သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မြောင်းမြခရိုင်၊အိမ်မဲမြို့နယ်၊ အောင်စန်းဈေးရှိ လက်လီ/ လက္ကား ဆန်အရောင်းဆိုင်များအား ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေး

            ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တာဝန်ခံဒေါ်ဇင်မာသန်းသည် (၅.၁၁.၂၀၂၅) ရက်နေ့၊ နံနက်(၀၉း၀၀)နာရီအချိန်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ အောင်စန်းဈေးရှိ ဆန်လက်လီ/ လက္ကား အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံမှ လက််လီ/ လက္ကား ရောင်းချနေသော ဆိုင်ရှင်များအား ဆန်ဈေးနှုန်းကြီးမြင့်နေမှုကို ဆိုင်ရှင်များအနေဖြင့် စားသုံးသူပြည်သူများအား ဈေးနှုန်းမြှင့်တင်ရောင်း ချခြင်းမပြုကြရန် သတ်မှတ်ရည်ညွှန်းဈေးဖြင့်သာ ရောင်းချပေးရန်၊ ဆန်ဈေးနှုန်းများကို အများပြည်သူမြင်သာသောနေရာတွင် မြင်သာသောအရွယ်အစားဖြင့် ရေးသားဖော်ပြ၍ ရောင်းချကြရန်၊ ဆန်စပါးသိုလှောင်မှုအနေဖြင့် မြန်မာ့ဆန်စပါး အွန်လိုင်း Myanmar Rice Online (My RO) တွင် မှတ်ပုံတင်ထားခြင်းမရှိပါက သက်ဆိုင်ရာ မြို့နယ်အလိုက် စားသုံးသူရေးရာဦးစီးဌာနရုံးများနှင့် ချိတ်ဆက်၍ မှတ်ပုံတင်ခြင်းဆောင်ရွက်ကြရန် ဈေးကွက်အတွင်း ဈေးနှုန်း မြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆိုင်ရှင်များအား ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

မြင်းခြံမြို့နယ်ရှိ ဓာတ်မြေဩဇာအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေး

            မြင်းခြံခရိုင် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် (၆.၁၁.၂၀၂၅)ရက်နေ့ နံနက် (၁၀:၀၀)နာရီ အချိန်တွင် မြင်းခြံမြို့ အမှတ်(၁၃)ရပ်ကွက်ရှိ ဓာတ်မြေဩဇာအရောင်းဆိုင်များသို့ ထုတ်ကုန်လုံခြုံ စိတ်ချရမှုရှိစေရေး၊ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိစေရေး၊ သင့်တင့်မျှတသော ဈေးနှုန်း များဖြင့်ရောင်းချမှုရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။ ခရိုင်ဦးစီးမှူး ဦးသန်းစိုး (လက်ထောက်ညွှန်ကြားရေးမှူး)နှင့် ဝန်ထမ်းများသည် ကွင်းဆင်းခဲ့ရာ အာမိုအပြာကျား (50 kg) တစ်အိတ်လျှင် (၁၉၇၀၀၀) ကျပ်၊ နိုက်ထရို ဖော့စကာ(50 kg) တစ်အိတ်လျှင်(၂၀၀၀၀၀)ကျပ်၊ ဖြိုးမောက်ပုလဲ(50kg )တစ်အိတ်လျှင် (၁၀၅၀၀၀)ကျပ်နှင့် ယူရီးယား(ထိုင်း) တစ်အိတ်လျှင် (၁၁၅၀၀၀) ကျပ် အရောင်းအဝယ်ဖြစ်ပါကြောင်း၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့မှ သယ်ယူရောင်းချပါကြောင်းနှင့် ရန်ကုန်မြို့မှ သယ်ယူခအနေဖြင့် တစ်အိတ်လျှင် (၇၅၀၀)ကျပ် ရှိပြီး မန္တလေးမြို့မှ သယ်ယူခအနေဖြင့် (၅၀၀၀)ကျပ် ကျသင့်ပါကြောင်း သိရှိရပါသည်။

DOCA (မန္တလေး)

