သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ဒုတိယခရိုင်ဦးစီးမှူး ဦးမျိုးဝင်း (မကွေးမြို့နယ်တာဝန်ခံ)နှင့် ဒေါ်သန္တာလင်း (အငယ်တန်းစာရေး)တို့သည် (၁၀-၁၀-၂၀၂၃) ရက်နေ့၊ နံနက်(၀၉:၃၀)အချိန်တွင် မကွေးမြို့နယ်၊ ဆားတိုင်ကန်ကျေးရွာရှိ ရေတွင်းဝိဟာရဘုန်းတော်ကြီးသင်ပညာရေးအခြေခံပညာမူလတန်းလွန်ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေးပွဲဆောင်ရွက်ခဲ့ပါသည်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၁၇) ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တာဝန်ခံရုံးမှ စစ်ဆေးရေးမှူးနှင့် ဝန်ထမ်းများသည် တာချီလိတ်မြို့နယ်၊ ဟောင်လိတ်ရပ်ကွက်ရှိ SK တံဆိပ် ကိတ်/ပေါင်မုန့်လုပ်ငန်းနှင့် ဧဒင်ကျေးရွာရှိ ညီနောင်ကိတ်နှင့်မုန့်မျိုးစုံလုပ်ငန်းတို့အား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန် အတွက် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ မြို့နယ်တာဝန်ခံသည် ငါန်းဇွန်မြို့ရှိ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ (၁၁-၁၀-၂၀၂၃)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှကျင်းပပြုလုပ်သော လူငယ်ရေးရာအသိပညာပေးဟောပြောပွဲသို့တက်ရောက်၍ စားသုံးသူကာကွယ်ရေးအသိပညာများဟောပြောဆွေးနွေးခဲ့ပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးသန်းစိုးဦးဆောင်၍ (၈-၁၀-၂၀၂၃)ရက်နေ့၊ နေ့လယ် (၁၃:၃၀) နာရီအချိန်တွင် ညောင်ဦးမြို့နယ်၊ အနောက်အုံကျေးရွာနှင့် ချောင်းရှည်ကျေးရွာများရှိ ပဲကြော်လုပ်ငန်း၊ အာလူးကြော်လုပ်ငန်းနှင့် မကျီးပလိပ်၊ မကျီးတော်ဖီလုပ်ငန်းများတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းများနှင့်အညီ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။ အဆို
စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ဦးဘောမ်ဇုန်း (ရုံးအုပ်)သည် ၁၈.၁၀.၂၀၂၃ရက်နေ့တွင် ဝူယန်ကျေးရွာ၊ဝိုင်းမော်မြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင် လုပ်ငန်းရှင်(၁)ဦးနှင့် တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက်ပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရန် အချက်အလက်များနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးဆောင်ရွက်ခဲ့ပါသည်။