သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဇော်မျိုးထွန်း၊ ဦးစီးမှူးပါ (၄)ဦးတို့သည် ကျန်းမာရေးဦးစီးဌာနမှ ဒေါ်ခင်မြတ်မော်၊ ကျန်းမာရေးမှူး-၂၊ အင်းစိန်ဈေးတာဝန်ခံ ဦးလှသူ နှင့် ပူးပေါင်း၍ ၇.၆.၂၀၂၄ ရက်နေ့ ၊နံနက် (၁၀:၃၀)နာရီအချိန်တွင် အင်းစိန်မြို့နယ်၊ အင်းစိန် ဈေးရှိ ကုန်မျိုးစုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးအစည်းအဝေးခန်းမ၌ ၅-၆-၂၀၂၄ ရက်နေ့ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် ပဲခူးခရိုင်၊ ပဲခူးမြို့နယ်အတွင်းရှိ ဆန်စက်လုပ်ငန်းရှင်များ၊ ဆန် လက်လီ/ လက်ကား အရောင်းဆိုင်ပိုင်ရှင်များနှင့်တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ခဲ့ပါသည်။

ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန အစည်းအဝေးခန်းမတွင် ဇွန်လ (၆) ရက်နေ့ နံနက်ပိုင်း အလုပ်သမားညွှန်ကြားရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးမျိုးနိုင်မှ အလုပ်သမား ရေးရာ ဥပဒေများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း၊ လူမှုဖူလုံရေးအဖွဲ့ ဒုတိယညွှန်ကြားရေး မှူး ဦးဇော်ဝင်းမှ လူမှုဖူလုံရေးအကျိုးခံစားခွင့်များနှင့်ပတ်သက်သော ဥပဒေများ ရှင်းလင်းခဲ့ပြီး အလုပ်ရုံအလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဝေဝေဦးမှ စက်ရုံ အလုပ်ရုံအလုပ်ဌာနများတွင် စည်းကြပ်လျက်ရှိသော ဥပဒ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် စားသုံးသူရေးရာ ဦးစီးဌာန မှ ခရိုင်ဦးစီးမှူး ဦးထွေးသိမ်း၊မြို့နယ်တာဝန်ခံဒေါ်ခင်စန်းအေးနှင့် ဝန်ထမ်းများသည် ဘိုကလေးမြို့ နယ်ရှိ စားသုံးဆီဖြန့်ဖြူးရောင်းချနေသော လုပ်ငန်းရှင်(၂၈)ဦးတို့ အား ၂၀၂၄ ခုနှစ်၊ ဇွန်လ ( ၅ ) ရက်နေ့ ၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် မြို့နယ်တာဝန်ခံရုံးတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်အလိုက် စားအုန်းဆီဖြန့်ဖြူးရောင်းချမည့်ကိစ္စရပ်များနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ မင်္ဂလာခန်းမ၌ ၅-၆-၂၀၂၄ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးစိုးသိန်း၊ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်၊ စားသုံးသူရေးရာဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ကျော်လွင်၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်း