မြောင်းမြခရိုင် မြောင်းမြမြို့နယ်၊ ညောင်ပင်ကြီးဈေးရှိ လက်လီ/ လက္ကား ဆန်အရောင်းဆိုင်များအား ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေး

            ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်  မြို့နယ်ဦးစီးမှူးဦးလှထွဋ်ဦးသည် (၅.၁၁.၂၀၂၅) ရက်နေ့၊ နံနက်(၀၉း၃၀)နာရီအချိန်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ ညောင်ပင်ကြီးဈေးရှိ ဆန်လက်လီ/ လက္ကား အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးမှ လက််လီ/ လက္ကား ရောင်းချနေသော ဆိုင်ရှင်များအား ဆန်ဈေးနှုန်းကြီးမြင့်နေမှုကို ဆိုင်ရှင်များအနေဖြင့် စားသုံးသူပြည်သူများအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုကြရန် သတ်မှတ်ရည်ညွှန်းဈေးဖြင့်သာ ရောင်းချပေးရန်၊ ဆန်ဈေးနှုန်းများကို အများပြည်သူမြင်သာသောနေရာတွင် မြင်သာသောအရွယ်အစားဖြင့် ရေးသားဖော်ပြ၍ ရောင်းချကြရန်၊ ဆန်စပါးသိုလှောင်မှုအနေဖြင့် မြန်မာ့ဆန်စပါး အွန်လိုင်း Myanmar Rice Online (My RO) တွင် မှတ်ပုံတင်ထားခြင်းမရှိပါက သက်ဆိုင်ရာမြို့နယ်အလိုက် စားသုံးသူရေးရာဦးစီးဌာနရုံးများနှင့် ချိတ်ဆက်၍ မှတ်ပုံတင်ခြင်းဆောင်ရွက်ကြရန် ဈေးကွက်အတွင်း ဈေးနှုန်း မြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆိုင်ရှင်များအား ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ဇလွန်မြို့ ဆန်တန်းရပ်ကွက်ရှိ “စေတနာမွန်”ဆန်စက်သို့ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည် (၅.၁၁.၂၀၂၅)ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် ဇလွန်မြို့၊ ဗိုလ်ချုပ်လမ်း၊ညောင်ပင်ဈေးရပ်ကွက်ရှိ “စေတနာမွန်”ဆန်စက်သို့ သွားရောက်၍ MyRo တွင် ကုန်ရ/ကုန်ထုတ်/ကုန်လက်ကျန်စာရင်းများ လစဉ် ထည့်သွင်းနိုင်ရေးနှင့် ဆန်စပါး လက်ကျန်အခြေအနေများအား ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံ ဦးသန့်ဇင်ဦးက မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်နှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မြန်မာဆန်စပါး အွန်လိုင်း(MyRo)တွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ(၃၀)ရက်နေ့မှ စတင်၍ ဆန်တန်ချိန် ၂၅ နှင့်အထက် သိုလှောင်ရုံ သို့မဟုတ် စပါးတင်း ၂၅၀၀ နှင့်အထက် သိုလှောင်မှုများအား မှတ်ပုံတင်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ MyRo တွင် မှတ်ပုံတင်ထားသည့် သတ်မှတ်ပမာဏထက် ပိုမိုသိုလှောင်ခွင့်မရှိကြောင်း၊ မှတ်ပုံတင်ထားပြီးသည့်    ဆန်စပါး သိုလှောင်ရုံလုပ်ငန်းရှင်များအနေဖြင့်  ကုန်ရ၊ ကုန် ထုတ်၊  ကုန်လက်ကျန် စာရင်းများအား လစဉ် လဆန်း ၁ရက်နေ့ မှ  ၇ ရက်နေ့အတွင်း Update ဖြည့်သွင်းနိုင်ရေးနှင့် မှတ်ပုံတင်သက်တမ်း တစ်နှစ်ပြည့်မြောက်ပြီးပါက သက်တမ်းတိုးနိုင်ရေး ဆွေးနွေးခဲ့ပြီး၊ ဆန်စပါးလက်ကျန်အခြေအနေများအား စာရင်းကောက်ယူစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း  သိရှိရပါသည်။

