သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မကွေးမြို့ပေါ်ရှိ စားအုန်းဆီလက်လီဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်များထံ ကွင်းဆင်းစစ်ဆေး

          စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဒေါ်အေးမဉ္ဇူခိုင်နှင့်ဝန်ထမ်းများ၊ မကွေးခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၁၈.၃.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၃၀) နာရီအချိန်တွင် အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်းပြီး မကွေးမြို့ ပေါ်ရှိ စားအုန်းဆီ လက်လီဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင် (၄)ဦးထံ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဝါဝါကုန်စုံဆိုင်သည် (Good Golden Trading )မှ ရရှိသော စားအုန်းဆီများကို မြို့ဟောင်းရပ်ကွက်ရှိ ပြည်သူများအား လည်းကောင်း၊ Aung Oo Thar ကုမ္ပဏီမှ ရရှိသော စားအုန်းဆီများကို ဇော်ဆီဆိုင်မှ သိင်္ဂါရပ်၊ စျေးလယ်စိုးရပ်၊ မြို့မအိုးဖိုရပ်နှင့် ယင်းမာတော ကျေးရွာများသို့ လည်းကောင်း၊ စေတနာဝင်း ဆီဆိုင်သည် ဆားရွှေကင်းရပ်၊ ဆုံရပ်၊ အိုင်ကြီးကုန်းနှင့် အလယ်ကျွန်းချိုင်းကျေးရွာများသို့ လည်းကောင်း၊ ဖြိုးဆီဆိုင်မှ မယ်လှတောင်၊ မြင်းကင်း၊ ချောင်းဖြူ၊ ဖလံရုံနှင့် သင်္ဘောဆိပ်ကျေးရွာများသို့ လည်းကောင်းသတ်မှတ်ရည်ညွှန်းစျေးနှုန်းများအတိုင်း စားအုန်းဆီ (၁)ပိဿာလျှင် (၇၈၀၀)ကျပ်နှုန်းဖြင့် အိမ်ထောင်စု တစ်စု(၇)ရက်တစ်ပတ်လျှင် (၁)ပိဿာ နှုန်းအား စာအုပ် စနစ်ဖြင့် စနစ်တကျ ရောင်းချလျက်ရှိကြောင်း စိစစ်တွေ့ရှိရကြောင်း သိရှိရပါသည်။

DOCA(မကွေး)

မကွေးမြို့ပေါ်ရှိ ဆန်ပွဲရုံ၊ ဆန် လက်လီ၊ လက်ကားအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နှင့် ပူးပေါင်း၍ ပြည်တွင်း၌ ဆန်စပါးဖူလုံရေး ပြည်ပသို့ စနစ်တကျတင်ပို့ရောင်းချနိုင်ရေး၊ ဆန်စပါးစျေးကွက်၌ စျေးနှုန်းမှန်ကန်တည်ငြိမ်စေ‌ရေး၊ သမရိုးကျရောင်းဝယ်ခြင်းမဟုတ်သော စျေးကစားလိုသည့် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း၊ စျေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မဖြစ်ပေါ်စေရေး တို့အတွက် လစဉ် သင့်တင့်မျှတသော ဆန်စျေးနှုန်းများ ထုတ်ပြန်ပေးလျက်ရှိပါသည်။

          မကွေးမြို့ပေါ်ရှိ ဆန်ပွဲရုံ၊ ဆန် လက်လီ၊ လက်ကားအရောင်းဆိုင်များအား လစဉ်ထုတ်ပြန်ပေးလျက်ရှိသော သင့်တင့်မျှတသော ဆန်စျေးနှုန်းများအတိုင်း ရောင်းချမှုရှိ/မရှိ၊ အမျိုးအစားမတူ၊ စျေးနှုန်းမတူသောဆန်များ ရောနှောရောင်းချမှုမရှိစေရေးတို့အား (၁၇.၃.၂၀၂၅)ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်းပြီး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရပါသည်။

DOCA(မကွေး)

မကွေးမြို့ပေါ်ရှိဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား အထူးစျေးကွက်စောင့်ကြည့်စစ်ဆေး

