သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
20 Aug 2024

      ၁၅.၈.၂၀၂၄ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ချောင်းဆုံမြို့နယ် တာဝန်ခံသည် ချောင်းဆုံမြို့နယ်၊ အ.မ.က (ခလော့ကနိုင်း) ကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပကြောင်း သိရပါသည်။

20 Aug 2024

     ၁၄.၈.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တာဝန်ခံသည် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ချောင်းဆုံမြို့နယ်၊ အ.မ.က (ကုလားတို့) ကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

20 Aug 2024

     (၁၅.၈.၂ဝ၂၄) ရက်နေ့၊ နေ့လယ် (၁၃:ဝဝ) နာရီအချိန်တွင် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တာဝန်ခံ ဒေါ်ထက်ထက်နွေဦးသည် ပြန်ကြားရေးနှင့်ပြည်သူ ဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ချောင်းဆုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ "စားသုံးသူကာကွယ်ရေးဥပဒေ တားမြစ်ချက်များအကြောင်း သိကောင်းစရာ အသိပညာပေး Talk Show" ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

20 Aug 2024

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်မှု၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံဆေးနှင့်ဆေးလုပ်ငန်းရှင်များအသင်းကဦးဆောင်၍ ပဲခူးမြို့တွင် ဆေးဝါးပြတ်လပ်မှုမရှိစေရေးနှင့် စျေးနှုန်းကြီးမြင့်မှုမရှိစေရေးရည်ရွယ်၍ ပြည်သူများသုံးစွဲလျက်ရှိသည့်ဆေးဝါးများကို ဆေးဝါးကုမ္ပဏီများမှ သုံးစွဲသူပြည်သူများသို့ တိုက်ရိုက်ရောင်းချပွဲအား ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ သီရိဉဿာစျေးကြီးအပေါ်ထပ်တွင်  ၂၉-၇-၂၀၂၄ ရက်နေ့မှ ၃-၈-၂၀၂၄ ရက်န

20 Aug 2024

      ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၁၈ ရက်နေ့၊ နေ့လယ်(၁၄:၀၀) နာရီအချိန်တွင် ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်၊ ရေးလမ်းရှိ ဟိုင်းဝေးစတားယာဥ်ရပ်နားစခန်းသို့ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ စီစဥ်မှုဖြင့် Mahar Phone Let Yone ကုမ္ပဏီမှ တင်ပို့ ရောင်းချသည့် စားအုန်းဆီ ၁ ပေပါလျှင် ၁၁၀ ပိဿာပါ စားအုန်းဆီ ၈၁ ပေပါတို့ကို ယာဥ်မောင်း ဦးရဲနိုင်ဦး ယာဉ်အမှတ် 2I-7044/Nissan Diesel မော်တော်ယာဥ်ဖြင့် တင်ဆောင်၍ ရောက်ရှိလာရာ တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးမှူး ဦးစိုးဦးနှင့် တာဝန်ရ

Pages