သတင်းနှင့် လှုပ်ရှားမှုများ
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၁၁-၆-၂၀၂၄ ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပါဝင်သော ပူပေါင်းအဖွဲ့ဖြင့် ဘီးလင်းမြို့၊ ဘိုးရာဇာရပ်ကွက်နှင့် မင်္ဂလာဈေးအတွင်းရှိ ဆန်ဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချရန်ရည်ရွယ်၍ သိုလှောင်ခြင်း၊ ရောင်းချဖြန့်ဖြူးခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ရာ ဘီးလင်းမြို့၊ ဘိုးရာဇာရပ်ကွက်နှင့် မင

စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ဦးတင်မောင်ထွန်း(ရုံးအုပ်)သည် ၁၂.၆.၂၀၂၃ ရက်နေ့တွင် မြစ်ကြီးနားမြို့၊ ရွှေညောင်ပင်ရပ်ကွက်ရှိ ဒေါ်မယ်တင့် ကုန်စုံဆိုင်သို့ သွားရောက်၍ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များဈေးကွက်အတွင်းမှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ကိုက်ညီမှုရှိ /မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်မြို့နယ်တာဝန်ခံသည် မြို့နယ်ကြီးကြပ်ရေးအဖွဲ့နှင့်ပူးပေါင်း၍ ၁၀-၆-၂၀၂၄ ရက်နေ့တွင် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့၊ သီရိမြိုင်ရပ်ကွက်နှင့် မုပွန်ရပ်ကွက်အတွင်း လက်လီရောင်းချပေးနေသော စားအုန်းဆီဆိုင်သို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးမှုများဆောင်ရွက်ခဲ့သည်။

စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့နယ်တာဝန်ခံသည် ၁၀-၆-၂၀၂၄ ရက်နေ့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ သထုံမြို့နယ်၊ မြို့မဈေးရှိ ကုန်စုံဆိုင်များ၌ ဦးစားပေးကုန်စည်ဖြစ်သော အသင့်စားခေါက်ဆွဲခြောက်ထုပ်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများနှင့်အတူ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် ၁၂-၆-၂၀၂၄ ရက်နေ့တွင် ကျိုက်မရောမြို့နယ်ရှိ ဆန်ဂိုဒေါင်များနှင့် ဆန်ဆိုင်ကြီးများအား ဆန်ဈေးနူန်းများမြှင့်တင်ရောင်းချခြင်းအလို့ငှာ သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချမှုများရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။
