သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲမှ ဌာနခွဲတာဝန်ခံသည် ၇-၆-၂၀၂၄ ရက်နေ့တွင် “TKC” အမှတ်တံဆိပ်ပါ ဟင်းခပ်အရသာမှုန့်ထုတ်လုပ်သည့် လုပ်ငန်းရှင်နှင့်တွေ့ဆုံခဲ့သည်။

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ဒေသခံတောင်သူများ မိုးစပါးသီးနှံ အဆင်ပြေစွာစိုက်ပျိုးနိုင်ရန်အတွက် စိုက်ပျိုးစရိတ်ချေးငွေများကို ၈-၆-၂၀၂၄ ရက်နေ့တွင် တာပသွန်ကျေးရွာနေ တောင်သူများအား ထုတ်ချေးပေးခဲ့ကြောင်းသိရှိရပါသည်။

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါးရာသီ၌ မိုးစပါး ကြဲခင်းစနစ် စိုက်ပျိုးခြင်းအစား မျိုးစေ့ချကိရိယာ(seeder) ဖြင့် စိုက်ပျိုးခြင်း၊ မြို့နယ်အဆင့် ကွင်းသရုပ်ပြစိုက်ပျိုးခြင်းကို ၉-၆-၂၀၂၄ ရက်နေ့၊ နံနက် (၀၈း၀၀) နာရီအချိန်တွင် ကလိုင်းကနိုင်ကျေးရွာ အုပ်စု ၃၈၁(က)၊ ဦးပိုင်အမှတ်(၁၇၁)၊ တောင်သူ ဦးမွန်ဆူအာမက်၏ လယ်မြေ (၅.၀၁)ဧက၌ ဆောင်ရွက်ခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့်ဝန်ထမ်းများသည် (၅.၆.၂၀၂၄) နေ့ ၊နံနက် (၁၀:၃၀) နာရီအချိန်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ညောင်တုန်းမြို့နယ်စက္ကော့ကျေးရွာ စိုက်ပျိုးရေး ကျောင်း၌ ကျောင်းသား၊ကျောင်းသူ (၁၁၅) ဦးအား စားသုံးသူအသိပညာပေး ဟောပြော ဆွေးနွေးခဲ့ပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ကျေးရွာပေါင်း (၇၆)အုပ်စုရှိပါသည်။ ကျေးရွာများရှိ တောင်သူများ ယခင်စိုက်ပျိုးနည်းစနစ်အစား ကျဲခင်းစိုက်ပျိုးမှုအစား အစေ့ချကိရိယာဖြင့် စိုက်ပျိုးခြင်းလုပ်ငန်းကို ယခုမိုးစပါးစိုက်ပျိုးချိန်၌ ဆောင်ရွက်လျက်ရှိကြောင်း ၂၀၂၄ခုနှစ် ဇွန်လဆန်းပိုင်းက တောင်သူများစိုက်ပျိုးနေမှုများကို ကွင်းဆင်းလေ့လာမှုအရ သိရှိရသည်။
