သတင်းနှင့် လှုပ်ရှားမှုများ
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်၊ မြို့နယ်အားကစား ခန်းမတွင် (၂၄-၅-၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၃:၀၀) နာရီအချိန်၌ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ အားကစားလူငယ်များအား အသိပညာပေးဟောပြောပွဲကိုကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။
ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ ပုဂ္ဂလိကအခန်းကဏ္ဍဖွံ့ဖြိုးတိုးတက်အောင် အားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိပြီး ကုန်သွယ်မှုလုပ်ငန်းလုပ်ငန်းများလျင်မြန်ချောမွေ့စေရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့၌ (၂၄-၅-၂၀၂၄)ရက်နေ့၊ နံနက် (၀၈:၀၀) နာရီအချိန်တွင် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့မှတာဝန်ရှိသူများသည် စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ အလှကုန်ပစ္စည်းရောင်းချသောဈေးဆိုင်များသို့ကွင်းဆင်း၍ သုံးစွဲမသင့်သော အလှကုန်ပစ္စည်းများ ရောင်းချခြင်းရှိ/ မရှိကို ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများဆောင်ရွက်ခဲ့ပါသည်။
၂၀၂၄ခုနှစ်၊ မေလ ၂၇ရက်နေ့တွင် တာမွေမြို့နယ်တာဝန်ခံ ဒေါ်အေးအေးမော်နှင့်ဝန်ထမ်း(၁) ဦးသည် တာမွေမြို့၊ တာမွေယာယီဈေးအတွင်း စားသုံးဆီအမျိုးမျိုးရောင်းချသည့်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။
ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှာကြားချက်အရ ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးဦးလှစိုးဦးဆောင်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(ရန်ကုန်)၊ စသည့် ဌာနများပူးပေါင်း၍ (၂၈-၅-၂၀၂၄) ရက်နေ့၊ နေ့လယ် (၁၃:၃၀) နာရီတွင် အမှတ် (1၆၇) ဗဟိုရ်လမ်း၊ စမ်းချောင်းမြို့နယ်ရှိ ဆေးကမ္ဘာဆေးဆိုင်အား စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။