DOCA (ဧရာဝတီ)

ထားဝယ်မြို့ရှိ ဆန်အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်း

      ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့၊ နံနက် (၁၁း၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့ဖြင့် ပူးပေါင်း၍  ထားဝယ်မြို့ပေါ်ရှိ ဆန်အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါ သည်။

    အဆိုပါ ‌ကွင်းဆင်းစစ်ဆေးရာတွင် မှတ်ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းရှိ/မရှိ၊ စျေးနှုန်းမြှင့်တင်ရောင်းချခြင်းနှင့် ပစ္စည်းပြတ်လပ်မှုရှိ/မရှိ ၊ ဆန်အိတ်များ စနစ်တကျ သိုလှောင်ထားရှိမှုများ ဆောင်ရွက်ထားခြင်းနှင့် အရည်အသွေး ပြည့်မှီခြင်း ရှိ/မရှိ ၊ မြန်မာနိုင်ငံဆန်စပါးသိုလှောင်မှတ်ပုံတင် ဆောင်ရွက်ထားရှိခြင်း ရှိ/မရှိတို့အား စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့ရှိ ဘိလပ်မြေဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

      ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့၊ နံနက် (၁၀း၃၀)နာရီ အချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာန၊ တနင်္သာရီတိုင်း‌ဒေသကြီးဦးစီးမှူးရုံးမှ  ဦးစီးအရာရှိနှင့်ဝန်ထမ်းများသည် အထူးစုံစမ်းစစ် ဆေးရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့ တို့ဖြင့်ပူး‌ပေါင်း၍ ထားဝယ်မြို့ပေါ်ရှိ ဘိလပ်မြေအရောင်းဆိုင်များအား စစ်ဆေးဆောင်ရွက်ခဲ့ပါ သည်။

   ထိုသို့ ပူးပေါင်းအဖွဲ့ဖြင့်စစ်ဆေးရာတွင် ဘိလပ်မြေစျေးနှုန်းများနှင့်ရရှိမှုအခြေအနေများ၊ လက်ကျန် အခြေအနေများ ဝိသမလောဘဖြင့် သိုလှောင်မှုများရှိ/မရှိ  စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရ ပါသည်။

မြန်အောင်မြို့နယ်၊ မြစ်ကျိုးအုပ်စု၊ မာလကာကုန်းကျေးရွာရှိ စက်ရုံဝန်ထမ်းများအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခြင်း

           စားသုံးသူရေးရာဦးစီးဌာန၊မြန်အောင်မြို့နယ်ဦးစီးမှူးသည်(၅.၁၁.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် မြန်အောင်မြို့နယ်၊ မြစ်ကျိုးအုပ်စု၊ မာလကာကုန်းကျေးရွာ၊ မြန်အောင်-ကြံခင်းလမ်းရှိ ရောင်နီအရက်ချက်စက်ရုံ၌ စက်ရုံဝန်ထမ်းများအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခြင်းကိုဆောင်ရွက်ခဲ့ကြောင်း သိရသည်။

