သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

သာစည်မြို့နယ်၊ အောင်သာကျေးရွာတွင် စားသုံးသူကာကွယ်ပေးရေး အသိပညာပေးဟောပြောခြင်း

မန္တလေးတိုင်း‌ဒေသကြီး၊မိတ္ထီလာခရိုင်၊စားသုံးသူရေးရာဦးစီးဌာန၊ခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့်သာစည်မြို့နယ်၊ အောင်သာကျေးရွာတွင်  စားသုံးသူပြည်သူများ စားသုံးသူခွင့်အရေးအပြည့်အဝရရှိ စေရန်နှင့် ဝယ်ယူသုံးစွဲသောကုန်စည်များ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းပြီး အာမခံချက်ရှိသော ကုန်စည်မျာမှန်ကန်စွာရွေးချယ်ဝယ်ယူနိုင်ရေး ၂၀၂၅ခုနှစ် ၊ မတ်လ (၂၀) ရက်နေ့ နံနက်(၁၀၃၀) နာရီချိန်တွင် စားသုံးသူကာကွယ်ရေးအသိ ပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။

          ဟောပြောပွဲတွင် စားသုံးသူရေရာဦးစီးဌာနမန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ စာသုံးသူ ရေးရာဌာနခွဲတာဝန်ခံ ဒေါ်သိမ့်သူဇာမောင်မှ စားသုံးသူရေးရာဦးစီးဌာနတွင် လက်ရှိ ဆောင်ရွက်နေ သော စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့်စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းရေး၊ ထုတ်ကုန်လုံခြုံ စိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းလုပ်ငန်းများနှင့် နစ်နာဆုံးရှုံးမှုများအတွက် ညှိနှိုင်းဖြေရှင်းမှုများ လုပ်ဆောင်ရွက်လျှက်ရှိ ကြောင်း ၂၀၁၉ စားသုံးသူကာကွယ်ရေး ဥပဒေအရ စားသုံးသူအခွင့်အရေးများ၊ လိုက်နာရမည့်် တာဝန််များအကြောင်း၊ စားသုံးသူအခွင့််အရေး နစ်နာဆုံးရှုံးမှုများအတွက် ဖြေရှင်းပေးမှုမျာအား အကျယ်တဝင့်ဆွေးနွေးခဲ့ပါသည်။ လုပ်ငန်းရှင်များအနေဖြင့်လည်း အခြားကုန်စည်ကို ဝယ်ယူသုံးစွဲရာ တွင်  မိမိတို့ကိုယ်တိုင် စားသုံးသူများဖြစ်သည့်အတွက် စာသုံးသူအခွင့်အရေး နစ်နာဆုံးရှုံးမှုများရှိ လာပါက တိုင်းဒေသကြီး/ ပြည်နယ်နှင့် ခရိုင်ရုံးများတွင် ဖွင့်လှစ်ထားသော စားသုံးသူသတင်းပြန်ကြား ရေးနှင့် တိုင်ကြားမှုလက်ခံ ဆောင် ရွက်ရေးစင်တာ (CICC) ရုံးများတွင် တိုင်ကြားနိုင်ပါကြောင်း၊  DOCA Myanmar Application နှင့်စားသုံးသူရေးရာဦးစီးဌာန၏ Website www.doca.gov.mm တွင် ဝင်ရောက်လေ့လာ တိုင်ကြားနိုင်ကြောင်း ၊ Consumer Cell Center နံပါတ် (၁၅၃၅) သို့လည်း ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းဆောင်ရွက်နိုင်ပါကြောင်းကို ဆွေးနွေးပြောကြားခဲ့ပြီး ဟောပြောပွဲ တွင် ကျေးရွာနေပြည်သူ စုစုပေါင်း ( ၁၄၉ ) ဦးတက်ရောက်ခဲ့ပါသည်။ လက်ကမ်းစာစောင် များလည်း ဖြန့်ဝေခဲ့ပြီး ဟောပြောပွဲကိုနံနက်(၁၁၃၀)အချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သိရှိရသည်။

DOCA(မန္တလေး)

