နို့စိမ်းပေါင်မုန့်၊ ပူတင်းပေါင်မုန့် ကုန်စည်(၄)မျိုးကို ထုတ်လုပ် ဖြန့်ဖြူးရောင်းချသည်ကို စစ်ဆေး တွေ့ရှိရပြီး ၎င်းကုန်စည်(၄)မျိုး၏ ထုတ်ပိုးမှုပေါ်တွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထားသည့်ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) နှင့် အညီ ကိုက်ညီ မှုရှိကြောင်း စိစစ်တွေ့ရှိရသည်။ စားသုံးသူ ရေးရာဦးစီးဌာနမှ တာဝန်ရှိသူက ဥပဒေအခန်း (၁၀) ပါ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များ၊ ဥပဒေ အခန်း(၁၁)ပါ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းဆိုင်ရာ အချက် အလက်များအကြောင်း ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာခရိုင်၏ (၃/၂၀၂၅)လအတွင်း ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်နိုင်မှု အခြေအနေ

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာခရိုင်ဦးစီးမှူးရုံးအနေဖြင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြထားခြင်းရှိ/မရှိ၊ စားသုံးသူများနေ့စဉ် အသုံးပြုလျက်ရှိသော ကုန်စည်နှင့် ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိ စေရေး၊ ကုန်စည်များကို သတ်မှတ်စံချိန်စံညွှန်းများ၊ညွှန်ကြားချက်များနှင့်ကိုက်ညီမှုရှိ/မရှိ ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ သော်လည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ အရခန့် အပ်ထားသော စစ်ဆေးရေးအရာရှိများက ဦးဆောင်၍ သော်လည်းကောင်း ဆောင်ရွက်လျက်ရှိ ပါသည်။

           မုံရွာခရိုင်အနေဖြင့် (၃/၂၀၂၅) လအတွင်း ခရိုင်ဦးစီးမှူး မှဦးဆောင်၍ ထုတ်ကုန်လုံခြုံစိတ်ချ ရမှုဌာနခွဲတာဝန်ခံနှင့် စားသုံးသူရေးရာဌာနခွဲတာဝန်ခံတို့သည် မုံရွာမြို့၊ ကျောက္ကာလမ်းပေါ်ရှိ လူသုံး ကုန်နှင့် စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များ၊ မုံရွာမြို့၊ ဗန္တုလဈေးရှိ လူသုံးကုန်နှင့် စားသောက် ကုန်ပစ္စည်းအရောင်းဆိုင်များ၊  မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်ရှိ လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်း အရောင်းဆိုင်များ၊ မုံရွာမြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များအား  ဈေးကွက်စောင့်ကြည့်စစ်ဆေး ခြင်းများ ဆောင် ရွက်ခဲ့ကြပြီး ဌာန၏ ဥပဒေ၊ အမိန့်နှင့် ညွှန်ကြား ချက်ပါအကြောင်းများကို အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိ ပါသည်။

DOCA(စစ်ကိုင်း)

မုံရွာခရိုင်၏ (၃/၂၀၂၅) လအတွင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံခြင်း ဆောင်ရွက်မှုအခြေအနေ

     စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင် ဦးစီးမှူးရုံးအနေဖြင့် ဌာန၏မျှော်မှန်းချက်ဖြစ်သည့် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူ ကာကွယ်ရေး လုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးရေးလုပ်ငန်းများအပြင် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။

       မုံရွာခရိုင်အနေဖြင့် ၂၀၂၅ ခုနှစ်၊ မတ်လအတွင်း စီးပွားရေးလုပ်ငန်းရှင်များအား တွေ့ဆုံခြင်း (၂) ကြိမ် ဆောင်ရွက်ခဲ့ရာ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၃)တို့သည် (၁၁.၃.၂၀၂၅) ရက်နေ့တွင် မုံရွာမြို့ပေါ်ရှိ ဆီရောင်းဝယ်ရေးလုပ်ငန်းရှင်များ ၊(၂၀.၃.၂၀၅) ရက်နေ့တွင် မုံရွာမြို့၊ မြဝတီရပ်ကွက်ရှိ “ဆု” ဆိတ်သားမီးကင်လုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး စားသုံးသူကာကွယ် ရေးဥပဒေပါအကြောင်းအ ရာများ၊ အမိန့်နှင့် ညွှန်ကြားချက်များ၊ ဌာနမှဆောင်ရွက်လျက်ရှိသောလုပ်ငန်းများအား အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သတင်းရရှိ ပါသည်။

DOCA(စစ်ကိုင်း)

ညောင်လေးပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် မြေငလျင်လှုပ်ခတ်မှုကြောင့် အသက် ဆုံးရှုံးခဲ့သူများအား ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် တစ်မိနစ်ခန့် ငြိမ်သက်အလေးပြုခြင်း ကျင်းပ

    ညောင်လေးပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် (၁.၄.၂၀၂၅)ရက်နေ့၌ မြေ ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် အသက်ဆုံးရှုံးခဲ့သူများအား ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် တစ်မိနစ် ခန့်ငြိမ်သက်အလေးပြုခဲ့ရာ ညောင်လေးပင်ခရိုင်နှင့် မြို့နယ်အဆင့်ရှိဌာနဆိုင်ရာ ဝန်ထမ်းများ အားလုံး ပူးပေါင်းပါဝင်ခဲ့ကြကြောင်း သိရှိရပါသည်။

          ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့ မြန်မာစံတော်ချိန် ၁၂ နာရီ ၅၁ မိနစ် ၀၂ စက္ကန့်တွင် ပြင်းအား ၇.၇ ရစ်(ခ်)တာစကေးရှိ အလွန်ပြင်းထန်သည့် မြေငလျင်လှုပ်ခတ်ခဲ့ကြောင့် အသက် ဆုံးရှုံးမှုများနှင့် ပျက်စီးဆုံးရှုံးခဲ့မှုများအတွက် စာနာနားလည်မှုများနှင့်အတူ ထပ်တူခံစားလျက် နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့ရက်အဖြစ် ၃၁.၃.၂၀၂၅ ရက်နေ့မှ ၆.၄.၂၀၂၅ ရက် နေ့အထိ (၇)ရက်အား နိုင်ငံတော်မှကြေညာခဲ့ပြီး နိုင်ငံတော်အလံကိုလည်း တိုင်ဝက်လျှော့ချ၍ လွှင့်ထူထားရန် ညွှန်ကြားထားခဲ့ပါသည်။ ထို့ကြောင့် ညောင်လေးပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင် ဌာနဆိုင်ရာဝန်ထမ်းများ ပူးပေါင်းပါဝင်၍ မြန်မာစံတော်ချိန် ၁၂ နာရီ ၅၁ မိနစ် ၀၂ စက္ကန့်တွင်  တစ်မိနစ်ခန့် ငြိမ်သက်အလေးပြုခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

 

စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးတွင် “ပို့ကုန်နှစ်ဆ တိုးမြှင့်ရေး (ပဲမျိုးစုံကဏ္ဍ) ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

    စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေး၊ အသိပညာ‌ပေး လုပ်ငန်းများအပြင် ပြည်တွင်းရှိ စိုက်ပျိုးထုတ်လုပ်လျက်ရှိသော သီးနှံများ အထွက်တိုးရေး၊ ဈေးနှုန်းတည်ငြိမ်ရေး၊ ပြည်တွင်းပြည်ပတွင် ဈေးကွက်ရရှိရေး လုပ်ဆောင်လျက်ရှိရာ (၃.၄.၂၀၂၅)ရက်နေ့ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး၌ “ပို့ကုန်နှစ်ဆတိုးမြှင့်ရေး (ပဲမျိုးစုံကဏ္ဍ) ဖွံ့ဖြိုးတိုးတက်ရေး” အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သိရပါသည်။

   ပဲခူးတိုင်းဒေသကြီးတွင် ပဲအမျိုးမျိုး စိုက်ပျိုးထုတ်လုပ်လျက်ရှိသဖြင့် ပို့ကုန်နှစ်ဆတိုးမြှင့် ရေးအတွက် ပဲမျိုးစုံကဏ္ဍတိုးမြှင့်ရေးကို ရည်ရွယ်၍ ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်သည့် တောင်သူများ၊ ပဲမျိုးစုံ ရောင်းချတင်ပို့လျက်ရှိသော လုပ်ငန်းရှင်များ၊ ပဲကုန်သည်များနှင့် ပူးပေါင်း၍ “ပို့ကုန်နှစ်ဆ တိုးမြှင့်ရေး (ပဲမျိုးစုံကဏ္ဍ) ဖွံ့ဖြိုးတိုးတက်ရေး” အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

 

ကျောက်တံခါးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် “ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့” အကြောင်း အသိပညာပေး Talk Show ဆွေးနွေး

    ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိရာ (၃.၄.၂၀၂၅)ရက်နေ့ နေ့လယ် (၁၂:၃၀)နာရီအချိန်တွင် ကျောက်တံခါးမြို့နယ် တာဝန်ခံရုံးမှ ဒုဦးစီးမှူး ဒေါ်ဇင်မာထွေးသည် ကျောက်တံခါးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာနရုံးတွင် “ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့”အကြောင်း အသိပညာပေး Talk Show ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

    ဆွေးနွေးရာတွင် ကျောက်တံခါးမြို့နယ်တာဝန်ခံရုံးမှ ဒုဦးစီးမှူး ဒေါ်ဇင်မာထွေးသည် ပြန်ကြားရေးဝန်ကြီးဌာန၊ ကျောက်တံခါးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးတွင် ကျောက်တံခါးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်အတူ “ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့” ပေါ်ပေါက်လာပုံ၊ စားသုံးသူအခွင့်အရေး အချက် (၈)ချက် အကြောင်း၊ စားသုံးသူကာကွယ်ရေးဉပဒေအရ စားသုံးသူပြည်သူများကို အကာအကွယ်ပေးထားပုံ၊ စီးပွား‌ရေးလုပ်ငန်းရှင်များ၏တာဝန်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်အောက် တွင်ရှိသော စားသုံးသူရေးရာဦးစီးဌာန၏ တာဝန်နှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ အကြောင်းကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