သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
08 Feb 2023

     ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အစည်းအဝးခန်းမ၌ ၅.၂.၂၀၂၃ ရက်နေ့ ( ၀၉း၀၀ )နာရီအချိန်တွင် ကချင်ပြည်နယ်၊ စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေနှင့် တွေ့ဆုံပွဲကို စီးပွားရေးရာဝန်ကြီးဌာနလက်အောက်ရှိ ခရိုင်ဆင့်ဌာနဆိုင်ရာ(၈)ခုမှ အကြီးအကဲများနှင့် ဝန်ထမ်း များ တက်ရောက်ခဲ့ပါသည်။

08 Feb 2023

          တနင်္သာရီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာနနှင့် အစားသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့၊ နံနက်(၁၀း၀၀)နာရီတွင် ထားဝယ်တက္ကသိုလ်၌ စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း သိကောင်းစရာများကို ဟောပြော ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

08 Feb 2023

        စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ဦးဘောမ်ဇုန်း(ရုံးအုပ်)သည်  ၂.၂.၂၀၂၃ ရက်နေ့ နံနက် ၁၀:၃၀ နာရီအချိန်၌ မြစ်ကြီးနားမြို့၊ လယ်ကုန်းရပ်ကွက်ရှိ အမှတ်(၄) အခြေခံပညာ အလယ်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ပါသည်။

08 Feb 2023

       စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ(၂၇)ရက်နေ့ ၊ နေ့လယ်(၁၄း၀၀)နာရီအချိန်တွင် မိတ္ထီလာမြို့ ကုန်သည်ကြီး များအသင်း ကုန်စည်ဒိုင်၌ ကုန်စည်ဒိုင်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်အမှုဆောင်ကုန်သည်နှင့် တွေ့ဆုံဆွေးနွေးခဲ့ရာ ကုန်စည်ဒိုင်အသင်းဥက္ကဋ္ဌနှင့် အလုပ်အမှု‌ဆောင်အဖွဲ့ဝင်စုစုပေါင်း (၂၀)ဦးတက်ရောက်ခဲ့ပါသည်။

08 Feb 2023

    ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့ (၁၁း၀၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်၊ ခရိုင်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဒေါမြို့ရီနှင့်ဝန်ထမ်းများသည် ပျော်ဘွယ်မြို့၊ မြို့မဈေးခေါင်းရုံးတွင်  စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း အသိပညာပေး ဟောပြောဆွေးနွေးခဲ့ပါသည်။

Pages