မိတ္ထီလာခရိုင်အတွင်း ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေး

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်း ဒေသကြီး၊ မိတ္ထီလာခရိုင်၊ ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့် ဝန်ထမ်းများသည် ထုတ်ကုန်များလုံခြုံစိတ်ချရမှု ရှိစေရေး၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ထည့်သွင်းဖော်ပြထားခြင်းရှိ/မရှိ၊ စားသုံးသူများ နေ့စဉ်အသုံးပြုလျက်ရှိသော ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များကို သတ်မှတ်စံချိန်စံညွှန်းများ၊ ညွှန်ကြားချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို မိတ်ဖက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ဆောင်ရွက် လျက်ရှိရာ (၁၉-၃-၂၀၂၅) ရက်နေ့ ၊ နေ့လည် (၁၃၀၀) နာရီအချိန်တွင် မိတ္ထီလာမြို့နယ်၊ မြိုင်သာကျေး ရွာရှိ ဟိုးလေး ကြက်သွန်ကြော်လုပ်ငန်းသို့ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ကွင်းဆင်းစစ်ဆေးရာတွင် ဟိုးလေးကြက်သွန်ကြော်လုပ်ငန်းမှ ကုန်စည်ထုတ်ပိုးမှုပေါ်တွင် လည်း ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော် မရှင်က ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) နှင့် အညီကိုက်ညီမှုရှိကြောင်း စိစစ်တွေ့ ရှိရပြီး ခရိုင်ဦးစီးမှူးမှ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၀) ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန် များ၊ အခန်း (၁၁)ပါကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းဆိုင်ရာ အချက်အလက်များအကြောင်း ဆွေးနွေးခဲ့ပြီး လုပ်ငန်းလည်ပတ်မှုအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

DOCA(မန္တလေး)

မိတ္ထီလာခရိုင် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံသည် စားသောက်ကုန် ထုတ်လုပ်ရောင်းချနေသော လုပ်ငန်းရှင်များနှင့်တွေ့ဆုံ

          စားသုံးသူရေးရာဦးစီးဌာန ၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး ဦးစီးမှူး၏လမ်းညွှန်မှုဖြင့်  မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံသည် ဘွန်သီး မုန့်လုပ်ငန်းလုပ်ကိုင်နေသော စားသောက်ကုန်လုပ်ငန်းရှင်နှင့်   ၂၀၂၅ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့တွင် ကုန်အညွှန်းအမှတ်အသားဆိုင်ရာများနှင့်ပတ်သက်၍  ဆွေးနွေးခဲ့ပါသည်။

          ကုန်အညွှန်းအမှတ်အသားပြုလုပ်ရာတွင် လိုအပ်သည်များကို ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲ တာဝန်ခံမှ ကုန်စည်နှင့်ဝန်ဆောင်မှုများကို စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြု နိုင်စေရေးအတွက် စီးပွားရေးကျင့်ဝတ်များ ၊ လုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များအကြောင်းနှင့်  ၎င်းတို့၏ ထုတ်ကုန်ပစ္စည်းများပေါ်တွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း (၁၈) တွင် ဖော်ပြထားသောပြဌာန်းချက်များအတိုင်း ကုန်အညွှန်းအမှတ်အသားကို ပြည့်စုံစွာဖော်ပြရန်၊ ကုန်စည် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓါတ်မတည့်ကြောင်း ဖော်ပြချက်တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာ (သို့) အခြားဘာသာ တစ်ခုဖြင့်ဖြစ်စေဖော်ပြရန်နှင့် တိကျမှန်ကန်စွာ ဖော်ပြခြင်းမရှိပါက စားသုံးသူကာကွယ်ရေးဥပဒေမှ ချမှတ်ထားသော ပြစ်မှုပြစ်ဒဏ်များအကြောင်းကို  အသိပညာပေးဆွေးနွေးခဲ့ပြီး၊ ကုန်အညွှန်းအမှတ် အသားဖော်ပြချက်လျှောက်ထားခြင်းနှင့် ပတ်သက်၍ ဌာနသို့စိစစ်ဆောင်ရွက် ပေးပါရန်တင်ပြလာမှု အပေါ် ကူညီဆောင်ရွက်ပေးမှုများ ပြုလုပ်ခဲ့ပါသည်။

DOCA(မန္တလေး)

 