           စားသုံးသူရေးရာဦးစီးဌာနသည် ဆေးနှင့်ဆေးပစ္စည်းများအား စျေးနှုန်းအဆမတန်မြှင့်တင် ရောင်းချ မှုမရှိစေရေးနှင့် ပစ္စည်းပြတ်လပ်မှုမရှိစေရေးအတွက် အပတ်စဉ် ကွင်းဆင်းစိစစ်ကြပ်မတ် ဆောင်ရွက် လျှက်ရှိရာ(၁၉.၃.၂၀၂၅)ရက်နေ့၊ နံနက် (၁၀:၃၀)မှ (၁၂:၃၀) နာရီအချိန်အထိ မကွေးမြို့ရှိ ဆေးနှင့် ဆေးပစ္စည်း အရောင်းဆိုင်များအား စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်ဦးစီးမှူး၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်းပြီး အထူးစျေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရပါသည်။

          ထိုသို့ စစ်ဆေးရာတွင် ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များ၌ တရားမဝင်တင်သွင်းလာသော ဆေးဝါးများနှင့် သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှုမရှိကြောင်း၊ ဆေးရောင်း ချခွင့်လိုင်စင်များ ပြုလုပ်ထားကြောင်း စစ်ဆေးတွေ့ရှိရပြီး ဆေးနှင့်‌ဆေးပစ္စည်းများအား စျေးနှုန်းအဆမတန်မြှင့်တင်ရောင်းခြင်းမရှိရန်နှင့် ဆေးဝါးများ ပစ္စည်းပြတ်လပ်မှုမရှိစေရေး ထိန်းထိန်းသိမ်းသိမ်းရောင်းချရန် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ပြန်/ဆက်နှင့်ပူးပေါင်း၍ ဖျာပုံခရိုင် ၊ ဖျာပုံမြို့နယ်ရှိ ပြည်သူများအား စားသုံးသူကာကွယ်ရေးနှင့် Online Sale မှတ်ပုံတင်ခြင်းအား အသိပညာပေးဟောပြောခြင်း

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုနှင့် ဖျာပုံခရိုင်ဦးစီးမှူးမှကြီးကြပ်၍ ဖျာပုံခရိုင်အတွင်းရှိ ဖျာပုံမြို့နယ် မြို့နယ်တာဝန်ခံရုံးမှ ဒေါ်အေးသီတာဇော်သည် ၁၅.၃.၂၀၂၅ ရက်နေ့ နံနက်(၁၀:၀၀)နာရီတွင် ဖျာပုံမြို့နယ် ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်ပူးပေါင်း၍ ဖျာပုံမြို့နယ်ပြန်ကြား ရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံးတွင် Talk Show  စီစဉ် ဆောင်ရွက်ခဲ့ကြောင်းသိရပါသည်။

            Talk Show ဟောပြောသည့်အစီအစဉ်တွင် ဖျာပုံမြို့နယ် မြို့နယ်တာဝန်ခံရုံးမှ ဒေါ်အေးသီတာဇော်က စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် စားသုံးသူ ကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များနှင့် အခွင့်အရေးများ ၊  မိမိတို့ ဝယ်ယူရောင်းချသော ကုန်စည်နှင့်ဝန်ဆောင်မှုများ စားသုံးသူကာကွယ်ရေး ဥပဒေပါပြဌာန်း ချက်များနှင့် ကိုက်ညီသောကုန်စည်များကိုသာ မှာယူဝယ်ယူရောင်းချကြာရန်နှင့် ကုန်စည်များတွင် ကုန်အညွှန်း အမှတ်အသားပြည့်စုံစွာဖော်ပြပါရှိရမည့် အချက်အလက်များကို ရှင်းလင်းပြောကြား ခြင်း၊ မိမိတို့ ဝယ်ယူအသုံးပြုသောကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ် လာပါက တိုင်ကြားခွင့်ရှိကြောင်းနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာများ (CICC) ဖွင့်လှစ်ထားရှိမှု အခြေအနေများနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း ၊ တိုင်ကြားနိုင်သည့် နည်းလမ်း များကို အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်း၊  ထို့အပြင် အွန်လိုင်းရောင်းချခြင်းမှတ်ပုံတင် လက်မှတ်မရှိဘဲ အွန်လိုင်း အသုံးပြု၍ ကုန်စည်နှင့်ဝန်ဆောင်မှုများကို ရောင်းချခြင်း ကြော်ငြာခြင်း ပြုလုပ်ပါက မိမိတို့ စားသုံးသူ ရေးရာဦးစီးဌာနမှ မြေပြင်ကွင်းဆင်းစစ်ဆေးပြီး စစ်ဆေးတွေ့ရှိပါက အရေကြီးကုန် စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်းနှင့် အွန်လိုင်းရောင်း ချခြင်းနှင့် ပတ်သက်၍ မှတ်ပုံတင်လိုင်စင် လျှောက်ထားလိုပါက မိမိတို့ စားသုံးသူရေးရာဦးစီးဌာနမှ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့်  အွန်လိုင်းရောင်းချခြင်း မှတ်ပုံတင်လျှောက်ထားလိုပါက လိုအပ်သည့် အချက်အလက်များနှင့် အထောက်အထားများ မှတ်ပုံတင်ကြေးပေးသွင်းရမည့် ကုန်ကျ စရိတ်များအကြောင်း ရှင်းလင်းပြေားကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက် ချက်များကိုသိရှိလိုပါက Website တွင် ဝင်ရောက်လေ့လာနိုင်ကြောင်းနှင့် Consumer Call Center 1535 သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်းကိုလည်း အသိပညာပေး ဟောပြောခဲ့ကြောင်းသိရပါသည်။

