သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ညောင်ဦးမြို့တွင် MSME ထုတ်ကုန်များ၊ လူသားမျိုးနွယ် ကိုယ်စားပြုဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ပြပွဲနှင့်ဈေးရောင်းပွဲတော်ကျင်းပ

         မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့တွင် MSME ထုတ်ကုန်များ၊ လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ပြပွဲနှင့်ဈေးရောင်းပွဲတော်အား ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ(၃)ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါပြပွဲနှင့်ဈေးရောင်းပွဲတော်အား ပုဂံရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)) ပြတိုက်ဝန်းအတွင်း၌ပြုလုပ်ခဲ့ရာ ညောင်ဦးခရိုင်ရှိ MSME ထုတ်ကုန်များဖြစ်သည့် ယွန်းထည်ပစ္စည်းအမျိုးမျိုး၊ ပုဂံရောက်အမှတ်တရ အထည်ချုပ်လုပ်ငန်းမှ အဝတ်အထည်များ၊ အာလူး ကြော်နှင့်အချိုရည်လုပ်ငန်း၊ အောင်ပါစေထန်းလျက်လုပ်ငန်းများမှ ထုတ်ကုန်များ၊ ပန်းပဲလုပ်ငန်း (မြန်မာ့ရိုးရာဓားအမျိုးမျိုး)၊ မြင်းနက်ပုန်းရည်ကြီးလုပ်ငန်း၊ ဆုလဒ်စားသောက်ကုန်လုပ်ငန်း၊ မန်ကျည်း တော်ဖီ၊ မန်ကျည်းပလိတ်ပြား၊ ပဲကြော်လုပ်ငန်း၊ ရွှေဥကြော်လုပ်ငန်းနှင့် အနော်ရထားဆီစက်လုပ်ငန်း စသည့်လုပ်ငန်းများမှ ထုတ်ကုန်ပစ္စည်းများကို ခင်းကျင်းပြသထားပါသည်။

          အဆိုပါပြပွဲအား အောက်တိုဘာလ(၃)ရက်နေ့မှ(၆)ရက်နေ့ထိ ကျင်းပပြုလုပ်ခဲ့ပြီး အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီး ဌာနတို့မှ ဦးဆောင်၍ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

DOCA(မန္တလေး)

 

မြောက်ဥက္ကလာပမြို့နယ်၊ (ဇ) ရပ်ကွက်အတွင်း စားအုန်းဆီဖြန့်ဖြူးခဲ့သည့် အိမ်ထောင်စုများသို့ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဇော်မင်းလတ် (ခရိုင်ဦးစီးမှူးရုံး)နှင့် ဝန်ထမ်းများကဦးဆောင်လျက် ဆီလုပ်ငန်းရှင်များအသင်းမှတာဝန်ရှိသူများ၊ သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှုးများ၊ စားအုန်းဆီဝယ်ယူဖြန့်ဖြူးရောင်းချသည့်ကုမ္မဏီမှ တာဝန်ရှိသူများ၊  လက်ကားကိုယ်စားလှယ်များ၊ လက်လီကိုယ်စားလှယ်များနှင့် ရက်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ စားအုန်းဆီဖြန့်ဖြူးသည့်အိမ်ထောင်စုများသို့ ၁၁.၁၀.၂၀၂၅ ရက်နေ့၊ နေ့လယ် (၁၄း၃၀)နာရီအချိန်ခန့်တွင် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

           ထိုသို့စစ်ဆေးရာတွင် ခရိုင်ဦးစီးမှူး ဦးဇော်မင်းလတ်က ဖြန့်ဖြူးသည့်ကုမ္မဏီများမှတဆင့် လက်ကားကိုယ်စားလှယ်၊ လက်လီကိုယ်စားလှယ်များအနေဖြင့် သတ်မှတ်ရည်ညွှန်းဈေးအပေါ် ၂ ရာခိုင်နှုန်းဖြင့်ရောင်းချမှုအခြေအနေတို့ကို ဖြန့်ဖြူးသည့်ရပ်ကွက်၊ ပိဿာအရေအတွက်၊ အိမ်ထောင်စုဦးရေနှင့်တစ်လလျှင်(၁)အိမ်ထောင်စု စားအုန်းဆီရရှိမှုပိဿာတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ရာ မြောက်ဥက္ကလာပမြို့နယ်၊ (ဇ) ရပ်ကွက်အတွင်းရှိ အိမ်ထောင်စုများအား မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

