သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
11 Jun 2024

   ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်  ကလေးသူငယ်များ ကျန်းမာရေးနှင့်ညီညွတ်သော ပတ်ဝန်းကျင်တွင် နေထိုင်နိုင်ရန် စားသုံးသူရေးရာဦးစီးဌာနနှင့်၊ ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ဘဝိုင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း မုန့်ဈေးတန်းနှင့် ကျောင်းဝန်းကျင်ဈေးဆိုင်များအား ကွင်းဆင်းစစ်ဆေး အသိပညာပေးခြင်းကို (၇.၆.၂၀၂၄) နေ့ နံနက် (၀၉:၀၀)နာရီကဆောင်ရွက်ခဲ့သည်။

11 Jun 2024

    ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ညောင်တုန်းမြို့နယ် ၃လမ်းစျေး၊ မင်္ဂလာဈေး၌ ရောင်းချလျက်ရှိသည့် စားသုံးဆီအမျိုးမျိုးတို့အား ဈေးကွက် စောင့်ကြည့်စစ် ဆေးခြင်းကို (၇.၆.၂၀၂၄)နေ့တွင် လိုက်လံဆောင်ရွက်ခဲ့ပါသည်။

11 Jun 2024

     ဧရာဝတီတိုင်းဒေသကြီး၊ မအူခရိုင်၊ မအူပင်မြို့တွင် စားသုံးဆီများရောင်းချလျက်ရှိသော စျေးဆိုင်များအား သတ်မှတ်ရည်ညွှန်းစျေးနှုန်းဖြင့် ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ၂၀၂၄ခုနှစ် ဇွန်လ ၆ ရက်နေ့ နံနက် (၁၀:၀၀) နာရီက ဌာနဆိုင်ရာများက မြို့ပေါ်ရပ်ကွက်များနှင့် မြို့မစျေး၊ မင်္ဂလာဈေး၊ အခွန်လွတ်ဈေးအတွင်းရှိ စားသုံးဆီအရောင်းဆိုင်များအား လစဉ် အပတ်စဉ် ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

11 Jun 2024

       ၂၀၂၄  ခုနှစ်၊  ဇွန်လ၊  ၆  ရက်နေ့၊  နံနက် (၁၀း၀၀)မှ (၁၁း၄၅) အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင် ပန်းတနော်မြို့နယ်တာဝန်ခံရုံးမှ တာဝန်ရှိသူများသည် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနနှင့်အတူ ပန်းတနော်မြို့နယ် ဘဝိုင်းကျေးရွာရှိ ဘဝိုင်း (အ.ထ.က)ကျောင်းတွင် ကျောင်းသား/သူ၊ ဆရာ/ဆရာမများကို စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောမှု ပြုလုပ်ခဲ့ကြသည်။

11 Jun 2024

     (၆.၆.၂၀၂၄)ရက်နေ့က စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့နယ်ဦးစီးမှူးရုံးမှ ဦးခိုင်လွမ်းမိုးသည် ဓနုဖြူမြို့နယ် အုန်းပင်ကွင်းရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးခန်းမတွင် စားသုံးဆီ ရောင်းချသူလုပ်ငန်းရှင်(၁၃)ဦး နှင့် တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခဲ့ကြသည်။

Pages