DOCA(ဧရာဝတီ)

ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ကုန်စုံဆိုင်လုပ်ငန်းရှင်များအား စားသုံးသူရေးရာ ကာကွယ်ပေးရေး အသိပညာပေးဟောပြောခြင်း

            ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုနှင့် ဖျာပုံခရိုင်ဦးစီးမှူးမှ ကြီးကြပ်၍  ဖျာပုံခရိုင်အတွင်းရှိ ဖျာပုံခရိုင် ဒေးဒရဲမြို့နယ် မြို့နယ်တာဝန်ခံ ဦးသိန်းမောင်သည် ၁၁.၃.၂၀၂၅ ရက်နေ့ နံနက်(၁၁:၀၀)နာရီအချိန်တွင် မြို့နယ်တာဝန်ခံရုံးတွင် ကုန်စုံဆိုင် လုပ်ငန်းရှင် (၈) ဦးအား စားသုံသူရေးရာကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်း‌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

          ဟောပြောပွဲတွင် ဒေးဒရဲမြို့နယ် မြို့နယ်တာဝန်ခံ ဦးသိန်းမောင်က စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များနှင့် အခွင့်အရေးများ၊  မိမိတို့ဝယ်ယူ ရောင်းချသောကုန်စည်နှင့်ဝန်ဆောင်မှုများ စားသုံးသူကာကွယ်ရေး ဥပဒေပါပြဌာန်းချက်များနှင့် ကိုက်ညီသောကုန်စည်များကိုသာ မှာယူဝယ်ယူရောင်းချကြာရန်နှင့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြပါရှိရမည့် အချက်အလက်များကို ရှင်းလင်းပြောကြားခြင်း၊ စားသုံးသူပြည်သူများ ရရှိနိုင်သည့်အခွင့်အရေး (၈) ချက်အားရှင်းလင်းခြင်း၊ မိမိတို့ ဝယ်ယူအသုံး ပြုသောကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက တိုင်ကြား ခွင့်ရှိကြောင်းနှင့် တိုင်ကြား မှု လက်ခံဆောင်ရွက် ရေးစင်တာများ (CICC) ဖွင့်လှစ်ထားရှိမှု အခြေ အနေများနှင့် ပြစ်မှုပြစ်ဒဏ် များအကြောင်း၊ တိုင်ကြားနိုင်သည့် နည်းလမ်းများကို အသိပညာပေး ရှင်းလင်းဟောပြောခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက် ချက်များကိုသိရှိလိုပါက Website တွင် ဝင်ရောက်လေ့လာနိုင်ကြောင်းနှင့် Consumer Call Center 1535 သို့ ဆက်သွယ်မေးမြန်းနိုင် ကြောင်းကိုလည်း အသိပညာပေး ဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ပြန်/ဆက်နှင့်ပူးပေါင်း၍ ဘိုကလေးမြို့နယ်ရှိ ပြည်သူများအား စားသုံးသူရေးရာကာကွယ်ပေးရေး အသိပညာပေးဟောပြောခြင်း