မြောက်ဥက္ကလာပမြို့နယ်၊ (၁၆)ရပ်ကွက်အတွင်း စားအုန်းဆီ ရောင်းချမှုမြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

         ၁၁.၁၀.၂၀၂၅ ရက်နေ့၊ နေ့လယ် (၁၂း၀၀)နာရီအချိန်ခန့်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဇော်မင်းလတ်(ခရိုင်ဦးစီးမှူး)နှင့်ဝန်ထမ်းများကဦးဆောင်လျက် ဆီလုပ်ငန်းရှင်များအသင်းမှတာဝန်ရှိသူများ၊ သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှုးများ၊ စားအုန်းဆီဝယ်ယူ ဖြန့်ဖြူးရောင်းချသည့်ကုမ္မဏီမှတာဝန်ရှိသူများ၊ လက်ကားကိုယ်စားလှယ်များ၊ လက်လီကိုယ်စားလှယ်များနှင့် ရက်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ စားအုန်းဆီဖြန့် ဖြူးသည့်အိမ်ထောင်စုများသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

           ထိုသို့စစ်ဆေးရာတွင် ခရိုင်ဦးစီးမှူး ဦးဇော်မင်းလတ်က ဖြန့်ဖြူးသည့်ကုမ္မဏီ၊ လက်ကားကိုယ်စားလှယ်၊ လက်လီကိုယ်စားလှယ်များက သတ်မှတ်ရည်ညွန်းဈေးဖြင့် ရောင်းချခြင်းရှိ/ မရှိနှင့် အိမ်ထောင်စုများအား စားအုန်းဆီရရှိမှုအခြေအနေတို့ကို မြောက်ဥက္ကလာပမြို့နယ်၊ (၁၆) ရပ်ကွက်အတွင်းရှိ အိမ်ထောင်စုများအား မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

မြောက်ဥက္ကလာပမြို့နယ်၊ (ဃ) ရပ်ကွက်နှင့် တံတားကြီး ရပ်ကွက်အတွင်း စားအုန်းဆီဖြန့်ဖြူးခဲ့သည့် အိမ်ထောင်စုများသို့ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

           ၁၁.၁၀.၂၀၂၅ ရက်နေ့၊ နံနက် (၁၀း၀၀)နာရီအချိန်ခန့်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဇော်မင်းလတ်(ခရိုင်ဦးစီးမှူး)နှင့်ဝန်ထမ်းများက ဦးဆောင်လျက် ဆီလုပ်ငန်းရှင်များအသင်းမှတာဝန်ရှိသူများ၊ သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှုးများ၊ စားအုန်းဆီဝယ်ယူဖြန့်ဖြူးရောင်းချသည့် ကုမ္မဏီမှတာဝန်ရှိသူများ လက်ကားကိုယ်စားလှယ်များ၊ လက်လီကိုယ်စားလှယ်များနှင့် ရက်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ စားအုန်းဆီဖြန့်ဖြူးသည့် အိမ်ထောင်စုများသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ စစ်ဆေးရာတွင် (ခရိုင်ဦးစီးမှူး)ဦးဇော်မင်းလတ်က ဖြန့်ဖြူးသည့်ကုမ္မဏီအမည်၊ လက်ကားကိုယ်စားလှယ်၊ လက်လီကိုယ်စားလှယ်၊ ဖြန့်ဖြူးသည့်ရပ်ကွက်၊ ပိဿာအရေအတွက်၊ အိမ်ထောင်စုဦးရေနှင့် တစ်လလျှင်(၁)အိမ်ထောင်စု စားအုန်းဆီရရှိမှုပိဿာတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ရာ မြောက်ဥက္ကလာပမြို့နယ်၊ (ဃ)ရပ်ကွက်နှင့်(တံတားကြီး)ရပ်ကွက်အတွင်းရှိအိမ်ထောင်စုများအား မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

စားသုံးဆီကိုယ်စားလှယ်များ၊ စားသုံးဆီ လက်လီ/ကား ရောင်းချသည့် လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှ ဦးဇော်မင်းလတ်(ခရိုင်ဦးစီးမှူး)သည် (၁၁.၁၀.၂၀၂၅) ရက်နေ့၊ နေ့လယ်(၁၄:၀၀) နာရီအချိန်တွင် မြောက်ဥက္ကလာပမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် စားသုံးဆီကိုယ်စားလှယ်များ၊ စားသုံးဆီလက်လီ/ လက်ကား ရောင်းချသည့် လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