         ဟောပြောပွဲတွင် မြို့နယ်ဦးစီးမှူး ဦးမြင့်အောင်က စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စားသုံးသူများသည် ကုန်စည်ကို ရွေးချယ်ဝယ်ယူတတ်စေရန် ကုန်အညွှန်းအမှတ်အသားနှင့် စပ်လျဉ်း၍ ဖော်ပြပါရှိသည့် အချက်အလက်များကို သေချာစွာစိစစဝယ်ယူနိုင်ရန်၊ အစားအသောက်နှင့် ကုန်စည်တွေပေါ်မှာ ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများအကြောင်း၊ ဝယ်ယူအသုံးပြုခဲ့သော ကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက ပြောဆိုတင်ပြတိုင်ကြားခွင့်နှင့် ပြန်လည်ကုစားနိုင်ခွင့်များအကြောင်း၊  ပြစ်မှုနှင့် ပြစ်ဒဏ်များအကြောင်းနှင့် စားသုံးသူသတင်းပြန်ကြားရေး နှင့်တိုင်ကြားမှုလက်ခံ ဆောင်ရွက်ရေးစင်တာ(Consumer Information and Complaint Center) CICC ဖွင့်လှစ်ထားရှိမှု အခြေအနေ ကိုလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်း ဆောင်ရွက်ချက်များအကြောင်း သိရှိလိုပါက www.doca.gov.mm Website တွင် ဝင်ရောက် လေ့လာနိုင်ကြောင်းနှင့် Consumer Call Center 1535 သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်းကိုလည်းကောင်း စသည်တို့ကို အသိပညာပေး ဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ဇလွန်မြို့ လမ်းမတော်(မ)ရပ်ကွက်ရှိ ပြည်သူများအား ဆီဝယ်ယူခွင့်စာအုပ်ဖြင့် ရောင်းချနေမှု ကွင်းဆင်းစစ်ဆေးခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြိုနယ်ဦးစီးမှူးရုံးမှ ဒု-ဦးစီးမှူး ဒေါ်စိမ်းမြသီတာသည် (၅.၁၁.၂၀၂၅)ရက်နေ့၊ နေ့လယ်(၁၃:၀၀) နာရီအချိန်တွင် ဇလွန်မြို့နယ်၊ လမ်းမတော်(မ)ရပ်ကွက်ရှိ ရပ်ကွက်နေ ပြည်သူများအား စားအုန်းဆီဝယ်ယူခွင့်စာအုပ်များဖြင့် ခွဲတမ်းရ စားအုန်းဆီကိုယ်စားလှယ်များမှတစ်ဆင့် ဆီဖြန့်ဖြူးရောင်းချနေမှုများအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာ ဆီထုတ်လက်ကား ကိုယ်စားလှယ်များမှ တစ်ဆင့် ခွဲတမ်းရရှိသော ဆီများအား လမ်းမတော်(မ)ရပ်ကွက်ရှိ ရပ်ကွက်နေပြည်သူများအား ဆီထုတ်ကိုယ်စားလှယ်မှတစ်ဆင့် စားသုံးသူများထံသို့ ဖြန့်ဖြူးရောင်းချလျက်ရှိပြီး၊ ထိုသို့ရောင်းချရာတွင်လည်း စားအုန်းဆီ သတ်မှတ်ရည်ညွှန်းဈေးထက်ကျော်လွန်၍ ရောင်းချမှုမရှိကြောင်း၊ ရောင်းချမှုလက်ခံ စာအုပ်များထားရှိခြင်း၊ သတ်မှတ်ရည် ညွှန်းဈေးဖြင့်သာရောင်းချခြင်း၊ အခြားမသမာသော နည်းလမ်းများသုံး၍ ရောင်းချမှု မရှိခြင်းနှင့် ဈေးကစားရန်ရည်ရွယ်ပြီး သိုလှောင်ထားခြင်းများမရှိကြောင်း သိရှိရပါသည်။ စာအုန်းဆီဝယ်ယူခွင့် စာအုပ်များဖြင့် တစ်ကြိမ်လျှင် တစ်အိမ်ထောင် (၅၀ ကျပ်သား) ရောင်းချပြီး တစ်လလျှင် ၂ ကြိမ်ရရှိကြောင်း၊ သတ်မှတ်ရည်ညွှန်းဈေးဖြင့်သာ ရောင်းချလျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

ဟင်္သာတမြို့နယ်ရှိ “မြတ်ရတနာ” ငါးပိထောင်းနှင့်ငံပြာရည်ကြော်လုပ်ငန်းသို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်တာဝန်ခံသည်(၅.၁၁.၂၀၂၅)ရက်နေ့ နေ့လယ် (၁၄:၃၀)နာရီအချိန်တွင် ဟင်္သာတမြို့ ရုံးကြီးရပ်ကွက်၊ ရဲဖြတ်လမ်းရှိ “မြတ်ရတနာ”ငံပြာရည်ကြော်ငါးပိ​ထောင်း အရောင်းဆိုင်တွင် ရောင်းချနေသောငါးပိထောင်းစားသောက်ကုန်တွင် ကုန်ကြမ်းအဖြစ်အသုံးပြု သည့်ငါးပိတွင်တရားမဝင်ခွင့်မပြုဆိုးဆေးများသုံးစွဲထားမှုရှိ/ မရှိ FDA ဦးဆောင်၍ သက်ဆိုင်ရာဌာန များပူးပေါင်းကွင်းဆင်းစိစစ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။   