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုနှင့် ဖျာပုံခရိုင်ဦးစီးမှူးမှကြီးကြပ်၍  ဖျာပုံခရိုင်အတွင်းရှိ  ဘိုကလေးမြို့နယ် မြို့နယ်တာဝန်ခံ ဒေါ်ခင်စန်းအေးသည့် ၁၀.၃.၂၀၂၅ ရက်နေ့တွင် နံနက်(၁၀:၀၀)နာရီအချိန်တွင်  ဘိုကလေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်ပူးပေါင်း၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးရုံးရှိ   စာဖက်ပြည်သူ (၁၃)ဦးအား စားသုံသူရေးရာကာကွယ်ရေးဆိုင်ရာ အသိ ပညာပေးဟောပြောခြင်း‌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။ ဟောပြောပွဲတွင် ဘိုကလေးမြို့နယ် မြို့နယ်တာဝန်ခံ ဒေါ်ခင်စန်းအေးက စားသုံးသူ ရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင် ရွက်ချက်များနှင့် စားသုံးသူပြည်သူများ ရရှိနိုင်သည့်အခွင့်အရေး (၈) ချက်အားရှင်းလင်းခြင်း၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြပါရှိရမည့် အချက်အလက်များကို ရှင်းလင်းပြောကြားခြင်း၊ မိမိတို့ဝယ်ယူ အသုံးပြုသောကုန်စည်နှင့် ဝန်ဆောင် မှုများကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက တိုင်ကြားခွင့်ရှိကြောင်းနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာများ (CICC) ဖွင့်လှစ် ထားရှိမှုအခြေအနေများနျင့် ပြစ်မှုပြစ်ဒဏ်များ အကြောင်း ၊ တိုင်ကြားနိုင်သည့် နည်းလမ်းများကို အသိပညာပေး ရှင်းလင်းဟောပြောခဲ့ပြီး  စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက် ချက်များကိုသိရှိလိုပါက Website တွင် ဝင်ရောက် လေ့လာနိုင်ကြောင်းနှင့် Consumer Call Center 1535 သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်းကိုလည်း အသိပညာပေး ဟောပြောခဲ့ကြောင်းသိရပါသည်။

DOCA(ဧရာဝတီ)

ကန့်ဘလူခရိုင်၏ မတ်လအတွင်း အသိပညာပေးဟောပြောပွဲ ဆောင်ရွက်နိုင်မှုအခြေအနေ

          စားသုံးသူပြည်သူများကို စားသုံးသူကာကွယ်ရေးအကြောင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေ ရန်မိမိတို့၏ရပိုင်ခွင့်၊ တောင်းဆိုပိုင်ခွင့် အခွင့်အရေးများကို သိရှိနားလည်ပြီး နစ်နာဆုံးရှုံးမှုများ မဖြစ်စေရန်အတွက် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများက မြေပြင်ကွင်းဆင်း၍ လစဉ်စား သုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

          ၂၀၂၅ ခုနှစ်၊ မတ်လအတွင်း စားသုံးသူအသိပညာပေးဟောပြောပွဲမျာကို ကန့်ဘလူ မြို့နယ်တာဝန်ခံဦးမျိုးဝင်းသန်းသည် ကန့်ဘလူမြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနတို့ဖြင့်ပူးပေါင်း၍ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းမှတ် Talk Showအားလည်း ကောင်း၊ကျွန်းလှမြို့နယ်တာဝန်ခံ ဒေါ်ဝေဝေအောင်အနေဖြင့် ကျွန်းလှမြို့၊ပျဉ်းမမြိုင်ရပ်ကွက်ရှိ (အ.ထ.က) ကျွန်းလှကျောင်းတွင် ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအားလည်း ကောင်း၊အသိပညာပေးဟောပြောပွဲများ ဆောင်ရွက်ခဲ့ရာ တာဝန်ရှိသူများက စားသုံးသူများအနေ ဖြင့်စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များကိုလည်းကောင်း၊ ကုန်စည် များကိုရွေးချယ်ဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားများနှင့် သက်ဆိုင်ရာဌာနများ၏ ထောက်ခံ ချက်များကိုသေချာစိစစ်ကြရန်လိုအပ်ကြောင်း၊ စားသုံးသူများအနေဖြင့် စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်ခဲ့ လျှင်စားသုံးသူရေးရာဦးစီးဌာန၏ Facebook Page၊ DOCA Myanmar Mobile Application ၊ ဌာန၏ Website ၊ တိုင်းဒေသကြီး/ပြည်နယ်နှင့် ခရိုင်များတွင် ဖွင့်လှစ်ထားသည့်(CICC)များကို လူကိုယ်တိုင်လာရောက်၍လည်းကောင်း၊ Consumer Call Center 1535ကို ခေါ်ဆို၍ တိုင်ကြား နိုင်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးအကြောင်း သိကောင်းစရာလက် ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူခရိုင်၏ မတ်လအတွင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် ကွင်းဆင်းတွေ့ဆုံခြင်း ဆောင်ရွက်နိုင်မှုအခြေအနေ

