သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်တာဝန်ခံသည် (၅-၆-၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကြံခင်းမြို့နယ်၊ ရွာသစ်ရပ်ကွက်၊ တာကြီးတန်းလမ်း၊ မြို့နယ်ထွေအုပ်ရုံးရှိ ဧရာဦးခန်းမ၌ မုန့်မျိုးစုံဆိုင်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း ဆောင်ရွက်ခဲ့ပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့၊ တာငါးဆယ်(မ)ရပ်ကွက်၊ ဈေးကလေးလမ်းရှိ စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးတွင် ဟင်္သာတမြို့ပေါ်ရှိ စားအုန်းဆီဖြန့်ဖြူးရောင်းချသည့်လုပ်ငန်းရှင်(၉၁)ဦးအား (၉-၆-၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် စားအုန်းဆီ ဖြန့်ဖြူးခြင်းလုပ်ငန်းဆိုင်ရာ စံလုပ်ထုံးလုပ်နည်းများ(မူကြမ်း)ကို ရှင်းလင်းဟောပြောခြင်းဆောင်ရွက်ခဲ့ပါသည်။

၂၀၂၄ခုနှစ်၊ ဇွန်လ (၁၁)ရက်နေ့ နံနက်(၉း၀၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှဝန်ထမ်းများသည် ထားဝယ်မြို့ပေါ်ရှိ ကုန်စုံဆိုင်များသို့ သွားရောက်၍ စျေးနှုန်းများကောက်ယူစစ်ဆေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။

၂၀၂၄ခုနှစ်၊ ဇွန်လ (၁၁)ရက်နေ့၊ နံနက်(၉း၀၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှဝန်ထမ်းများသည် ထားဝယ်မြို့ပေါ်ရှိ ဘိလပ်မြေအရောင်းဆိုင်များသို့ သွားရောက်၍ စျေးနှုန်း/စျေးကွက်များ စုံစမ်းခြင်း၊ ဘိလပ်မြေများ ပစ္စည်းပြတ်လက်မှု ရှိ/မရှိ၊ လက်ကျန်ပစ္စည်းအရေအတွက်များအား ကောက်ယူစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်ဦးစီးမှူးနှင့် မော်လမြိုင်မြို့နယ်တာဝန်ခံတို့သည် ၆-၆-၂၀၂၄ ရက်နေ့တွင် မော်လမြိုင်မြို့ရှိ “ရွှေဇီဝ” အမှတ်တံဆိပ် သဘာဝမြေဩဇာစက်ရုံသို့သွားရောက်၍ စက်ရုံတာဝန်ခံနှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။
