“ စားသုံးဆီအမျိုးမျိုးတို့တွင်ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေး ”

Powered by Drupal

      ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး  သန်လျင် မြို့နယ်မှ ဒေါ်ငြိမ်းငြိမ်းဝင်း(ဦးစီးမှူး)နှင့်ဝန်ထမ်းများသည် စက်တင်ဘာလ(၁၂)ရက်နေ့၊ နေ့လည် (၁၃:၀၀)နာရီအချိန်တွင် ကျိုက်ခေါက်ဘုရားလမ်း၊ အောင်ချမ်းသာရပ်ကွက်၊ သန်လျင်မြို့နယ်ရှိ City Mart Super Market အတွင်းရောင်းချလျက်ရှိသော စားသုံးဆီအမျိုးမျိုးတို့ ကုန်အညွှန်း အမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

      အဆိုပါ ကွင်းဆင်းစစ်ဆေးမှုတွင် ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၊ သန်လျင်မြို့နယ်မှ ဒေါ်ငြိမ်းငြိမ်းဝင်း(ဦးစီးမှူး)က City Mart Supermarket အတွင်း ရောင်းချလျက်ရှိသည့် စားသုံး ဆီအမျိုးမျိုးတို့၌ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မဖြစ်မနေဖော်ပြရမည့်အချက် များဖြစ်သည့် အမျိုးအမည်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းတို့အား မြန်မာဘာသာဖြင့် ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု(သို့) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ စားသုံးသူကာကွယ်ရေး ဥပဒေပုဒ်မ (၄၃)အရ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာ ဆောင်ရွက်ရမည့် အချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး ကုန်အညွှန်းအမှတ်အသားများအား မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထားခြင်း မရှိသည့် စားသုံးဆီများအား ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချခြင်း မပြုလုပ်ကြရန် အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)