          ထိုသို့စစ်ဆေးခဲ့ရာတွင် ပူးပေါင်းအဖွဲ့သည် ပြည်သူများစားသုံးရန် ထုတ်လုပ်လျက်ရှိသော ငါးပိထောင်းများတွင် ဘေးအန္တရာယ်ကင်းရှင်းမှုရှိ/ မရှိ၊ စားသုံးရန် သို့မဟုတ် အသုံးပြုရန် သင့်/ မသင့် သက်ဆိုင်ရာဌာန၏ထောက်ခံချက်များရှိ/ မရှိ စစ်ဆေးခဲ့ပါသည်။ ဆက်လက်၍ စားသုံးသူကပေးအပ်သည့် တန်ဖိုးနှင့်အညီမျှတသော အရည်အသွေး၊ ကုန်အညွှန်းအမှတ်အသားဆိုင်ရာအချက်များနှင့်ကိုက်ညီမှုရှိ/ မရှိနှင့် စားသုံးသူအား စိတ်ကျေနပ်မှုရှိစေခြင်း၊ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ရေးတို့ကို အလေးထားဆောင်ရွက်စေလိုကြောင်း၊ ဈေးကွက်တွင်ဝယ်လိုအားများခြင်းနှင့် လက်ခံသုံးစွဲနိုင်သော အရည်အသွေးရှိ/ မရှိစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။ လုပ်ငန်းရှင်များအနေဖြင့် ပြည်သူများစားသုံးရာတွင် ကျန်းမာရေးနှင့်သင့်တင့်ညီညွတ်မျှတအောင် ကြိတ်ခွဲထုတ်လုပ်ရန်၊စားသုံးသူများအသုံးပြုရန် သင့်တော် သော ကုန်စည်များကိုသာရောင်းချရန်နှင့် သင့်တင့်မျှတသောဈေးနှုန်းဖြင့်သာ ရောင်းချနိုင်ရေး ရှင်းလင်းပြောကြားကာ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

အွန်လိုင်းမှတ်ပုံတင်လျှောက်ထားသော လုပ်ငန်းအားကွင်းဆင်းစစ်ဆေး

     တနင်္သာရီတိုင်း၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးမျိုးဝင်းနှင့် ဝန်ထမ်းများ သည် ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ(၁၀)ရက်နေ့တွင် မြိတ်မြို့၊ ကန်ခေါင်းရပ်ရှိ အွန်လိုင်းဖြင့်အလှကုန် ပစ္စည်းရောင်းချနေသော Thiri Beauty Channel သို့ သွားရောက်၍ အွန်လိုင်း မှတ်ပုံတင်လုပ်ငန်း လိုင်စင်လျှောက်ထားမှုနှင့်ပတ်သက်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

     ကွင်းဆင်းစစ်ဆေးရာတွင် ၎င်းအလှကုန်ရောင်းချနေသောဆိုင်သည်နေရပ်တွင်အမှန်တကယ် တည်ရှိနေကြောင်း၊ ရောင်းချနေသောကုန်စည်များမှန်ကုန်မှုရှိကြောင်း၊ ရောင်းချနေသူ၏ ကိုယ်ရေး အချက်အလက်မှန်ကန်ကြောင်း၊ သက်ဆိုင်ရာဌာန၏ညွှန်ကြားချက်များကိုလိုက်နာဆောင်ရွက်ခြင်း ရှိကြောင်းတို့ကို စစ်ဆေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားပြည့်စုံမှ ရောင်းချရန်၊ ဘေးအန္တရာယ်ကင်း သော ကုန်စည်များသာရောင်းချရန်နှင့် တရားမဝင်ကုန်စည်များရောင်းချခြင်းမပြုရန် ပြောကြားခဲ့ ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

 

 

 

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