         ထိုသို့ ဆွေးနွေးရာတွင် ဦးဇော်မင်းလတ် (ခရိုင်ဦးစီးမှူး)က စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်အနေဖြင့် ခွဲတမ်းရစားသုံးဆီ များရောင်းချရာတွင်ထားရှိရမည့် စာရင်းဇယားများ၊ ရောင်းချမှုမှတ်တမ်းဓါတ်ပုံများ ပြည့်စုံစွာထားရှိရန်၊ လုပ်ငန်းရှင်အနေဖြင့်ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊  ဆီအရောင်းစာအုပ်များနှင့် သတ်မှတ်ရည်ညွှန်းဈေးအတိုင်း စျေးနှုန်းမှန်ကန်စွာ ရောင်းချရန်အရေအတွက် အချင်အတွယ်မှန်ကန်စွာ ရောင်းချပေးရန် ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများတွေ့ရှိပါက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော  အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပါ ပြစ်မှုပြစ်ဒဏ်များအရ အရေးယူဆောင်ရွက်နိုင်သည့်အကြောင်း  အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

MyRo မှတ်ပုံတင်ထားသော ဆန်စက်သိုလှောင်ရုံအား သက်တမ်းတိုး လုပ်ငန်း ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်စာရင်း ဖြည့်သွင်းခြင်းလုပ်ငန်းများ ကူညီဆောင်ရွက်

  စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၂)ဦးသည် ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ၈ ရက်နေ့ နံနက်(၁၁း၀၀)အချိန်တွင် စစ်ကိုင်းမြို့၊ ပတ္တမြားစက်မှုဇုန်ရှိ ရတနာထွန်းဆန်စက် MyRo မှတ်ပုံတင်ထားသည့် သိုလှောင်ရုံသို့ မြေပြင်ကွင်းဆင်း ဆောင်ရွက်ခဲ့ ကြောင်း သိရှိရပါသည်။

   ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် MyRo မှတ်ပုံတင်ထားသည့် သိုလှောင်ရုံများ၏ ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်စာရင်းများအား လစဉ် လဆန်း(၁)ရက်နေ့မှ (၇)နေ့အတွင်း MyRo ဖြစ်သော www.MyRo.com.mm တွင် ဖြည့်သွင်းရန် ဆန်စက်၊ ဆန်ဆိုင်လုပ်ငန်းရှင်များအား ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိုလှောင်ရုံမှတ်ပုံတင် သက်တမ်းတိုးခြင်းလုပ်ငန်းအပြင် ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်စာရင်းများ ဖြည့်သွင်းသည့်လုပ်ငန်းများလည်း ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

Myanmar Eugenia Manufacturing Company Limited မြန်မာသပြေ ဖိနပ်အမျိုးမျိုး ထုတ်လုပ်သည့် စက်ရုံသို့ မြေပြင်ကွင်းဆင်းစစ်ဆေး

  စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်၊ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၂)ဦးတို့သည် ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့ နေ့လည်(၁၅း၀၀)အချိန်တွင် စစ်ကိုင်းမြို့၊ ပတ္တမြားစက်မှုဇုန်ရှိ Myanmar Eugenia Manufacturing Company Limited မြန်မာသပြေ ဖိနပ်အမျိုးမျိုး ထုတ်လုပ်သည့် စက်ရုံသို့ မြေပြင်ကွင်းစစ်ဆေးခဲ့ရာ ကုန်ကြမ်းများကို တရုတ်နှင့်မြန်မာနိုင်ငံတို့တွင် ဝယ်ယူပြီး ကုန်ချောများကို မြန်မာနိုင်ငံအနှံ့အပြား တင်ပို့ပြီး လုပ်သားအင်အား(၁၈၁)ရှိပြီး တစ်ဦးလျှင်လုပ်အားခ တစ်လကျပ်(၂၀၀၀၀၀/- မှ ၃၀၀၀၀၀/-)ထိ အလုပ်အကိုင်အခွင့်အလမ်းများ ပေးနိုင်ကြောင်း စက်ရုံမန်နေဂျာ ဦးထွန်းထွန်းဇော်ထံမှ သတင်းရရှိ ပါသည်။