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင် အနေဖြင့် တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် ဒေသတွင်းရှိ MSMEsလုပ်ငန်းများ၏ လိုအပ်ချက်တို့ကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးနိုင်ရန် လစဉ် စီးပွားရေး လုပ်ငန်းရှင်များနှင့် ကွင်းဆင်းတွေ့ဆုံဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

          ၂၀၂၅ ခုနှစ်၊ မတ်လအတွင်း ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဒေါ်အိမွန် ကျော်အကြီးတန်းစာရေးတို့သည် ကန့်ဘလူမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ ဇမ္ဗူကျော်ဆန်စက်လုပ် ငန်းရှင်နှင့်ကွင်းဆင်းတွေ့ဆုံ၍ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဆောင်ရွက်ရမည့် အစီအမံများ၊ အမိန့်နှင့် ညွှန်ကြားချက်များ ထုတ်ပြန်ထားမှုဆိုင်ရာတို့ကိုရှင်း လင်းပြောကြားပြီး လိုက်နာဆောင်ရွက်သွားရန် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း၊ ကျွန်းလှမြို့နယ် တာဝန်ခံသည် ကျွန်းလှမြို့၊ ပျဉ်းမမြိုင်ရပ်ကွက်ရှိ ကျွန်းလှ မြေပဲဆီသန့်ရောင်းဝယ်ရေးလုပ်ငန်းရှင်နှင့်တွေ့ဆုံခဲ့ပြီး ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများကိုဘေး အန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိစေရေး ဆောင်ရွက်သွားရန် စသည်တို့ကိုဆွေးနွေးခဲ့ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များကို သိရှိထားရန်လိုအပ်ကြောင်းနှင့် မိမိတို့ထုတ်လုပ်သည့် ကုန်စည်များကိုဘေး အန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဆောင်ရွက်သွားရန် စသည်တို့ကိုအသိ ပညာပေးဆွေးနွေးခဲ့ကြပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူခရိုင်၏ မတ်လအတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်နိုင်မှုအခြေအနေ

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင် ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူများအသုံးပြုလျက်ရှိသည့် ကုန်စည်နှင့် ဝန်ဆောင်မှုများ ဘေးအန္တ ရာယ်ကင်းရှင်းစေရန် ရည်ရွယ်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများကို လစဉ်ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

          ၂၀၂၅ ခုနှစ် မတ်လအတွင်း စားသုံးသူရေးရာဦးစီးဌာနမှဦးဆောင်ကာ မိတ်ဖက်ဌာန များနှင့်ပူးပေါင်း၍ ပြည်ပမှတင်သွင်းသော ကုန်စည်များကိုသာမက ပြည်တွင်း၌ထုတ်လုပ်သောကုန် စည်များနှင့်စပ်လျဉ်း၍ ဈေးကွက်မရောက်မီ သို့မဟုတ် ဈေးကွက်ရောက်ပြီး ကုန်စည်များ၏ဘေး အန္တရာယ်ရှိ/မရှိစစ်ဆေးခြင်းနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့်အချက်များ ပါဝင်မှုရှိ/မရှိ စစ်ဆေးခြင်းကို ကန့်ဘလူမြို့နယ်အနေဖြင့် ကန့်ဘလူမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ ကုန်စုံဆိုင်များနှင့် ကန့်ဘလူမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ ကုန်စုံဆိုင်များအားလည်းကောင်း ဈေးကွက်စောင့်ကြည့်စစ် ဆေးခြင်းစသည်ဖြင့် စုစုပေါင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း(၂)ကြိမ်၊ ကျွန်းလှမြို့နယ် အနေဖြင့် ကျွန်းလှမြို့၊ သစ်ရာမြိုင်ရပ်ကွက်ရှိ  ကုန်စုံဆိုင်များ နှင့် ကျွန်းလှမြို့ ၊ ပိတောက်မြိုင်ရပ် ကွက်ရှိကုန်မျိုးစုံဆိုင်များအားလည်းကောင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း(၂)ကြိမ်၊ ကန့်ဘလူ မြို့၊ အမှတ်(၅)ရပ်ကွက်ရှိ စက်သုံးဆီအရောင်းဆိုင်အား အထူးဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း (၁)ကြိမ်နှင့် ကျွန်းလှမြို့ ၊ သစ်ရာမြိုင်ရပ်ကွက်ရှိ စက်သုံးဆီဆိုင်အား အထူးဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း (၁)ကြိမ်ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မြန်မာဘာသာ ဖြင့်ကုန်အညွှန်းအမှတ်အသားများကို ပြည့်စုံစွာဖော်ပြထားသည့် ကုန်စည်များကိုသာ ဖြန့်ဖြူး ရောင်းချရန်၊ သက်ဆိုင်ရာဌာနများမှ စားသုံးရန်မသင့်ထုတ်ပြန်ထားသည့်ကုန်စည်များ၊ စံမညီဆေး ဝါးများ စသည်တို့ကိုရောင်းချခြင်းမပြုရန် အသိပညာပေးပြောကြားခဲ့ပြီး မြန်မာနိုင်ငံ စားသုံးသူကာ ကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါလက်ကမ်းစာစောင်များ ဖြန့်ဝေပေး ခဲ့ကြောင်းသိရသည်။

