သတင်းနှင့် လှုပ်ရှားမှုများ
၃၀.၅.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ၂၀၂၄ခုနှစ်၊ မေလအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ်ဦးစီးမှူးရုံးနှင့် မော်လမြိုင်ခရိုင်ဦးစီးမှူးရုံးမှ အရာထမ်း(၈)ဦး၊ အမှုထမ်း(၂၆)ဦး၊ စုစုပေါင်း (၃၄)ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
၂၄.၅.၂၀၂၄ ရက်နေ့နှင့် ၂၅.၅.၂၀၂၄ ရက်နေ့တို့တွင် မော်လမြိုင်မြို့၊ ရတနာထွန်းပွဲရုံနယ်မြေသို့ ယာဉ်အမှတ်၊ 6B/3787 ဖြင့်တင်ဆောင်လာသော စားအုန်းဆီ တစ်ပေပါလျှင် ပိဿာ(၁၁၀)ပါရှိသည့် စားအုန်းဆီပေပါပေါင်း(၉၀)လုံးရောက်ရှိလာသဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်မြို့နယ်တာဝန်ခံနှင့် တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ကြောင်း သိရှိရသည်။
၂၉.၅.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော မွန်ပြည်နယ် စားသုံးသူရေးရာကော်မတီ (၂/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မွန်ပြည်နယ်စီးပွားရေးရာဝန်ကြီး၊ မွန်ပြည်နယ် စားသုံးသူရေးရာကော်မတီအဖွဲ့ဝင်များနှင့် အရာထမ်း/အမှုထမ်းများ တက်ရောက်ခဲ့ကြောင်း သိရှိရ ပါသည်။
၂၈.၅.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး၊ ဒုတိယပြည်နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ရုံးချုပ်မှကျင်းပပြုလုပ်သော စားအုန်းဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီ၏(၂/၂၀၂၄)ကြိမ်မြောက်ညှိနှိုင်းအစည်းအဝေးကို စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးခန်း၌ Virtual စနစ်ဖြင့်တက်ရောက်ခဲ့ကြောင်းသိရပါသည်။
၂၉-၅-၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်မြို့နယ်တာဝန်ခံသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရေကြောင်းရဲတပ်ဖွဲ့၊ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့ဝင်တို့ပါဝင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် မော်လမြိုင်မြို့နယ်အတွင်း စက်သုံးဆီလိုအပ်မှုအတွက် ရန်ကုန်တိုင်းဒေသကြီးမှထွက်ခွာလာပြီး မော်လမြိုင်မြို့၊ မုပွန်ကျောက်ချစခန်းသို့ ဝင်ရောက်လာသည့် MT Denko Princess ဆီတင်သင်္ဘောအားကွင်းဆင်းစ