DOCA(စစ်ကိုင်း)

JINXIN Techonology Sagaing Company Limited ဖုန်းအားသွင်းကြိုး အပိုပစ္စည်းထုတ်လုပ်သည့် စက်ရုံသို့ မြေပြင်ကွင်းဆင်း

  စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်၊ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၂)ဦးတို့သည် ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့ (၁၆း၀၀)အချိန်တွင် စစ်ကိုင်းမြို့၊ ပတ္တမြားစက်မှုဇုန်ရှိ JINXIN Techonology Sagaing Company Limited ဖုန်းအားသွင်းကြိုးအပိုပစ္စည်း ထုတ်လုပ်သည့် စက်ရုံသို့ မြေပြင်ကွင်းစစ်ဆေးခဲ့ရာ CMP” စနစ်ဖြင့် ကုန်ကြမ်းယူ၊ ကုန်ချောပေး၊ လက်ခစားလုပ်ငန်းဖြင့် လုပ်ကိုင်ခဲ့ပြီး ကုန်ကြမ်းများကို တရုတ်နိုင်ငံတွင် ဝယ်ယူပြီး ကုန်ချောများကို တရုတ်နိုင်ငံသို့ ပြန်လည်တင်ပို့ပြီး လုပ်သားအင်အား(၁၀၀၀)ကျော်ရှိပြီး တစ်ဦးလျှင်လုပ်အားခ တစ်လကျပ်(၂၀၀၀၀၀/- ၃၀၀၀၀၀/-မှ ၃၅၀၀၀၀/-)ထိ အလုပ်အကိုင် အခွင့်အလမ်းများပေးနိုင်ကြောင်း စက်ရုံမန်နေဂျာ ဦးမြင့်လွင်ထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ဈေးကွက်စောင့်ကြည့်စစ်ဆေးမှု ဆောင်ရွက်ခြင်း

  ၂၂-၁၀-၂၀၂၅ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်၌ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဒေါ်မြင့်မြင့်အေး (ဦးစီးမှူး) ဦးဆောင်၍ ဝန်ထမ်း (၃) ဦးတို့သည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ စည်ပင် (ဈေးများဌာန)တို့နှင့်ပူးပေါင်း၍ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ  ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များ၊ ဆန်ဆိုင်များနှင့် ကုန်စုံဆိုင်များသို့သွားရောက်ပြီး ဈေးကွက်အတွင်း ဆေးဝါးများပြတ်လပ်မှုရှိ/မရှိ နှင့် ကုန်ပစ္စည်းများဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုရန် ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(နေပြည်တော်)

အကြော်မျိုးစုံထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်အား တွေ့ဆုံဆွေးနွေး

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံး အနေဖြင့် စီးပွားရေးလုပ်ငန်းရှင်များအားတွေ့ဆုံပြီး ဌာနမှထုတ်ပြန်ထားသည့် အမိန့်နှင့်ညွှန်ကြားချက်များ စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်းများနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်း ဖော်ပြရေးအတွက် တွေ့ဆုံဆွေးနွေးခြင်းများကို လစဉ်ဆောင်ရွက်လျက်ရှိရာ (၂.၁၀.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးဦးဆောင်၍ စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံတို့သည် ရွှေဘိုမြို့၊ အမှတ်(၂) ရပ်ကွက်ရှိ ဟိုးဟိုးကျော်စားသောက်ကုန် ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် စီးပွားရေးလုပ်ငန်းရှင်အား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

     ထိုသို့တွေ့ဆုံရာတွင် ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးက စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း အကြောင်းများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်၏ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါအကြောင်းများ၊ အသင့်စားမုန့်အမျိုးမျိုး ထုတ်လုပ်ဖြန့်ဖြူး ရောင်းချရာတွင် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းနှင့် ဓါတ်မတည့်ကြောင်းဖော်ပြချက်တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊  မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ဖော်ပြရမည့်အကြောင်းများ၊ စားသုံးသူများသာမက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဌာနမှဆောင်ရွက်နေသောလုပ်ငန်းများကို သိရှိလိုပါက ရုံးဖွင့်ရက်ရုံးချိန်အတွင်း Consumer Call Center No 1535သို့ ဆက်သွယ်မေးမြန်းနိုင်သည့် အကြောင်းများ၊ Online Sale မှတ်ပုံတင်ခြင်းအကြောင်းများ အသိပညာပေးဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