သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ရေနံချောင်းမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ အသိပညာပေးဟောပြောပွဲကျင်းပ

 စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ရေနံချောင်းမြို့နယ် တာဝန်ခံသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနတို့နှင့် ပူးပေါင်း၍ (၁၂.၁၁.၂၀၂၅)ရက်နေ့၊ နေ့လည် (၁၃:၀၀)အချိန်တွင် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများအား အသိပညာဗဟုသုတနှင့် ပြည့်စုံစေရန် စားသုံး သူကာကွယ်ရေးအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

          အဆိုပါ ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ချိုမီအောင်က အမျိုးသားနေ့အကြောင်း သိကောင်းစရာများအားလည်းကောင်း၊ စားသုံးသူရေးရာ ဦးစီးဌာန၊ ရေနံချောင်းမြို့နယ်တာဝန်ခံ ဒေါ်ချိုဝေလွင်မှ စားသုံးသူကာကွယ်‌ရေးဥပဒေ အခန်း (၁၈) ပုဒ်မ (၄၁) အရကုန်စည်တစ်ခုတွင် ပါဝင်ရမည့် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းအကြောင်းအရာအား လည်းကောင်း၊ မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာန၊ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်မြင့်မြင့်ကြည်မှ ယားနာများအကြောင်းနှင့် ဆေးနည်းများအကြောင်းအားလည်းကောင်း ဟောပြောခဲ့ပြီး ဟောပြောပွဲသို့ ဆရာ/ဆရာမ (၈)ဦး၊ ကျောင်းသား/ ကျောင်းသူ (၁၉၂)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့် Little Secret Bags (လစ်တဲစီးခရက်ဘက်) လုပ်ငန်းအား မြေပြင်ကွင်းဆင်းစစ်ဆေး

     စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူး ဦးဆောင်၍ ခရိုင်ရုံးဝန်ထမ်း(၂)ဦးသည် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ(၇)ရက်နေ့တွင် စစ်ကိုင်းမြို့၊ မြို့သစ်ရပ်ကွက်၊ နယ်မြေ(၁)ရှိ အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့် Little Secret Bags (လစ်တဲစီးခရက်ဘက်)လုပ်ငန်းအား မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ ပါသည်။

     ထိုသို့ မြေပြင်စစ်ဆေးခဲ့မှုတွင် ‌စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူက Little Secret Bags (လစ်တဲစီးခရက်ဘက်)အွန်လိုင်းလုပ်ငန်းရှင်အား ၅၀/၂၀၂၃ နှင့် ၅၁/၂၀၂၃ အမိန်ကြော်ငြာစာပါ အကြောင်းအရာများ၊ မှတ်ပုံတင်၊ သက်တမ်းတိုး၊ ပြင်ဆင်ကြေးတို့အတွက် သတ်မှတ်နှုန်းထားများ အကြောင်း၊ မှတ်ပုံတင်လက်မှတ်ရရှိသူ၏ တာဝန်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၈) ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်အလက်များ၊ ဥပဒေ အခန်း (၁၀)ပါ စီးပွားရေး  လုပ်ငန်းရှင်၏ တာဝန်များ၊ ဥပဒေအခန်း (၁၁)ပါ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းဆိုင်ရာ အချက်အလက်များ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်၌ ဘိလပ်မြေအရောင်းဆိုင်များအား အပတ်စဉ်ကွင်းဆင်းစစ်ဆေး

     စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးအနေဖြင့် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက် နံနက်(၀၉:၀၀)နာရီအချိန်တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းသည် ကန့်ဘလူမြို့ပေါ်ရှိ ဘိလပ်မြေနှင့်အိမ်ဆောက်ပစ္စည်း ရောင်းချသည့်ဆိုင်များသို့ အပတ်စဉ် ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

      ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကန့်ဘလူမြို့ပေါ်ရှိ ဘိလပ်မြေရောင်းချသည့်ဆိုင်များ၏ ဘိလပ်မြေ ဝယ်ယူရရှိမှုအခြေအနေ၊ လက်ကျန်အခြေအနေနှင့် ဈေးနှုန်းအခြေအနေအားလည်း ကောင်း၊ အိမ်ဆောက်ပစ္စည်းများ၏လက်ကျန် အခြေအနေများအားလည်းကောင်း၊ ကွင်းဆင်း စိစစ်ခဲ့ရာ ဘိလပ်မြေနှင့်ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများကို မန္တလေးမြို့မှဝယ်ယူရကြောင်း၊ ယခုပတ်အတွင်း ဘိလပ်မြေများ ပစ္စည်းပြတ်လပ်မှုမရှိကြောင်း လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

         

Thursday Talk ကျင်းပဆောင်ရွက်

  ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ(၁၁)ရက်နေ့၊ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ဝန်ထမ်းများအား "စားသုံးသူ ကာကွယ်ရေးဥပဒေ"နှင့်စပ်လျဉ်း၍ အသိပညာဗဟုသုတများတိုးပွားစေရန်နှင့် လိုက်နာဆောင်ရွက် နိုင်ရန် Thursday Talk အသိပညာပေးဆွေးနွေးခြင်းကိုဝန်ထမ်း(၁၁)ဦးဖြင့် ဆောင်ရွက်ခဲ့ပါ သည်။   

   အဆိုပါဆွေးနွေးပွဲတွင် ဒေါ်တိုးဝတ်မှုံ(အကြီးတန်းစာရေး)က အခန်း(၁၈) ကုန်အညွှန်းအ မှတ်အသားဖော်ပြခြင်းခေါင်းစဉ်ဖြင့်  ပုဒ်မ(၄၁)၊ (၄၂)၊ (၄၃) တို့အား ဆွေးနွေးခဲ့ပြီး တက်ရောက် လာ သောဝန်ထမ်းများမှ အားသာချက်၊ အားနည်းချက်များ သိရှိလိုသည်များကို အပြန်အလှန် ဆွေးနွေးခဲ့ ကြပါသည်။ Thursday Talkအသိပညာပေးဆွေးနွေးခြင်းကို ဆောင်ရွက်ခြင်းအားဖြင့် ဝန်ထမ်းများ အသိပညာဗဟုသုတများရရှိ၍ ဌာနလုပ်ငန်းများဆောင်ရွက်ရာတွင်အထောက် အကူဖြစ်သည့် အကျိုးကျေးဇူးများ ရရှိနိုင်ပါကြောင်းနှင့် ဆွေးနွေးပွဲအား နေ့လယ်(၁၄:၃၀)အချိန်တွင် ပြီးဆုံး ကြောင်း သတင်းရရှိပါသည်။

DOCA(ကယား)

 

လွိုင်ကော်မြို့ပေါ်ရှိရေသန့်စက်ရုံများသို့ ကွင်းဆင်းစစ်ဆေးခဲ့

   ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ( ၇ )ရက်နေ့ နေ့လယ်( ၁၃:၃၀ )နာရီအချိန်တွင် ကယားပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးမိုးညွန့်ဦး၊ ခေတ္တပြည်နယ်ဦးစီးမှူး ဦးဆောင်၍ မိတ်ဖက်ဌာနများ ဖြစ်သည့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ လွိုင်ကော်မြို့ပေါ်ရှိ သောက်ရေသန့် ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသော ရွှေကယား၊ စိမ့်စမ်းမိုး၊ Guardian၊ TPP၊ LK Fresh၊ ရေနီကန် စက်ရုံများတို့ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ ပါသည်။ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် FDA လိုင်စင်မရှိသေးသည့် ရေသန့်လုပ်ငန်းရှင်များ အနေဖြင့် နိုဝင်ဘာ( ၃၁ )ရက်နေ့ နောက်ဆုံးထား၍ လိုင်စင်ရရှိအောင် ဆောင်ရွက်သွားရန်၊ ရေသန့် လုပ်ငန်းရှင်များအသင်း ပြန်လည်ဖွဲ့စည်းသွားရန်၊ သက်ဆိုင်ရာဌာန စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံး လုပ်နည်းနှင့်အညီ ဆောင်ရွက်သွားရန်၊ ကျန်းမာရေးနှင့်ညီညွတ်သော သောက်ရေသန့်များကိုသာ ထုတ်လုပ်ဖြန့်ဖြူးရောင်းချကြရန်နှင့် ရေသန့်ဗူးအသစ်များ ဝယ်ယူ၍ထုတ်လုပ်ဖြန့်ဖြူးသွားရန် အသိပညာပေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကယား)

