သတင်းနှင့် လှုပ်ရှားမှုများ
ဧရာဝတီတိုင်းဒေသကြီး ၊ ဖျာပုံခရိုင် ၊ ကျိုက်လတ်မြို့ အမှတ်(၅) ရပ်ကွက်ရှိ “ဦးဌေးဝင်း” မုန့်ဟင်းခါးဖို လုပ်ငန်းသို့ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၂၀၂၄ ခုနှစ်၊ ဇွန်လ (၅) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် သွားရောက်၍ ဈေးကွက်မရောက်မီ ကုန်စည်များကို ကွင်းဆင်းစိစစ် ခဲ့ကြပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများနှင့်ပွင့်ဖြူမြို့နယ်တာဝန်ခံသည် ဈေးကွက်အတွင်းရှိ ကုန်စည်များတွင် စားသုံးသူကာကွယ်ရေးဥပဒေ၂၀၁၉ခုနှစ်၊အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် ပြည့်စုံစွာပါဝင်ရမည့် အချက်အလက်များကို ပြည့်စုံမှန်ကန်စွာဖော်ပြထားခြင်းရှိ/ မရှိနှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ စားသုံးရန်မသင့်ဟု တားမြစ်ထားသောကုန်စည်များကို ရောင်းချမှုရှိ/ မရှိတို့ကို မိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တာဝန်ခံသည် တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ မင်းဘူးခရိုင်ဦးစီးမှူးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အနီးကပ်ကြီးကြပ်မှုတို့ဖြင့် (၅.၆.၂၀၂၄)ရက်နေ့၊ နံနက်(၀၈:၃၀) နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ခရိုင်ဦးစီးမှူးရုံးမှ ဌာနခွဲတာဝန်ခံများနှင့်အတူ ပွင့်ဖြူမြို့ပေါ်ရှိစားအုန်းဆီများ လက်လီဖြန့်ဖြူးရောင်းချနေ

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် သစ်တော၊ သစ်ပင်များဖြင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ ရာသီဥတုမျှတကောင်းမွန်စေရေး၊ သစ်တောပြုန်းတီးမှုမဖြစ်ပေါ်စေရေး၊ ဒေသတွင်းအပူချိန်လျော့ကျလာစေရေးနှင့် သစ်တောသစ်ပင်ထိန်းသိမ်းကာကွယ်ရေးတို့ အတွက်ရည်ရွယ်၍ မြို့နယ်သစ်တောဦးစီးဌာန၏ဦးဆောင်မှုဖြင့်(၅.၆.၂၀၂၄)ရက်နေ့၊ နံနက်(၀၇:၃၀)အချိန်တွင် အမှတ်(၁၅)ရပ်ကွက် ဇီးချိုပင်ဂေါက်ကွင်း၌ မိုးရာသိ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပခဲ့ကြောင်းသိရှိရပါသည်။

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်၌ ၂၀၂၄ခုနှစ်၊ မေလ(၂၅)ရက်နေ့မှစတင်၍ မုန်တိုင်းအရှိန်အဟုန်ကြောင့် သီးနှံစိုက်ကွင်းများ ဒေသခံတောင်သူများ၌ မိုးဦးသီးနှံများကို မိုးကောင်းသောက်လယ်ယာမြေများ၌ စတင်စိုက်ပျိုးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရှိရပါသည်။
