လက်ပံတန်းမြို့တွင်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးဟောပြောခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ၊ လက်ပံတန်းမြို့နယ် ကံတရာရပ်ကွက်၊ ဇီဇဝါလမ်းရှိ ဦးစောဌေးဦး  ရွှေပင် (ပေါင်မုန့်)လုပ်ငန်းရှင်နှင့် (၁၈.၉.၂၀၂၅) ရက် နေ့ ၊နေ့လယ်  ( ၁၃:၀၀ ) နာရီအချိန်တွင်၊ ထုတ်လုံတာဝန်ထမ်းဆောင်းနေသော ဦးဇော်ထွန်း မှ တွေ့ဆုံ၍ စားသုံးသူ ကာကွယ်ရေး ဥပဒေအခန်း (၁၈)ပါ ကုန်စည်များပေါ်တွင် ကုန်အညွှန်း အမှတ်အသား ‌ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည် အမျိုးအစားအလိုက်  သတ်မှတ်ချက်များနှင့် အညီဖြန့်ဖြူး ရောင်းချရန်၊ ကုန်စည်၏အရည်အသွေး၊ထုတ်လုပ်ရက်စွဲ၊ သက်တမ်းကုန်ဆုံးရက်စွဲများ၊ ထားသိုသိမ်း ဆည်းမှုအညွှန်း၊သုံးစွဲပုံနည်းလမ်းများအားလည်းကောင်း၊ဥပဒေအခန်း(၁၀)ပါစီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊  ဥပဒေအခန်း(၁၁)ပါ  ကုန်စည်နှင့်စပ်လျဉ်း၍   စားသုံးသူလက်ခံနိုင်သည့် အရည်အသွေး ရှိခြင်းကိုအထူးအလေးထားဆောင်ဆောင်ရွက်ရန်အသိပညာပေး ဆွေးနွေးဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာ စောင်ဖြန့်ဝေခဲ့ပါသည်။

DOCA(ပဲခူး)