မြန်မာဆန်စပါး အွန်လိုင်း (Myanmar Rice Online-MyRO) စနစ်တွင်မှတ်ပုံတင်  ဆောင်ရွက်နိုင်ရေး ကွင်းဆင်းအသိပညာပေး

     စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဆန်တန်ချိန်  ၅၀၀(သို့မဟုတ်) စပါးတင်း ၅၀၀၀နှင့် အထက်သိုလှောင်ထားရှိသည့် ဆန်စပါးသိုလှောင်ရုံများအားလုံးကို  မြန်မာဆန်စပါး အွန်လိုင်း (Myanmar Rice Online-MyRO) စနစ်တွင် မှတ်ပုံတင်ရန် ပြီးခဲ့သည့်  ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၄ ရက်မှ စ၍   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

     ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်နေ့တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းသည် ကန့်ဘလူခရိုင်အတွင်းရှိ လုပ်ငန်းရှင်၊ လူပိုဂ္ဂိုလ်၊ ကုမ္ပဏီ၊ ဆန်စက်၊ သိုလှောင်ရုံ၊ ဆန်ဆိုင်ကြီးများသည် စီးပွားရေးအလို့ငှာ  ဆန်တန်ချိန်  ၅၀၀(သို့မဟုတ်) စပါးတင်း ၅၀၀၀နှင့် အထက်သိုလှောင်ထားရှိသည့် သိုလှောင်ရုံပိုင်ဆိုင်ထားပါက မြန်မာဆန်စပါး အွန်လိုင်း (Myanmar Rice Online-MyRO) စနစ်တွင်မှတ်ပုံတင်ရန် ကွင်းဆင်းအသိပညာပေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့နယ်၌ ဆန်လက်လီ၊လက္ကားဆိုင်များအား ကွင်းဆင်းစစ်ဆေး

    စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးအနေဖြင့် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက် နံနက်(၀၉:၀၀)နာရီ အချိန်တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဒေါ်အိမွန်ကျော်တို့သည်   မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ ကန့်ဘလူမြို့ “မြို့မဈေး”ရှိ ဆန်လက်လီ၊လက်ကား ရောင်းချသည့်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

     ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်တာဝန်ခံက ဒေသထွက်စားသုံးဆန်များအား သင့်တင့်မျှတသော ဈေးနှုန်းဖြင့်ရောင်းချရန်၊ ပစ္စည်းမှန်၊ ဈေးနှုန်းမှန်၊ အရည်အသွေးမှန်၊ အလေးချိန် မှန်ဖြင့် ဖြန့်ဖြူးရောင်းချရန်၊ ထို့နောက်တာဝန်ရှိသူများသည် ဆန်သိုလှောင်ထားရှိမှု၊ ဆန်လက် ကျန်အခြေအနေတို့အားစစ်ဆေးခဲ့ကြပြီး စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀)ပါစီးပွားရေး လုပ်ငန်းရှင်၏တာဝန်များကို လိုက်နာဆောင်ရွက်ရန် အသိပညာပေးဆွေးနွေးခဲ့ပြီး စားသုံးသူကာ ကွယ်ရေးအကြောင်း အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

 

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show ကျင်းပပြုလုပ်

  စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဝင်းသိန်းဦး(ရုံးအုပ်)သည် (၁၃.၁၁.၂၀၂၅)  ရက်နေ့ (၁၀:၀၀)အချိန်တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးခန်းမ၌ စားသုံသူကာကွယ်ရေးအသိပညာပေး Talk Show ပွဲကိုကျင်းပပြုလုပ်ခဲ့ပါသည်။