DOCA(စစ်ကိုင်း)

 

ပြန်/ဆက်နှင့်ပူးပေါင်း၍ ကျိုက်လတ်မြို့နယ်ရှိ ပြည်သူများအား စားသုံးသူရေးရာကာကွယ်ပေးရေး အသိပညာပေးဟောပြောခြင်း

            ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုနှင့် ဖျာပုံခရိုင်ဦးစီးမှူးမှကြီးကြပ်၍ ဖျာပုံခရိုင်အတွင်းရှိ ကျိုက်လတ်မြို့နယ်တွင် ၆.၃.၂၀၂၅ ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန် ကျိုက်လတ်မြို့နယ်တာဝန်ခံ ဦးမိုးမင်းသန်းသည် ကျိုက်လတ် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်ပူးပေါင်း၍ ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးရုံးရှိ စာဖတ်ပြည်သူ (၁၂)ဦးအား စားသုံသူရေးရာကာကွယ်ရေးဆိုင်ရာ အသိ ပညာပေးဟောပြောခြင်း‌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။ ဟောပြောပွဲတွင် ကျိုက်လတ်မြို့နယ်တာဝန်ခံ ဦးမိုးမင်းသန်းက စားသုံးသူရေးရာဦးစီး ဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူပြည်သူများ ရရှိနိုင်သည့်အခွင့်အရေး (၈)ချက်အားရှင်းလင်းခြင်း၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြပါရှိရမည့် အချက်အလက်များကို ရှင်းလင်းပြောကြားခြင်း၊ မိမိတို့ဝယ်ယူအသုံး ပြုသောကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက တိုင်ကြားခွင့်ရှိ ကြောင်းနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာများ (CICC) ဖွင့်လှစ် ထားရှိမှုအခြေအနေ များနျင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း ၊ တိုင်ကြားနိုင်သည့် နည်းလမ်းများကို အသိပညာပေး ရှင်းလင်းဟောပြောခြင်း ၊ ထို့အပြင် အွန်လိုင်းရောင်းချခြင်းမှတ်ပုံတင်လက်မှတ်မရှိဘဲ အွန်လိုင်း အသုံးပြု၍ ကုန်စည်နှင့်ဝန်ဆောင်မှုများကို ရောင်းချခြင်း ကြော်ငြာခြင်း ပြုလုပ်ပါက မိမိတို့ စားသုံးသူ ရေးရာဦးစီးဌာနမှ မြေပြင်ကွင်းဆင်းစစ်ဆေးပြီး စစ်ဆေးတွေ့ရှိပါက အရေကြီးကုန် စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်းနှင့် အွန်လိုင်းရောင်းချခြင်းနှင့် ပတ်သက်၍ မှတ်ပုံတင်လိုင်စင် လျှောက်ထားလိုပါက မိမိတို့ စားသုံးသူရေးရာဦးစီးဌာနမှ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့်  အွန်လိုင်းရောင်းချခြင်း မှတ်ပုံတင်လျှောက်ထားလိုပါက လိုအပ်သည့် အချက်အလက်များနှင့် အထောက်အထားများ မှတ်ပုံတင်ကြေးပေးသွင်းရမည့် ကုန်ကျ စရိတ်များအကြောင်း ရှင်းလင်းပြေားကြားခဲ့ပြီး၊ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက် ချက်များကိုသိရှိလိုပါက Website တွင် ဝင်ရောက်လေ့လာနိုင်ကြောင်းနှင့် Consumer Call Center 1535 သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်းကိုလည်း အသိပညာပေး ဟောပြောခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