သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
07 May 2024

  စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် တန်ဖိုးသင့်အခြေခံစားသောက် ကုန်များကို စိုက်ပျိုး၊ မွေးမြူထုတ်လုပ်သူများမှ ဆန်၊ ဆီနှင့် ကြက်ဥ၊ ဒေသထွက် ဟင်းသီးဟင်း ရွက်သီးနှံများကို ၂၀၂၄ ခုနှစ်၊ မေလ ပထမ အပတ် ၄ ရက်နေ့တွင် မုံရွာမြို့၊ ပြည်ထောင်စုဈေးတို့တွင်    နံနက် (၀၇:၀၀) နာရီအချိန်တွင် သက်သာသောဈေးနှုန်းဖြင့် အပတ်စဉ် ရောင်းချပေးလျက်ရှိပါသည်။

07 May 2024

     စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်ခွဲရုံးမှ ရုံးအုပ် ဒေါ်တင်တင်ဌေးသည် တိုက်ကြီးမြို့နယ်၊ မြို့မဈေးအတွင်း ဝက်သားသတ်လိုင်စင်ရရှိသူ ဦးဝေယံရဲမြင့်အား တွေ့ဆုံမေးမြန်းခဲ့ပါသည်။

07 May 2024

     စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်ခွဲရုံးမှ ရုံးအုပ် ဒေါ်တင်တင်ဌေးသည် တိုက်ကြီးမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်(၉)ဆိုင်သို့သွားရောက်၍ ဈေးကွက်စောင့်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

07 May 2024

       စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်၊ မြို့မဈေးအတွင်းရှိ စည်ပင်သာယာခန်းမတွင် (၂၉-၄-၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၄:၃၀)နာရီအချိန်၌ မှော်ဘီမြို့မဈေးရှိ စားအုန်းဆီ ရောင်းချသော ကုန်မျိုးစုံဆိုင်များနှင့် ဈေးသူ/ဈေးသားများအား ကွင်းဆင်းအသိပညာပေးဟောပြောခဲ့ပါသည်။

07 May 2024

          ၂၀၂၄ခုနှစ်၊ မေလ(၆)ရက်နေ့၊ နေ့လယ် (၁၄:၀၀)နာရီအချိန်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့် ဝန်ထမ်းများသည် ကျိုင်းတုံမြို့၊ ရပ်ကွက်(၃)၊ မြို့သစ်ရပ်အတွင်းရှိ ဝက်ခေါက်နှင့်အမဲခေါက်ထုတ်လုပ်သည့်လုပ်ငန်းအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် စီးပွားရေးလုပ်ငန်းရှင်တွေ့ဆုံဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

Pages