          ထိုသို့ ကျင်းပပြုလုပ်ရာတွင် စားသုံးသူကာကွယ်ရေးဥပဒေစတင်ပေါ်ပေါက်လာပုံ၊ စားသုံးသူ ဆိုသည်မှာ ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုကို ကုန်သွယ်ရောင်းဝယ်မှုပြုရန် သို့မဟုတ် အသက်မွေး ဝမ်းကြောင်းပြုရန် မဟုတ်ဘဲ ကိုယ်တိုင်သုံးစွဲမှု အတွက်သော်လည်းကောင်း၊ အခြားသူအတွက်သော် လည်းကောင်း ရည်ရွယ်၍ ဝယ်ယူခြင်း၊ အသုံးပြုခြင်း၊ရယူခြင်း၊ ကုန်စည်ချေးငှားခြင်း ပြုလုပ်သူများ သို့မဟုတ် ပေးကမ်းထောက်ပံ့ခြင်း ခံရသူများကို ဆိုလိုကြောင်း၊ရည်ရွယ်ချက်များ၊ စားသုံးသူ အခွင့်အရေးနှင့် တာဝန်များ၊ တိုင်ကြားလျှင် လိုအပ်သော အချက်များ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်းနှင့် 1535 Call Center လိုင်းခွဲ(1)သို့ လက်တွေ့ခေါ်ဆို၍ တိုင်ကြားနိုင်မည့် နည်းလမ်းများအားရှင်းလင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

 DOCA(ကချင်)

စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း

  စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ဦး‌ဇေယျာအောင်(ခရိုင်ဦးစီးမှူး) သည် ၁၂.၁၁.၂၀၂၅ ရက်နေ့၊ ၁၄:၀၀ နာရီ အချိန်၌ မြစ်ကြီးနားမြို့၊ အနောက်လယ်ကုန်းရပ်ကွက်အတွင်းရှိ “ရွှေမြင့်မိုရ်”ဆားမုန့်ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်(၁)ဦးနှင့်တွေ့ဆုံ၍ စားသုံးသူ ကာကွယ်ရေး ဥပဒေပြဋ္ဌာန်းချက်ပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရန် အချက်အလက်များနှင့် ပတ်သက်၍ ရှင်းလင် ဆွေးနွေးခဲ့ပါသည်။             

          ထိုသို့ဆွေးနွေးရာတွင် ဦး‌ဇေယျာအောင်(ခရိုင်ဦးစီးမှူး)က စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင် နှင့် ဝန်ဆောင်မှု၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန် များ၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုအပေါ်တာဝန်ရှိမှု ၊ ကုန်စည် / ဝန်ဆောင်မှု နှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ ကုန်စည် (သို့) ဝန်ဆောင်မှု လုပ်ငန်းများ၏ အာမခံချက်နှင့်စပ်လျဉ်း၍ စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးများ၊ စားသုံးဆီနှင့်ပတ်သက်၍ သတ်မှတ်ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များအကြောင်း၊ အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေနှင့်ပတ်သက်သည့် အမိန့် ညွှန်ကြားချက်များအကြောင်း ၊ အွန်လိုင်းငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ သုံးစွဲရာတွင် သတိပြု ဆောင်ရွက်သင့်သည့် အချက်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိစေရန် နှင့် သက်ဆိုင်ရာ FDA ထောက်ခံချက်များပါရှိရန် လိုအပ်ကြောင်း ၊ တားမြစ်ချက်များနှင့် ပြစ်မှုပြစ်ဒဏ် များကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

DOCA(ကချင်)

ဆီထွက်သီးနှံပိုမိုစိုက်ပျိုးထုတ်လုပ်နိုင်ရေးနှင့် စားသုံးဆီ ပိုမိုကြိတ်ခွဲထုတ်လုပ်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

  စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၁၁)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် “ဆီထွက်သီးနှံပိုမိုစိုက်ပျိုးထုတ်လုပ်နိုင်ရေးနှင့် စားသုံးဆီ ပိုမိုကြိတ်ခွဲထုတ်လုပ်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲ ” ကို ကျင်းပပြုလုပ်ခဲ့ရာ သက်ဆိုင်ရာဌာနဆိုင်ရာ များ၊ ဆီစက်လုပ်ငန်းရှင်များနှင့်တောင်သူ(၆၂)ဦးတက်ရောက်ခဲ့ပါသည်။

     အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်းမှာ ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားလာပြီး မျိုးကောင်းမျိုးသန့်များ၊ အထွက်ကောင်းမျိုးများ စိုက်ပျိုးထုတ်လုပ်လာနိုင်စေရန်၊ တစ်ဧကအထွက်နှုန်း တိုးတက်လာသည့်နှင့်အမျှ တစ်ယူနစ်ထုတ်လုပ်မှု ကုန်ကျစရိတ် လျော့ချနိုင် ခြင်းဖြင့် မြေပဲဆီ၊ နှမ်းဆီဈေးနှုန်းများ သက်သာလာစေရန်၊ ဒေသတွင်း ဆီစက်များ ခေတ်မီအဆင့်မြင့် ဆီစက်များ ဖြစ်ပေါ်လာစေရန်၊ ကျန်းမာရေးနှင့် ညီညွတ်သောအရည်အသွေးမီ စားသုံးဆီများ ကြိတ်ခွဲ ထုတ်လုပ်လာနိုင်စေရန်နှင့် မြေပဲဆီ၊ နှမ်းဆီများကို ပြည်တွင်းဈေးကွက်သာမက ပြည်ပဈေးကွက်ထိ ရရှိနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန် ရည်ရွယ်ပါသည်။

  စားသုံးသူရေးရာဦးစီးဌာန၊တိုင်းဒေသကြီးဦစီးမှူး၊ ဦးမြင့်ဝင်းမှ အဖွင့်အမှာစကားပြောကြား ပြီးနောက် စားသုံးသူရေးရာဦးစီးဌာန၊ပြည်ခရိုင်ဦးစီးမှူး ဦးမင်းဆွေမှ ခရိုင်အတွင်း ဆီထွက်သီးနှံများ စိုက်ပျိုးထုတ်လုပ်နေမှု အခြေအနေ၊ ဆီကြိတ်ခွဲထုတ်လုပ်နေမှုအခြေအနေနှင့် စားသုံးဆီဖူလုံမှုအခြေ အနေများကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

ထို့နောက် စူပါထွဏ်း စိုက်ပျိုးရေးနှင့်သွင်းအားစုကုမ္ပဏီမှ MD ဦးဇော်မင်းထွန်းက မျိုးကောင်း မျိုးသန့်ရွေးချယ်စိုက်ပျိုးနိုင်ရေးနှင့် ခေတ်မီစိုက်နည်းစနစ်များအကြောင်းဖြင့်လည်းကောင်း၊  ခရိုင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ခရိုင်ဦးစီးမှူး ဦးအောင်လှိုင်ဝင်းမှ FDA ထောက်ခံ ချက်လက်မှတ်လျှောက်ထားရာတွင်လိုအပ်သည့် သတ်မှတ်ချက်များအကြောင်း၊ ပူးတွဲတင်ပြရမည့် စာရွက်စာတမ်းများ၊ဆောင်ရွက်ထားရှိရမည့် စည်းမျဉ်းစည်းကမ်းများအကြောင်းဖြင့်လည်းကောင်း၊ ခရိုင်စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ခရိုင်ဦးစီးမှူး ဒေါ်ညိုညိုမြင့်မှ MSMEs ချေးငွေဆိုင် ရာလုပ်ငန်းများအကြောင်း၊ ချေးငွေရယူရာတွင် လိုက်နာရမည့်အချက်များနှင့် ပေးချေရသည့် အတိုး နှုန်းများအကြောင်းဖြင့်လည်းကောင်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ အရည်အသွေးစမ်းသပ်စစ်ဆေးရေးဌာန၏ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အိအိချောမှ ကျန်းမာရေး အတွက်ထိန်းသိမ်းရမည့် စားသုံးဆီအရည်အသွေးများအကြောင်းဖြင့်လည်းကောင်း Power Point များရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။

