သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
11 Jun 2024

       စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကျော်မိုးလွင်သည် ၁၀-၆-၂၀၂၄ ရက်နေ့တွင် မိုးညှင်းမြို့၊ မြို့မရပ်ကွက်အတွင်းရှိ ကိုသန့်ဇင် (ကုန်စုံဆိုင်) သို့ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်ကိုက်ညီခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

11 Jun 2024

     ၂၀၂၄ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့၊ နေ့လယ်(၁၅:၀၀)အချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့အတွက် စားအုန်းဆီ ပေပါ(၂၃) သည် ရန်ကုန်မြို့မှ 2J-4733 မော်တော်ယာဥ်ဖြင့် မြိတ်မြို့၊ ရှမ်းချောင်းရပ်ရှိ အန်တီဝင်းကုန်စည်ပို့ဆောင်ရေးသို့ ရောက်ရှိလာခဲ့သဖြင့် မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာန မှ တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ပါသည်။

11 Jun 2024

        စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဝင်းသိန်းဦး(ရုံးအုပ်)သည် ၁၀-၆-၂၀၂၄ ရက်နေ့တွင် မိုးညှင်းခရိုင်ဦးစီးမှူးရုံး၌ အီလက်ထရောနစ်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

11 Jun 2024

     မွန်ပြည်နယ် သထုံမြို့နယ်၊ ဂေါ့ကျေးရွာရှိ ၅.၆.၂၀၂၄ ရက်နေ့ ကွန်ပျူတာတက္ကသိုလ် (သထုံ)တွင် ပြည်နယ်အစိုးရအဖွဲ့၏ စီမံမှုဖြင့် ဆန်၊ ဆီ၊ အသားငါး၊ ဟင်းသီးဟင်းရွက်စသည့် အခြေခံစားသောက်ကုန်များကို သတ်မှတ်ထားသည့် သက်သာသောဈေးနှုန်းတို့ဖြင့် မြို့နယ်အဆင့် အခြေခံစားသောက်ကုန်ပစ္စည်းများ ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီမှ တာဝန်ရှိသူတို့က ဆက်လက်ရောင်းချပေးခဲ့ကြောင်း သိရသည်။

11 Jun 2024

    ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ၂၀၂၄ ခုနှစ် ဇွန်လ ၆ ရက်နေ့၊  နေ့လယ် (၁၃း၀၀)နာရီအချိန်၌  ဗဟိုဈေးကြီး အတွင်းရှိ ကုန်စုံဆိုင်များနှင့် ဈေးအနီးတဝိုက်ရှိ စားသောက်ကုန်အရောင်းဆိုင်များအား သွားရောက်လျက် အသင့်သောက်အချိုရည်အမျိုးမျိုးနှင့်စပ်လျဉ်းပြီး ဈေးကွက်စောင့်ကြည့် စစ်ဆေးဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

Pages