သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
13 Feb 2025

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့၊ (၁၄း၄၅)နာရီ အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်း‌ဒေသကြီးဦးစီးမှူးရုံးမှ  ဦးစီးအရာရှိနှင့် ဝန်ထမ်းများသည် ဗဟိုစာရင်းအင်းအဖွဲ့နှင့်ပူး ပေါင်း၍ပြည်တွင်းဆန်စျေးနှုန်းများသင့်တင့်မျှတစွာဖြင့်တည်ငြိမ်မှန်ကန်စေရေးအတွက် ထားဝယ် မြို့၊ အိုးလုပ်ရပ်၊ မြို့တွင်းရပ်၊ ဇရစ်ရပ်ရှိ ဆန်အရောင်းဆိုင်ကြီးများအား စစ်ဆေးဆောင်ရွက်ခဲ့ပါ သည်။

13 Feb 2025

       ၂၀၂၅ ခုနှစ် ၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့၊ နံနက်(၁၀း၀၀)အချိန်တွင် တနင်္သာရီတိုင်း‌ဒေသကြီး၊ ထားဝယ်မြို့၊ အကျဥ်းဦးစီးဌာနတွင် ဝန်ထမ်းများနှင့်မိသားစုဝင်များအား စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်းသိကောင်းစရာများနှင့်ပတ်သက်၍ အသိပညာပေးဟောပြောဆွေးနွေးပွဲ ကျင်းပပြု လုပ်ခဲ့ပါ သည်။

13 Feb 2025

            မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် ပခုက္ကူခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ဆိပ်ဖြူ မြို့နယ်တာဝန်ခံသည် စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားတို့ကိုကာကွယ်ရန်၊ အစားအစာများ ဘေးကင်းလုံခြုံစေရန် ရည်ရွယ်၍ (၇-၂-၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြို့နယ်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီအဖွဲ့ဝင်များနှင့်အတူ ပူးပေါင်း၍ ဆိပ်ဖြူမြို့၊ အနောက်ပိုင်းရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြ

13 Feb 2025

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ စားသုံးသူ ကာကွယ်ရေးလုပ်ငန်းများ ခိုင်မာတိုးတက်စေရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ အောင်မြင်စွာလုပ်ကိုင်နိုင်ရေးအတွက် မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခေတ္တခရိုင်ဦးစီး မှူးနှင့် ဝန်ထမ်းများသည် ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ(၁၀)ရက်နေ့တွင် မြိတ်မြို့၊ ဆိပ်ငယ်ရပ်၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေး သင် တန်းဖွင့်လှစ်ကျင်းပခဲ့ပါသည်။

13 Feb 2025

         မြိတ်ခရိုင်ဆီကိုယ်စားလှယ်မှ မြိတ်မြို့အတွက်လိုအပ်သော စားအုန်းဆီများကို ရန်ကုန် မြို့ဆီကန်မှ ထုတ်ယူလျက်ရှိပြီး  ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ(၇)ရက်နေ့တွင် Global Good Pure Group ကုမ္ပဏီမှ ထုတ်ယူခဲ့သော စားအုန်းဆီပေပါ (၉၁)သည် မော်တော်ယာဉ်အမှတ် 6L- 9513 ဖြင့်(၁၁.၂.၂၀၂၅) ရက်နေ့တွင် မြိတ်မြို့သို့  ရောက်ရှိလာခဲ့ကြောင်းသိရှိရပါသည်။ အဆိုပါစားအုန်းဆီများကို ၂ ရာခိုင်နှုန်းအမြတ်ဖြင့် ခွဲဝေရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

Pages