   ထိုသို့ ရှင်းလင်းဆွေးနွေးပြီးနောက် တက်ရောက်လာသော ဌာနဆိုင်ရာများ၊ ဆီစက်လုပ်ငန်းရှင် များ၊ တောင်သူများပူးပေါင်း၍ ဆီထွက်သီးနှံများ ပိုမိုစိုက်ပျိုးထုတ်လုပ်နိုင်ရေးနှင့် ဆီစက်လုပ်ငန်းရှင် များ၏ အခန်းကဏ္ဍခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဆီထွက်သီးနှံမျိုးကောင်းမျိုးသန့်ရရှိရေးနှင့် စိုက်နည်း စနစ်သွင်းအားစုများ မှန်ကန်စွာအသုံးချတက်စေရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကျန်းမာရေးနှင့် ညီညွတ်သော စားသုံးဆီများထုတ်လုပ်နိုင်ရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဆီစက်များဖွံ့ဖြိုးတိုးတက် ရေးအတွက်စိန်ခေါ်မှုနှင့်လိုအပ်ချက်များခေါင်းစဉ်ဖြင့်လည်းကောင်း စားပွဲဝိုင်းဆွေးနွေးပွဲ ဆောင်ရွက် ခဲ့ပြီး ဖော်ထုတ်ချက်(၆)ချက်ရရှိခဲ့ကြောင်းသိရှိရပါသည်။

စားပွဲဝိုင်းဆွေးနွေးပွဲမှ ရရှိသော ဖော်ထုတ်ချက်(၆)ချက်မှာ-

(က)    တောင်သူများအတွက် အာမခံချက်ရှိသော အခြေခံကြမ်းခင်းဈေးသတ်မှတ်ပေးရန်။

( ခ)    ထွက်ရှိလာသောသီးနှံများကို ဈေးနှုန်းအာမ မခံသော်လည်း ဒေသကာလပေါက်ဈေး

          ဖြင့် ဆီစက်များမှ ဝယ်ယူပေးရန်။

( ဂ)    သက်ဆိုင်ရာဌာနဆိုင်ရာများ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များမှ တောင်သူများ မိရိုးဖလာစိုက် နည်းအစွဲများပျောက်စေရေး တောင်သူပညာပေးစိုက်ခင်းများ ဆောင်ရွက်ပေးရန်။ (Demonstrated Farm)

(ဃ)    ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးဆီများ ထုတ်လုပ်နိုင်ရေးအတွက် ဆီစက်လုပ်ငန်း ရှင်များအနေဖြင့်လည်း သန့်ရှင်းလတ်ဆက်သော ကုန်ကြမ်းများကိုကြိတ်ခွဲထုတ်လုပ်၍ လက်လီ/လက်ကားရောင်းချသူများမှလည်း အရည်အသွေးထိန်းသိမ်းရောင်းချနိုင်ရေး ပညာပေးဆောင်ရွက်သွားရန်။

( င)    စားအုန်းဆီတင်သွင်းမှု လျော့ချပေးရန်နှင့် ပြည်ပသို့ ဆီထွက်သီးနှံများ ကုန်ကြမ်း အတိုင်း တင်ပို့မှုလျော့ချပေးရန်။

( စ)    ကြိတ်ခွဲရရှိသည့် စားသုံးဆီများအား ပြည်တွင်းဈေးကွက်၌ ယခုထက်ပိုမို၍ ဈေးကွက် ရရှိလာနိုင်စေရေး ဆောင်ရွက်ပေးရန်တို့ကို ဖော်ထုတ်ရရှိခဲ့ပါသည်။

          “ ဆီထွက်သီးနှံ ပိုမိုစိုက်ပျိုးထုတ်လုပ်နိုင်ရေးနှင့် စားသုံးဆီ ပိုမိုကြိတ်ခွဲထုတ်လုပ်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲ ” မှ ဖော်ထုတ်ရရှိချက်များအား သက်ဆိုင်ရာဌာနများ၊ လုပ်ငန်းရှင်၊ တောင်သူများမှ ပူးပေါင်းအကောင်ထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသတင်းရရှိပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