ရေနံချောင်းမြို့၊ စားသုံးသူကာကွယ်ရေးနှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံရေး ကွင်းဆင်းဆောင်ရွက်

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ရေနံချောင်းမြို့နယ် တာဝန်ခံ သည် (၁၉.၉.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၀၀)အချိန်တွင် စားသုံးသူကာကွယ်ရေးနှင့် ကုန်အညွှန်း အမှတ်အသားပြည့်စုံမှန်ကန်စွာ ပါဝင်စေရေးအတွက် ရေနံချောင်းမြို့၊ ရွာသစ်ရပ်ကွက်ရှိ “သန့်စင်” ပဲကြော်နှင့် ရွှေဘုံသာရပ်ရှိ “ငွေခရေ” ပဲကြော်လုပ်ငန်းများသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          အဆိုပါ ကွင်းဆင်းစစ်ဆေးခြင်းကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့များနှင့် ပူးပေါင်း၍ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ပါရှိစေရေးနှင့် စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်များနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA(မကွေး)