သတင်းနှင့် လှုပ်ရှားမှုများ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူး ရုံးအနေဖြင့် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ (၅.၆.၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ရွှေဘိုခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ရွှေဘိုမြို့နယ်တာဝန်ခံသည် ရွှေဘိုမြိုရှိ စက်သုံးဆီရောင်းချသည့် လုပ်ငန်းရှင်(၃)ဦးနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ မြို့နယ်တာဝန်ခံသည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ FDA ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့နှင့်ပူးပေါင်း၍ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစွာ ဝယ်ယူသုံးစွဲနိုင်ရေး ရည်ရွယ်၍ ဇွန်လ (၃) ရက်၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် ပုသိမ်မြို့နယ်၊ အိုအေစစ်ကုန်မျိုးစုံအရောင်းဆိုင်နှင့် ဂင့်ချွန်မုန့်ဆိုင်တွင် ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ မြို့နယ်တာဝန်ခံသည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ FDA ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့နှင့်ပူးပေါင်း၍ စားသုံးသူများဘေးအန္တရာယ် ကင်းရှင်းစွာ ဝယ်ယူသုံးစွဲနိုင်ရေး ရည်ရွယ်၍ ဇွန်လ (၃) ရက်၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ပုသိမ်မြို့နယ်၊ ဆေးရုံရှိ ဆေးကောင်တာနှင့် မြို့ပေါ်ရှိဆေးဆိုင်များအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည် (၃.၆.၂၀၂၄)ရက်နေ့ နံနက် (၀၉:၃၀) နာရီအချိန်တွင် လမ်းမတော်(မ)ရပ်ကွက်၊ အဒါးလမ်းရှိ မြို့နယ်ရုံး၌ စားသုံးဆီ လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း ဆောင်ရွက်ခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန ၊လေးမျက်နှာမြို့နယ်တာဝန်ခံသည် မိတ်ဘက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ (၃.၆.၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် လေးမျက်နှာမြို့ပေါ်ရပ်ကွက်ရှိ ကုန်မျိုးစုံဆိုင်များအား ဈေးကွက်စောင့်ကြည်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
