
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တာဝန်ခံသည် (၁၉.၉.၂၀၂၅)ရက်နေ့၊ နေ့လယ်(၁၄:၀၀)အချိန်တွင် တလုပ်ပင်ကျေးရွာရှိ အခြေခံပညာအလယ်တန်း ကျောင်း(ခွဲ)၌ ဆရာ/ ဆရာမ(၅)ဦး၊ ကျောင်းသား/ ကျောင်းသူ(၉၅)ဦး၊ စုစုပေါင်း (၁၀၀)ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မြို့သစ်မြို့နယ်တာဝန်ခံက ကျောင်းသား/ ကျောင်းသူများအား စားသုံးသူရေးရာဦးစီးဌာနမှ ထုတ်ပြန်ထားသည့် စားသုံးသူကာကွယ်ရေးဥပဒေ- ၂၀၁၉ပါ စားသုံးသူကာကွယ်ရေး၏ အဓိပ္ပာယ် ဖွင့်ဆိုချက်များ၊ စားသုံးသူရသင့်သည့် အခွင့်အရေး(၈)ချက်၊ လိုက်နာရမည့်တာဝန်(၄)ရပ်၊ ကုန်စည် နှင့် အစားအစာများဝယ်ယူသုံးစွဲရာတွင် သတိပြုရမည့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ သတ်မှတ် ချက်များ စားသုံးသူများနစ်နာ ဆုံးရှုံးမှုဖြစ်ပေါ်လာပါက တိုင်ကြားပုံနည်းလမ်းများ၊ ကုန်စည်များ ဝယ်ယူပါက သတိပြုရမည့်အချက် အလက်များအား အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရ ပါသည်။
DOCA(မကွေး)