ဈေးကွက်မရောက်မီ ကုန်အညွှန်းအမှတ်အသားများအား ဖော်ပြရာတွင် မှန်/မမှန် ကွင်းဆင်းစစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန ၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး ဦးစီးမှူး၏လမ်းညွှန်မှုဖြင့်  မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ် မတ်လ ၁၉ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် မိတ္ထီလာမြို့နယ်အတွင်းရှိ ကျီးတော် ကုန်းရပ်ကွက်ရှိ လာဘ်မင်းလူသုံးကုန်လုပ်ငန်း၊ ဇောင်ချမ်းကုန်းရပ်ကွက်ရှိ ရွှေလမင်းသာမုန့်လုပ်ငန်း၊ ဈေးအရှေ့ပြင်ရပ်ကွက်ရှိ ရွှေမိုးပဲကြော်လုပ်ငန်းနှင့် ဝန်ဇင်းရပ်ကွက်ရှိ တောင်ဇလပ်လူသုံးကုန် လုပ်ငန်းသို့ လုပ်ငန်းလုပ်ကိုင်ရာတွင် ကုန်အညွှန်းအမှတ်အသားများ ဖော်ပြခြင်းနှင့် ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချရာတွင် ကုန်အညွှန်းအမှတ်အသားများ ကိုက်ညီမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများ၊ စစ်ဆေးရာတွင် ပူးပေါင်းပါဝင်ခဲ့သည့် ဌာနများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များအား ပစ္စည်းများ၏ ထုတ်ပိုးမှုအပြင်အဆင်ပေါ်တွင် စားသုံးသူကာကွယ်ရေး ဥပဒေပါ အခန်း (၁၈) ၌ ပါရှိသည့် ကုန်အညွှန်းအမှတ်အသားများ ပြည်စုံစွာပါ ရှိစေရန်နှင့် ထုပ်ပိုးသည့် ကုန်ပစ္စည်းများအား သန့်ရှင်းသပ်ရပ်စေရန်နှင့် ဈေးကွက်အတွင်းတင်ပို့ရောင်း ချရာတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိသည့် ပစ္စည်းများကို ရောင်းချပါရန် အသိပညာ ပေးဟောပြောခဲ့ပါသည်။

DOCA(မန္တလေး)

ဈေးကွက်မရောက်မီ ကုန်အညွှန်းအမှတ်အသားများအား ဖော်ပြရာတွင် မှန်/မမှန် ကွင်းဆင်းစစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန ၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး ဦးစီးမှူး၏လမ်းညွှန်မှုဖြင့်  မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ် မတ်လ ၁၉ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် ပျော်ဘွယ်မြို့နယ်အတွင်း ရွှေပြည်ရန် အောင်ရပ်ကွက်ရှိ ပဒေသာမုန့်လုပ်ငန်းနှင့် နယ်မြေ (၅)၊  မြို့မရပ်ကွက်ရှိ SSS မုန့်လုပ်ငန်း လုပ်ကိုင်ရာတွင် ကုန်အညွှန်းအမှတ်အသားများဖော်ပြခြင်းနှင့် ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချရာ တွင် ကုန်အညွှန်းအမှတ်အသားများ ကိုက်ညီမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီး ဌာနမှ ဝန်ထမ်းများ၊ စစ်ဆေးရာတွင် ပူးပေါင်းပါဝင်ခဲ့သည့် ဌာနများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များအား ပစ္စည်းများ၏ ထုတ်ပိုးမှုအပြင်အဆင်ပေါ်တွင် စားသုံးသူကာကွယ်ရေး ဥပဒေပါ အခန်း (၁၈) ၌ ပါရှိသည့် ကုန်အညွှန်းအမှတ်အသားများ ပြည်စုံစွာပါ ရှိစေရန်နှင့် ထုပ်ပိုးသည့် ကုန်ပစ္စည်းများအား သန့်ရှင်းသပ်ရပ်စေရန်နှင့် ဈေးကွက်အတွင်းတင်ပို့ရောင်းချရာတွင် ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံစွာပါရှိသည့် ပစ္စည်းများကို ရောင်းချပါရန် အသိပညာပေးဟောပြောခဲ့ပါ သည်။

DOCA(မန္တလေး)

 

မိတ္ထီလာမြို့ပေါ်ရှိ ဆေးဆိုင်များရှိ ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများရောင်းချနေမှုအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

          စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူ ပြည်သူများ ကုန်စည်နှင့်ဝန်ဆောင်မှုများသုံစွဲရာတွင် ထိခိုက်နစ်နာမှုမရှိစေရေး၊ လုံခြုံစိတ်ချရမှု မရှိသော ကုန်စည်များလျော့နည်းပပျောက်သွားစေရေးတို့အတွက် နေရာစုံ၌ နည်းလမ်းပေါင်းစုံဖြင့် စီးပွားရေးလုပ်ငန်းရှင်များအပါအဝင် စားသုံးသူပြည်သူတစ်ရပ်လုံးကို အသိပညာပေးလျက်ရှိရာ တစ်ဖက်မှလည်း ဈေးကွက်များအတွင်းရောင်းချမှုမရှိစေရေး ရောင်းချမှုမရှိစေရေး ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းများကို အစဉ်တစိုက်ဆောင်ရွက်လျက်ရှိပါသည်။ မိတ္ထီလာမြို့နယ် တာဝန်ခံ နှင့်အဖွဲ့သည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီး ဌာနနှင့်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တို့ပူးပေါင်း၍မိတ္ထီလာခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုနှင့်  ၂၀၂၅ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင် မိတ္ထီလာမြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းရောင်းချနေသောဆိုင်များအား  ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ကွင်းဆင်းစစ်ဆေးရာတွင် ပူးပေါင်းအဖွဲ့ဝင်များသည် ဆေးနှင့်ဆေးပစ္စည်းရောင်းချသော ဆေးဆိုင်များတွင် ကျန်းမာရေးအထောက်အကူပြု အသုံးအဆောင်ပစ္စည်းများဖြစ်သော သွေးပေါင်ချိန် စက်၊ ဆီးချိုသွေချိုးတိုင်းစက်၊ ကွန်ဒုံး၊ ဆီးစစ်ကိရိယာစသည့် ပစ္စည်းအမျိုးမျိုးနှင့် သက်ဆိုင်ရာဌာန ထောက်ခံချက်ပါဝင်သော ဆေးဝါးများ၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းများနှင့် ကိုက်ညီသော ဆေးဝါးများသာရောင်းချစေရေးတို့အတွက် စစ်ဆေးမှုများဆောင် ရွက်ခဲ့ပြီး၊ စစ်ဆေးမှုများတွင် သတ်မှတ်ချက်များနှင့်ကိုက်ညီမှုရှိသော ကျန်းမာရေးအထောက်အကူပြု အသုံးအဆောင်ပစ္စည်းအမျိုးမျိုးနှင့် ဆေးဝါးများကိုသာ ရောင်းချမှုရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် ထွေ/အုပ်ရုံးအစည်းအဝေးတက်ရောက်ခြင်း

           ၁၈.၃.၂၀၂၅ (၁၄:၃၅) နာရီအချိန်တွင် ဦးသိန်းထွန်း(ဌာနခွဲစာရေး)သည် ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ် ထွေ/အုပ်ရုံးအစည်းအဝေးသို့ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

          အစည်းအဝေးပွဲတွင် မစဖဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများမှတာဝန်ရှိသူများ၊ ပညာရေးဌာနနှင့် အရှေ့ပိုင်းခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများ တွေ့ဆုံ၍ ဘာသာ ရေးဆိုင်ရာကိစ္စရပ်များ၊ ပြည်ထောင်စုနေ့အခမ်းအနား ကျင်းပဆောင်ရွက်မည့် ကိစ္စရပ်များ၊ လုံခြုံရေး ဆိုင်ရာကိစ္စရပ်များနှင့် မြို့နယ်အတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသော ဆန်ဆိုင်များမှ အများပြည်သူများထံ သင့်တင့်မျှတသည့် ဆန်ဈေးနှုန်းအတိုင်း ရောင်းချနိုင်ရန် ကြပ်မတ်ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ဗိုလ်တထောင်မြို့နယ် ဗန္ဓုလ(Ocean) သို့ အဖွဲ့စုံဖြင့်ဝင်ရောက်စစ်ဆေးခြင်း

            စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးသိန်းထွန်း(ဌာနခွဲစာရေး) သည် ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ် ဗန္ဓုလ(Ocean)      ၂၀.၃.၂၀၂၅ ရက်နေ့၊ နေလယ် (၁၄:၃၅) နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ စားသုံးသူရေးရာ ဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနများမှတာဝန်ရှိသူများ ပူးပေါင်းပါဝင်သောအဖွဲ့စုံဖြင့် (ဂမုန်းပွင့်) အတွင်း ဆန်ရောင်းချမှု အခြေအနေများကို စစ်ဆေးခဲ့ကြကြောင်း သိရှိရပါသည်။

            ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် (ဂမုန်းပွင့်) ဆန်ဆိုင်ရှိ ရောင်းချနေသောဆန်များသည်   Nursery (ပေါ်ဆန်း)(၁kg)(၂kg)(၅kg)(၁၂kg) ၊ Ayeyar (ပေါ်ဆန်း) (၅kg) စသည့် ဆန်များကို   သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချလျက်ရှိကြောင်းနှင့် ဆန်ဈေးနှုန်းကြီးမြှင့်မှု မဖြစ် ပေါ်စေရေးအတွက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သတ်မှတ်ထားသော ဈေးနှုန်းများအတိုင်း ရောင်းချသွားရန်၊ လိုက်နာမှုမရှိပါက ဥပဒေအရ အရေးယူခံရမှာဖြစ်ကြောင်း  အသိပညာပေး ပြောကြားခြင်းများ  ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ငမိုးရိပ်စံပြဈေး၊ ဈေးတာဝန်ခံရုံးတွင် စားအုန်းဆီလုပ်ငန်းရှင်များ ခေါ်ယူတွေ့ဆုံဆေးနွေးခြင်း

           ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ဒဂုံမြို့သစ်ခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ် ငမိုးရိပ်စံပြဈေး၊ ဈေးတာဝန်ခံရုံးတွင် (၂၁.၃.၂၀၂၅) ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် အမှတ် (၂) ဈေးတာဝန်ခံများနှင့် ပူးပေါင်း၍ ဈေးသူ/ဈေးသားများ စားသုံးသူအသိပညာပေး ပြုလုပ်ခဲ့ကြောင်းသိရသည်။

         ထိုသို့ဟောပြောဆွေးနွေးရာတွင် ဦးဝင်းနိုင်(ဦးစီးအရာရှိ)က စားသုံးသူအသိပညာပေး ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး စားသုံးသူရေးရာဦးစီးမှုးရုံးမှ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်စည်အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့်အခွင့်အရေးများ စီမံခန့်ခွဲရေးအရ အရေးယူခြင်းများနှင့် စားအုန်းဆီ လက်လီ/လက်ကားဖြန့်ဖြူးရောင်း ချပေးသည့် ကိုယ်စားလှယ်များ/လုပ်ငန်းရှင်များအနေဖြင့်  စားအုန်းဆီများကို အိမ်ထောင်စုအလိုက် အညီအမျှခွဲဝေ ရောင်းချပေးရန် အသိပညာပေး ဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

သာကေတမြို့နယ်၊ အမှတ်(၂) ဈေးတာဝန်ခံရုံးတွင် စားသုံးသူအသိပညာပေး ဆွေးနွေးပွဲ ပြုလုပ်ခဲ့

           ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဗိုလ်တထောင်ခရိုင် သာကေတမြို့နယ် တာဝန်ခံဒေါ်မိုးမိုးကြည်နှင့်ဝန်ထမ်းများသည် (၂၁.၃.၂၀၂၅) ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် အမှတ်(၂) ဈေးတာဝန်ခံများနှင့် ပူးပေါင်း၍ ဈေးသူ/ဈေးသားများ စားသုံးသူအသိပညာပေး ပြုလုပ်ခဲ့ပါသည်။

           ထိုသို့ဟောပြောဆွေးနွေးရာတွင် ဈေးတာဝန်ခံမှ  စားသုံးသူအသိပညာပေး ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အားရှင်းလင်းပြောကြားပြီး စားသုံးသူရေးရာဦးစီးမှုးရုံးမှ စားသုံးသူကာကွယ်ရေးဥပ ဒေပါ ကုန်စည်အာမခံပေးထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့်အခွင့်အရေးများ စီမံခန့်ခွဲ ရေးအရအရေးယူခြင်းများ၊ မျှော်မှန်းချက်၊ ရည်မှန်းချက်များ ရှေ့ဆက်လုပ်ဆောင်ရမည့်လုပ်ငန်း တာဝန်များအား ဦးစွာရှင်းလင်းပြောကြားခဲ့ပြီး စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေပါ  အခန်း(၁၈)ရှိ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာအချက်များအား စားသုံးသူများသိရှိနားလည်စေနိုင်ရန် အသေးစိတ်ရှင်းလင်း ဟောပြောခြင်းနှင့် ဥပဒေပါ အချက်အလက်များ သိရှိလိုပါက စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်း ခရိုင်ဦးစီးမှူးရုံးတွင်လည်းကောင်း စားသုံးသူရေးရာဦးစီးဌာန ရုံးချုပ်၏ www.doca .gov. mm website တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါကြောင်း အသိပညာပေး ဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