
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနတွင် ကျင်းပပြုလုပ်သော ကိုဗစ်-၁၉ ကြောင့်ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးကော်မတီ၏ (၁/၂၀၂၆)ကြိမ်မြောက် အစည်း အဝေးအားထားဝယ်မြို့၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံးတွင် Virtual စနစ်ဖြင့် တိုင်းဒေသကြီးဦးစီးမှူးမှ တက်ရောက်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးမှ အဖွင့် အမှာစကားပြောကြားခြင်း၊ ကိုဗစ်-၁၉ ချေးငွေစိစစ်ကြပ်မတ်ရေးအဖွဲ့ဝင်များမှရှင်းလင်းဆွေးနွေးခြင်းနှင့်အထွေထွေဆွေးနွေးခြင်း၊ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန် ကြီးမှ နိဂုံးချုပ်အမှာ စကားပြောကြားကာ အစည်းအဝေးအား ပြီးမြောက်ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)
