
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ် တာဝန်ခံ ဒေါ်မြတ်မြတ်မိုးသည် (၁၉.၉.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် ချောက်မြို့ပေါ်ရှိ စားသောက်ကုန်ထုတ်လုပ်ခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိသည့် မုန့်မျိုးစုံလုပ်ငန်းများအားကွင်း ဆင်းစစ်ဆေးခဲ့ပြီး လုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ချောက်မြို့နယ်တာဝန်ခံသည် စားသောက်ကုန်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံ မှန်ကန်မှုရှိ/မရှိ စစ်ဆေးခဲ့ရာ ပြည်စုံမှန်ကန်ကြောင်းစစ်ဆေးတွေ့ရှိရပြီး စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် အရည်အသွေးပြည့်ဝသော စားသောက်ကုန်များကိုသာ ထုတ်လုပ် ရောင်းချရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေတွင် ထုတ်ပြန် ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်စေရေး၊ စားသုံးသူများစိတ်ကျေနပ်မှုရှိ စေရေးနှင့် စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်များနှင့် ပြစ်မှုပြစ်ဒဏ်များ စသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)